Looking for something?

Explore the website

Looking for something?

Thursday, May 29, 2025

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင်...

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်...

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ်...

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN....

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့်...

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက်...

စစ်ကိုင်းမြို့ရှိ မလေးရှားနိုင်ငံ ဆေးကုသမှုအဖွဲ့ကို ဂုဏ်ပြုနေ့လယ်စာတည်ခင်းဧည့်ခံ

ငလျင်ဒဏ်သင့် စစ်ကိုင်းမြို့တွင် ဆေးကုသမှုများ ဆောင်ရွက်ပေးနေသည့် မလေးရှားနိုင်ငံမှ ဆေးကုသရေးအဖွဲ့ကို မေလ (၂၈) ရက်၊ မွန်းလွဲပိုင်းက ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။ အဆိုပါ...
HomeNewsLocal Newsမိုးညှင်းမြို့တွင် ၃ နှစ်တစ်ကြိမ်ကျင်းပသည့်...

မိုးညှင်းမြို့တွင် ၃ နှစ်တစ်ကြိမ်ကျင်းပသည့် ဇောတိရှမ်းမျိုးနွယ်စုများ၏ ၂၃ ကြိမ်မြောက် ရိုးရာစုပေါင်းရှင်ပြုပွဲကျင်းပမည်

ကချင်ပြည်နယ်၊မိုးညှင်းမြို့တွင် ၃ နှစ်တစ်ကြိမ်ကျင်းပသည့် ဇောတိရှမ်းမျိုးနွယ်စုများ၏ ၂၃ ကြိမ်မြောက် ရိုးရာစုပေါင်းရှင်ပြုပွဲအား ဇန်နဝါရီ ၂၉ ရက်(မနက်ဖြန်)မှစတင်၍ ဖေဖော်ဝါရီ ၄ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇောတိရှမ်းမျိုးနွယ်စုများ၏ စုပေါင်းရှင်ပြုပွဲအား မိုးညှင်းမြို့၊မြို့မရပ်ကွက်ရှိ ပညာလင်္ကာရဇောတိရှမ်းကျောင်း၌ ရိုးရာအစဥ်အလာအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“ဇောတိရှမ်းမျိုးနွယ်စုတွေရဲ့ စုပေါင်းရှင်ပြုပွဲကို မိုးညှင်းမြို့က ပညာလင်္ကာရဇောတိရှမ်းကျောင်းကပဲလုပ်ပေးပါတယ် ဒါ့ကြောင့် မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ဇောတိရှမ်းမျိုးနွယ်စုတွေလာကြတယ် ၃ နှစ်တစ်ကြိမ်ကျင်းပပါတယ်”ဟု စုပေါင်းရှင်ပြုပွဲကျင်းပရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇောတိရှမ်းမျိုးနွယ်စုများ၏ ၂၃ ကြိမ်မြောက်စုပေါင်းရှင်ပြုပွဲတွင် ရှင်သာမဏေလောင်း ၂၇၃ ပါးရှိပြီး တနေ့လျင် ရှင်သာမဏေ ၄၆ ပါးစီအား ရှင်သာမဏေအဖြစ်သို့သွတ်သွင်းချီးမြှောက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဇောတိရှမ်းမျိုးနွယ်စုတွေရဲ့ ရှေးရိုးရာအစဥ်အလာအတိုင်းကျင်းပတာဖြစ်တဲ့အတွက် ရှင်သာမဏေလောင်းတွေကို ရပ်မိရပ်ဖတွေက ရှင်လောင်းအပ်ရတယ် နောက်ပြီး ရှင်သာမဏေလောင်းတွေက ဝိနည်း(၃)ကြမ်း၊အဘိဓမ္မာ(၇) ကြမ်း၊မင်္ဂလသုတ်တော်၊သင်္ကန်းတောင်း၊ဆုပေးနဲ့ရှင်ကျင့်ဝတ်တွေကိုကြိုပြီးလေ့လာသင်ယူရတယ်”ဟု စုပေါင်းရှင်ပြုပွဲကျင်းပရေးကော်မတီ၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

စုပေါင်းရှင်ပြုပွဲသို့လာရောက်သည့် အနယ်နယ်အရပ်ရပ်မှ ဇောတိရှမ်းမျိုးနွယ်စုများတည်းခိုနေထိုင်နိုင်ရန် နန့်ရင်းချောင်းသဲသောင်ပြင်၌ တည်းခိုတန်းလျားများစီစဥ်ပေးထားကာ အခမဲ့တည်းခိုနိုင်ပြီး စတုဒိသာကျွေးမွေးလှူဒါန်းမှုများလည်းရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆောင် (၂၀) ရောက်ရှိ

AHA Centre ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုဖြင့် အလှူရှင်နိုင်ငံများမှ လှူဒါန်းသည့် ယာယီစာသင်ကျောင်းဆောင် အဆော င် (၂၀) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ယမန်နေ့ မေလ (၂၈)ရက်က လက်ခံရယူခဲ့သည်။ အဆိုပါ ယာယီစာသင်ကျောင်းဆောင် အဆောင် (၂၀) ကို နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် (၅)ဆောင်စီတည်ဆောက်ပေးသွားမည်ဟုလည်း သိရသည်။ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ဇွန်လ ပထမပတ်အတွင်း ကျောင်းများအချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကလေးများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် AHA...

သီတဂူ စက္ခုဒါနဆေးရုံတော် (ရန်ကုန်)သို့ ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က ငွေကျပ် သိန်းတစ်ထောင် လာရောက်လှူဒါန်း

သောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ အရှင်ဉာဏိဿရ သီတဂူဆရာတော်ကြီးထံသို့ ဩစတေးလျနိုင်ငံနှင့် နယူးဇီလန်နိုင်ငံတို့၌ သာသနာပြုနေသည့် ဆရာတော် VEN. THICH POUOC TAN ဦးဆောင်သော ဗီယက်နမ် ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က စက္ခုဒါနအလှူအဖြစ် ငွေကျပ်သိန်းတစ်ထောင်ကို လှူဒါန်းခဲ့ကြောင်း သိရသည်။ ဗီယက်နမ်ဗုဒ္ဓဘာသာ သာသနာပြုအဖွဲ့အား စက္ခုဒါနအလှူတော်အကြောင်းအရာများ၊ သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များနှင့် မြန်မာနိုင်ငံတွင် ငလျင်ဒဏ်သင့်ဒေသများ၌ သာသနိကအဆောက်အအုံများ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု အခြေအနေများကို သီတဂူဆရာတော်ကြီးက ရှင်းလင်းမိန့်ကြားသည်။ ထို့နောက် ဗီယက်နမ်ဗုဒ္ဓဘာသာသာသနာပြုအဖွဲ့က သီတဂူစက္ခုဒါနဆေးရုံတွင် မျက်စိခွဲစိတ်ကုသမှုခံယူနေသော မျက်စိဝေဒနာရှင်များအား လှူဒါန်းငွေများနှင့်...

ငလျင်ဒဏ်သင့်ဒေသများရှိ အာမခံထားသူများအား မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀) ရာခိုင်နှုန်းနှင့် သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးမည်

မန္တလေး ငလျင်ကြီးကြောင့် ငလျင်ဘေးသင့်ခဲ့သည့် တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ အာမခံထားသူများအား သဘာဝဘေး အန္တရာယ်ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံအလုပ်သမားများ၏ သားသမီးများအတွက် ပညာသင်စရိတ် ခွင့်ပြုထုတ်ပေးခြင်းကို Online Payment စနစ်များဖြင့် ပေးချေနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့သည် မန္တလေးမြေငလျင်လှုပ်ခတ်မှုဖြစ်စဉ်ကြောင့် ငလျင်ဘေးသင့်ခဲ့သည့် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်ခြောက်ခုရှိ အာမခံထားသူများအား သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် (၄၀)ရာခိုင်နှုန်းနှင့် အာမခံလုပ်သားများ၏ သားသမီးများအတွက် ပညာသင်စရိတ်ခွင့်ပြုထုတ်ပေးခြင်းကို Online...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071