Saturday, May 24, 2025

မယ်ဆိုင်ချောင်းရေနှင့်အတူ မျောပါလာသည့် အမှိုက်များ အားရှင်းလင်းရန်...

တာချီလိတ်မြို့တွင် ယနေ့ မေ(၂၄) ရက် နံနက်ပိုင်းအချိန်၌ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းနှင့်အတူ အမှိုက်များမျောပါလာသဖြင့် ရှင်းလင်းဖယ်ရှားရန် ထိုင်း -မြန်မာ အမှတ် (၁)...

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား...

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း...

ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak...

မြန်မာ-ထိုင်း ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကျင်းပရန် တစ်ရက်အလိုတွင် ရိုးရာဖိုက်တာ ရာမာန်၏ ပြိုင်ဘက် ထိုင်းဖိုက်တာ Kittisak မလာရောက်နိုင်သဖြင့် နောက်ထပ် ထိုင်းဖိုက်တာတစ်ဦးဖြစ်သူ ဖာမီချိုင်းနှင့်...
HomeInternationalတရုတ်၊တောင်အာဖရိကတို့နှင့်အတူ ရုရှားစစ်ရေးလေ့ကျင့်မည်

တရုတ်၊တောင်အာဖရိကတို့နှင့်အတူ ရုရှားစစ်ရေးလေ့ကျင့်မည်

လာမည့်လတွင်ပြုလုပ်မည့် တရုတ်၊တောင်အာဖရိကနှင့်ရုရှားတို့၏ စစ်ရေးလေ့ကျင့်မှု၌ အသံထက်မြန်သည့်ဒုံးကျည်စနစ်တပ်ဆင်ထားသော ရုရှားစစ်သင်္ဘော Admiral Gorshkov စစ်သင်္ဘောပါဝင်လေ့ကျင့်မည်ဖြစ်ကြောင်းသိရသည်။

ယနေ့ထုတ်ပြန်သော ရုရှားနိုင်ငံပိုင် တာ့စ် သတင်းဌာန၏ထုတ်ပြန်ချက်၌ ယခုစစ်ရေးလေ့ကျင့်မှု၌ အဆိုပါဖရီးဂိတ်စစ်သင်္ဘောပါဝင်မည်ဖြစ်ကြောင်း တရားဝင်ကြေငြာခဲ့သည်။

Admiral Gorshkov ၌ Zircon ဒုံးကျည်များတပ်ဆင်ထားပြီး အဆိုပါဒုံးကျည်များသည် ယခုဖရီးဂိတ်စစ်သင်္ဘော၏ အဓိကအားသာချက်ဖြစ်ကာ အသံထက်ကိုးဆမြန်ပြီး ကီလိုမီတာတစ်ထောင်ကျော်(မိုင် ၆၂၀) အထိသွားနိုင်သည်ဟုဆိုသည်။

ထို့အပြင်စစ်ရေးလေ့ကျင့်မည့်သင်္ဘော၌ ၂၀၁၉ ခုနှစ်ကတည်းက တိုက်ခိုက်ရေးတာဝန်များကိုထမ်းဆောင်ခဲ့သည့် Avangard glide ယာဉ်လည်းပါရှိမည်ဖြစ်ပြီး အဆိုပါ Avangard glide သည် ၂၀၁၈ ခုနှစ်ကသမ္မတပူတင်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည့် မျိုးဆက်သစ်လက်နက်ခြောက်ခုအနက် တစ်ခုဖြစ်သည်ဟုလည်းသိရသည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၇ ရက်နေ့အထိပြုလုပ်မည်ဖြစ်ပြီး တောင်အာဖရိက၊ရုရှားနှင့်တရုတ်တို့အကြား ရှိပြီးသားဆက်ဆံရေးကိုပိုမိုခိုင်မာစေရန်ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။၂၀၁၉ ခုနှစ်ကလည်း ၎င်းတို့ပူးတွဲစစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်ခဲ့ပြီး ယခုတစ်ကြိမ်သည်ဒုတိယအကြိမ်ဖြစ်သည်။

Source : WION

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မယ်ဆိုင်ချောင်းရေနှင့်အတူ မျောပါလာသည့် အမှိုက်များ အားရှင်းလင်းရန် အမှတ် (၁)တံတား ယာယီပိ-တ်ခဲ့ရ

တာချီလိတ်မြို့တွင် ယနေ့ မေ(၂၄) ရက် နံနက်ပိုင်းအချိန်၌ မယ်ဆိုင်ချောင်းရေ မြင့်တက်လာခြင်းနှင့်အတူ အမှိုက်များမျောပါလာသဖြင့် ရှင်းလင်းဖယ်ရှားရန် ထိုင်း -မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားကို ယာယီပိတ်ထားကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။ အဆိုပါ အမှိုက်ရှင်းလင်းမှုကို ထိုင်းနိုင်ငံဘက်ခြမ်းမှ ပြုလုပ်မည်ဖြစ်သဖြင့် နံနက် (၆)နာရီမှ နံနက် (၈)နာရီအထိ (၂) နာရီခန့်ကြာ ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ "အခုပြန်ဖွင့်လိုက်ပြီ၊ အမှိုက်တွေကိုဆယ် ယူတာက မကြာမကြာ ဒီလိုပဲလုပ်နေရတယ်။ မိုးရာသီရောက်ပြီဆို အမှိုက်ကြောင့် နှစ်နိုင်ငံရေကြီးရေလျှံဖြစ်တတ်လို့ ဒီလိုပဲ ညှိနှိုင်းပြီးရှင်းနေကြရတာပါ"ဟု ဒေသခံ တစ်ဦးက...

ထိုင်းကာကွယ်‌ရေးစီးချုပ်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Dong Jun သည် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Songwit Noonpackdee နှင့် သောကြာနေ့က ပေကျင်းတွင် တွေ့ဆုံခဲ့သည်။ ယင်းသို့ တွေ့ဆုံမှုအတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ လေးနက်သော ချစ်ကြည်ရင်းနှီးမှုသည် မိသားစုတစ်စုတည်းဖြစ်သည့်အပြင် နှစ်နိုင်ငံစစ်ရေး ပူးပေါင်းဆောင်ရွက်မှုများ၏ ခိုင်မာသောအခြေခံအုတ်မြစ် ဖြစ်ကြောင်းကို ပြောကြားလိုက်ပြီး အောင်မြင်မှု အသီးအပွင့်များကို Dong က ချီးကျူးပြောဆိုခဲ့သည်။ လက်ရှိပူးပေါင်းဆောင်ရွက်မှု ယန္တရားကို အပြည့်အဝအသုံးချရန်၊ စစ်ရေးပူးတွဲလေ့ကျင့်မှုများနှင့် တပ်ဖွဲ့ဝင်လေ့ကျင့်ရေးကဲ့သို့ နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန်နှင့် ဘုံအနာဂတ်ဖြင့် တရုတ်-ထိုင်း အသိုက်အဝန်းကို...

ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်

မေလ (၂၅) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၂) နာရီအတွင်း ကမာရွတ်မြို့နယ်နှင့် ကြည့်မြင်တိုင်မြို့နယ်များရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အားယာယီပြ-တ်တောက်မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ အသိပေးထုတ်ပြန်ထားသည်။ ကမာရွတ်မြို့နယ်မှ 66kV ဆင်မလိုက်-MRTV-3 ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် လိုင်းထိန်းသိမ်း ပြုပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စုဖွဲ့အင်အားဖြင့် ဓာတ်အားပိတ်၍ ပြုလုပ်မည်ဖြစ်သည့်အတွက် ဖော်ပြပါ မြို့နယ်ရှိ ရပ်ကွက်နေရာအချို့ လျှပ်စစ်ဓာတ်အား ယာယီပြ-တ်တောက်မည်ဖြစ်သည်။ ဓာတ်အားပြ-တ်တောက်ချိန် ကြာမြင့်မှု မရှိစေရေး၊ ဓာတ်အားပြတ် ဧရိယာလျော့နည်းစေရေးအတွက်  အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများထံသို့ အသိပေး...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071