Looking for something?

Explore the website

Looking for something?

Saturday, May 24, 2025

အီတလီသံရုံးနှင့် AWBA Group တို့...

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ...

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း...

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော "ငလျင်ဘေးအလွန်...

နိုင်ငံကူးလက်မှတ်များ အတုပြုလုပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ပါက...

ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များအား ကိုယ်တိုင်ဖြစ်စေ၊ မသမာသူများကဖြစ်စေ ပြင်ဆင်ခြင်း၊ အတုပြုလုပ်ထားခြင်းအား စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်ကို ချက်ချင်းပယ်ဖျ-က်ရုံသာမက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း...

မယ်ဆိုင်ချောင်းရေနှင့်အတူ မျောပါလာသည့် အမှိုက်များ အားရှင်းလင်းရန်...

တာချီလိတ်မြို့တွင် ယနေ့ မေ(၂၄) ရက် နံနက်ပိုင်းအချိန်၌ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းနှင့်အတူ အမှိုက်များမျောပါလာသဖြင့် ရှင်းလင်းဖယ်ရှားရန် ထိုင်း -မြန်မာ အမှတ် (၁)...
HomeNewsLocal Newsနမ္မားမြို့တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီဝင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ်...

နမ္မားမြို့တွင် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီဝင်တစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဥ် သေနတ်ဖြင့်ပစ်သတ်ခံရ

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နမ္မားမြို့တွင် ဇန်နဝါရီ ၂၄ ရက်(ယနေ့)နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ(SSP)၏ ပါတီဝင်တစ်ဦးဖြစ်သူ ဦးတင်ညွန့်(၆၅)နှစ်သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။

ယနေ့နံနက် ၈ နာရီခန့်က အမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များသည် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် ဦးတင်ညွှန့်အား ဆိုင်အတွင်းသို့ဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပစ်ခတ်ခံရမှုကြောင့် ဦးတင်ညွှန့်၏ ဦးခေါင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့သဖြင့် ရုပ်အလောင်းအား လူနာတင်ကားဖြင့်ဆေးရုံသို့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

ဖြစ်စဥ်အား လုံခြုံရေးအဖွဲ့ဝင်များက လာရောက်စစ်ဆေးမှုများပြုလုပ်၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။

ဦးတင်ညွှန့်သည် ရှမ်းနီ(တိုင်းလျန်း)သွေးစည်းညီညွတ်ရေးပါတီ၏ ကချင်ပြည်နယ်၊အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)၏ ကိုယ်စားလှယ်လောင်းအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အီတလီသံရုံးနှင့် AWBA Group တို့ ပူးပေါင်းဆောင်ရွက်သော ပညာသင်ဆုအတွက် လျှောက်လွှာများခေါ်ယူ

မြန်မာကျောင်းသားများအတွက် ရန်ကုန်ရှိ အီတလီသံရုံးနှင့် AWBA Group တို့ပူးပေါင်းဆောင်ရွက်သောပညာသင်ဆုကို လျှောက်ထားနိုင်ရန် လျှောက်လွှာများခေါ်ယူထားသည်။ အီတလီနိုင်ငံ၌ ပညာသင်ကြားလိုသော မြန်မာကျောင်းသားများအား ပံ့ပိုးကူညီနိုင်ရန်အတွက် ရန်ကုန်ရှိ အီတလီသံရုံးမှ Myanma Awba Group နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ Awba Group အနေဖြင့် 2025-2026 ပညာသင်နှစ်တွင် အီတလီနိုင်ငံရှိ တက္ကသိုလ်တစ်ခုတွင် စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ ရေရှည်တည်တံ့မှု သို့မဟုတ် စားနပ်ရိက္ခာဖူလုံရေးနှင့် အစားအသောက်ဆိုင်ရာ သိပ္ပံဘာသာရပ်များတွင် ဘွဲ့ သို့မဟုတ် မဟာဘွဲ့ ပညာသင်ဆုအတွက် ပညာသင်နှစ် (၄) ခု ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ထို့အပြင်...

ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ ကျင်းပမည်

ပြန်ကြားရေးဝန်ကြီးဌာနနှင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနတို့က ကြီးမှူး၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) က စီစဉ်ကျင်းပသော "ငလျင်ဘေးအလွန် မြန်မာ့စီးပွားရေး ပြန်လည်ကုစားခြင်းနှင့် ပြန်လည်ထူထောင်ခြင်း" (Forum on Rebuilding Myanmar: Post-Earthquake Economic Recovery) သုံးသပ်ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ မေ (၃၀) ရက်နှင့် (၃၁) ရက်တို့တွင် ကျင်းပသွားမည်ဖြစ်သည်။ သုံးသပ်ဆွေးနွေးပွဲတွင် "မန္တလေးငလျင်ကြီး၏ စီးပွားရေးအပေါ် ရိုက်ခတ်မှုများ"၊ "စီးပွားရေး ပြန်လည်ထူထောင်ရာတွင်...

နိုင်ငံကူးလက်မှတ်များ အတုပြုလုပ်ခြင်းနှင့် ပြင်ဆင်ဖြည့်စွက်ခြင်းများ ပြုလုပ်ပါက ချက်ချင်းပယ်ဖျ-က်ခံရမည်

ထိုင်းနိုင်ငံအတွင်း နေထိုင်ကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံကူးလက်မှတ်များအား ကိုယ်တိုင်ဖြစ်စေ၊ မသမာသူများကဖြစ်စေ ပြင်ဆင်ခြင်း၊ အတုပြုလုပ်ထားခြင်းအား စိစစ်တွေ့ရှိပါက နိုင်ငံကူးလက်မှတ်ကို ချက်ချင်းပယ်ဖျ-က်ရုံသာမက သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေအရအရေးယူခြင်းခံရမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။ လက်ရှိ အချိန်တွင် ထိုင်း-မြန်မာ နှစ်နိုင်ငံနိုင်ငံ အာဏာပိုင်များပူးပေါင်း၍ နိုင်ငံကူးလက်မှတ် အတုပြုလုပ်ခြင်း၊ ပြင်ဆင်ထားခြင်းတို့အား နည်းပညာမြင့် စက်များဖြင့် စိစစ်လျက်ရှိလျက်ရှိပြီး ပျေ-ာက်ဆုံးခဲ့ပါက ပြည်ထဲရေးဝန်ကြီး ဌာန၏ စိစစ်ခွင့်ပြုချက်ဖြင့်သာ နိုင်ငံကူးလက်မှတ်အသစ်ပြန်ထုတ်ပေးနိုင်ကြောင်း အသိပေးချက်တွင်ဖော်ပြထားသည်။ ထို့ကြောင့် နိုင်ငံကူးလက်မှတ်ပါ အချက်အလက်များကို ပြောင်းလဲခြင်း၊ ပြင်ဆင်ခြင်း၊ ချွတ်ယွင်းအောင်ပြုလုပ်ခြင်း၊ စာမျက်နှာများအား စု-တ်ဖြဲခြင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071