မြောက်ကိုရီးယား၏ စစ်ရေးတိုးတက်မှုများကိုအခြေခံနိုင်သည့် ထောက်လှမ်းရေးဂြိုလ်တုအားဂျပန်လွှတ်တင်

0
145

တိုကျို၊ဇန်နဝါရီ ၂၆

သဘာဝဘေးအန္တရာယ်ကို တုံ့ပြန်ရန် နှင့် မြောက်ကိုရီးယား၏ စစ်ဘက်ဆိုင်ရာတိုးတက်မှုများကို စောင့်ကြည့်လေ့လာရန် ထောက်လှမ်းရေးဂြိုလ်တုတစ်ခုအား ဂျပန်ကလွှတ်တင်နိုင်ခဲ့ကြောင်း သိရှိရသည်။

မစ်ဆူဘီရှီက ဦးဆောင်ပြုလုပ်သည့် 46 H2A ဒုံးပျံအား လွှတ်တင်ရာ၌ရာသီဥတုကြောင့် တစ်ရက်နောက်ကျခဲ့သော်လည်း နောက်ရက်၌ကာဂိုရှီးမားခရိုင် အနောက်တောင်ပိုင်းရှိ တာနဲဂရှီမ အာကာသစင်တာမှလွှတ်တင်ခဲ့သည်။

ဂြိုလ်တုသည် စီစဉ်ထားသည့်ပတ်လမ်းအတွင်း ဝင်ရောက်ခဲ့ကြောင်းလည်း မစ်ဆူဘီရှီကပြောကြားခဲ့သည်။

ယခုလွှတ်လိုက်သောရေဒါဂြိုလ်တုသည် ညဘက်၌မြေပြင်မှပုံရိပ်များကိုလည်းဖမ်းထားနိုင်ပြီး ရာသီဥတုဆိုးရွားနေလျှင်ပင် ပုံရိပ်ကို ဖမ်းယူနိုင်ကြောင်းသိရှိရသည်။

တာဝန်ရှိသူများ၏ပြောကြားချက်အရ အဆိုပါဂြိုလ်တုအား သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဒေတာအချက်အလက်များကို ပြန်ပို့ရန်အတွက်လည်း အသုံးပြုနိုင်ကြောင်းသိရှိရသည်။

Source :Kyodo


LEAVE A REPLY

Please enter your comment!
Please enter your name here