RCSS မှအဆိုပြုသည့် ရှမ်းပြည်နယ်ဆိုင်ရာအခြေခံမူဝါဒ ၃၃ ချက်၊ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဘုံသဘောတူညီချက်များကို ရှင်းလင်းဆွေးနွေး

0
224

နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၂၅ ရက်က ဒုတိယနေ့အဖြစ်တွေ့ဆုံစဥ် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

NSPNC နှင့် RCSS တို့၏ ဒုတိယနေ့ဆွေးနွေးပွဲတွင် ပထမနေ့ကမပြီးပြတ်သေးသည့် ဆက်လက်ဆွေးနွေးရန်ကိစ္စများ၊ဒီမိုကရေစီနှင့်ဖက်ဒရယ်ဆိုင်ရာ နှစ်ဖက်အဆိုပြုချက်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့ပြင် RCSS မှ အဆိုပြုသည့် ရှမ်းပြည်နယ်ဆိုင် ရာအခြေခံမူဝါဒ ၃၃ ချက်၊ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဘုံသဘောတူညီချက်များကို တက်ရောက်လာကြသူများက အပြန်အလှန်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် နှစ်ဖက်ဆွေးနွေးချက်များအရ သဘော တူညီချက်များရယူနိုင်ရန် မူကြမ်းများကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။

ဆွေးနွေးပွဲသို့ နစက အဖွဲ့ဝင်၊ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊အမျိုး သားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးရာပြည့်၊အဖွဲ့ဝင်များဖြစ်သည့် နစက အဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒု-ဗိုလ်ချုပ်ကြီးမင်းနောင်၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ဒု-ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်တို့တက်ရောက်ခဲ့ကြသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်အတူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များဖြစ်သည့် စဝ်ဆောင်းဟန်၊စဝ်အုမ်ခေးနှင့်ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။ 

NSPNC နှင့် RCSS တို့၏ တတိယနေ့ဆွေးနွေးပွဲအား ဇန်နဝါရီ ၂၆ ရက်တွင်ဆက်လက်ကျင်းပ၍ နှစ်ဖက်တူညီသည့်သဘောထားများကို သဘော တူညီချက်များအဖြစ် လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here