ကျိုက်ထီးရိုးဘုရားဖူးလာသည့် ဘုရားဖူးကားအား PDF အဖွဲ့ဝင်များက ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်ခဲ့၍ ဘုရားဖူးပြည်သူ ၁ ဦးသေဆုံး ၇ ဦးဒဏ်ရာရ

0
296

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရားဖူးလာသည့်ကားအား ဇန်နဝါရီ ၂၅ ရက်နံနက်ပိုင်းက PDF အဖွဲ့ဝင်များက ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်၍ ဘုရားဖူးပြည်သူ ၁ ဦးသေဆုံးကာ ၇ ဦးဗုံးစထိမှန်ဒဏ်ရာများရခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ယင်းနေ့နံနက် ၁၁ နာရီ ၄၀ မိနစ်ခန့်က PDF အဖွဲ့ဝင်များသည် မကွေးတိုင်း၊နတ်မောက်မြို့မှ ဦးသီဟမောင်မောင် မောင်းကာ ဘုရားဖူးခရီးသည် ၁၁ ဦးလိုက်ပါလာသည့်ကားအား ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်ရှိ KP စက်သုံးဆီဆိုင်အနီးအရောက် ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်ခဲ့ကြသည်။

ထိုသို့ပစ်ခတ်မှုကြောင့် ဘုရားဖူးကအား ဗုံးသီးထိမှန်ကာ ကားပေါ်တွင်လိုက်ပါလာသည့် ဘုရားဖူးပြည်သူ အမျိုးသား ၁ ဦး အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၅ ဦးတို့တွင်လည်း ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့သည်ဟု နစက ကထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ထိခိုက်ဒဏ်ရာရသူများအား လုံခြုံ ရေးအဖွဲ့ဝင်များက ကျိုက်ထိုမြို့ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်ခဲ့သည့် PDF အဖွဲ့ဝင်များအား ဥပဒေအရထိရောက်စွာအရေးယူနိုင်ရန် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here