အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်နှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်

0
146

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်က အာဆီယံအတွင်းရေးမှူးချုပ် H.E. Dr Kao Kim Hourn နှင့်တွေ့ဆုံစဥ်ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်မှ အာဆီယံအတွင်းရေးမှူးချုပ်အသစ်ဖြစ်သည့် H.E. Dr Kao Kim Hourn အား အင်ဒိုနီးရှားနိုင်ငံ၊ဂျကာတာမြို့၌ ဇန်နဝါရီ ၂၄ ရက်က သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံရာတွင် အာဆီယံအမြဲတမ်းကိုယ်စားလှယ်များကော်မတီအနေဖြင့်သာမက အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အာဆီယံအတွင်းရေးမှူးချုပ်နှင့်ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟု အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ဦးအောင်မျိုးမြင့်က ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများ၊မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒ၊အာဆီယံ၏ တူ ညီဆန္ဒ(၅)ရပ်အပေါ် အကောင်အထည်ဖော်နေသည့်ကိစ္စများ၊အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဆိုင်ရာအခန်းကဏ္ဍ၊ AHA စင်တာမှတဆင့် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်မှုနှင့် ASEAN Charter Review တို့ကိုလည်း အာဆီယံဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်နှင့်အာဆီယံအတွင်းရေးမှူးချုပ်တို့က ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲသို့ အာဆီယံနိုင်ငံရေးနှင့်လုံခြုံရေး အ သိုက်အဝန်းဆိုင်ရာ ဒု-အတွင်းရေးမှူးချုပ် H.E. R.M. Michael Tene၊ အာဆီယံလူမှု-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ ဒု-အတွင်းရေးမှူးချုပ် H.E. Ekkaphab Phanthavong နှင့် သက်ဆိုင်ရာ ဘာ သာရပ်တာဝန်ခံများနှင့်မြန်မာအမြဲတမ်းကိုယ်စား လှယ်အဖွဲ့ရုံးမှ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here