Tuesday, April 21, 2026

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind...

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့်...

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀...

ပဲခူးတိုင်း၏ ဆဋ္ဌမအကြိမ်မြောက် မြန်မာ့နှစ်သစ်ကူးတရားအလှူတော်(တတိယည)တွင် ပဲခူးမြို့၊...

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲမှကြီးမှူးကျင်းပသည့် ဆဋ္ဌမအကြိမ်မြောက် မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ(တတိယည)ကို ဧပြီ ၁၉ ရက်က ဆင်ယင်ကျင်းပခဲ့သည်။ ပဲခူးတိုင်းဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီး၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် တရားနာပရိသတ်များအား...
HomeArticlesသင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ...

သင်သိလိုရာမေး အဖြေပေးမည့်မီးခွက်စောင့်ဘီလူးလေး ဂျင်းနီ (သို့) ChatGPT အပိုင်း(၃)

ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းတို့ကိုဖန်တီးနိုင်စွမ်းရှိတဲ့ DALL-E

“DALL-E”ဆိုတဲ့နာမည်ဟာ စပိန်အနုပညာရှင် Salvador Dail နဲ့ ကာတွန်းစက်ရုပ်ဇာတ်ကောင်ဖြစ်တဲ့ WALL-E ဆိုတဲ့နာမည်တွေကိုပေါင်းထားတာပဲဖြစ်ပါတယ်။ DALL-E ဆိုတာ စာသားနဲ့ရေးသားဖော်ပြထားတာတွေကို ပုံရိပ်တွေအဖြစ်ပြန်ပြီးထုတ်ပေးနိုင်တဲ့ OpenAI က တီထွင်ထားတဲ့ Neural Network  (အာရုံကြောကွန်ရက်စနစ်) တစ်မျိုးပဲ ဖြစ်ပါတယ်။ 

DALL-E က ကိုယ်လိုချင်တဲ့ဓာတ်ပုံ၊ ပန်းချီနဲ့ ဒီဇိုင်းပုံတွေကို စာသားနဲ့ရေးသားခိုင်းစေလိုက်တာနဲ့ ဒစ်ဂျစ်တယ်ပုံတွေကိုပြန်ပြီးဖန်တီးပေးနိုင်ပါတယ်။၂၀၂၁၊ ဇန်နဝါရီလမှာ OpenAI က DALL-E အကြောင်းကို ဘလော့ပို့စ်တစ်ခုမှာ ရေးသားခဲ့ဖူးပြီး ပုံတွေကိုဖန်တီးနိုင်ဖို့ GPT-3 ကိုသုံးထားကြောင်းဖော်ပြခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာတော့ အရည်အသွေးမြင့်ဓာတ်ပုံတွေကိုထုတ်ပေးနိုင်တဲ့ DALL-E 2 အကြောင်းကို OpenAI ကသတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၀ ရက်နေ့မှာတော့ OpenAI က စောင့်ဆိုင်းသူစာရင်းဝင် လူဦးရေ ၁ သန်းထံသို့ဖိတ်ခေါ်စာပို့ခဲ့ပြီး DALL-E 2 ရဲ့စမ်းသပ်မှုအဆင့် Beta Version အဖြစ်သို့ပြောင်းလဲပေးခဲ့ပါတယ်။ အသုံးပြုသူတွေအနေနဲ့ လစဉ်လတိုင်း ပုံအချို့ကိုအခမဲ့ဖန်တီးနိုင်ပြီး ဒီထက်ပိုဖန်တီးချင်တယ်ဆိုရင်တော့ ဝယ်ယူအသုံးပြုလို့ရပါတယ်။ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်နေ့မှာတော့  DALL-E 2 ကို လူတိုင်းအတွက်တရားဝင်အသုံးပြုခွင့်ပြုခဲ့ပါတယ်။

သင့်အနေနဲ့ DALL-E ကိုအသုံးပြုပြီး ပုံတူပန်းချီရေးဆွဲခိုင်းတာ၊ ရေဆေးပန်းချီနဲ့ ဒီဇိုင်းပုံစံအမျိုးမျိုးဖန်တီးခိုင်းတာအပြင် အပြင်လက်တွေ့ဘဝမှာမရှိတဲ့ သင့်စိတ်ကူးထဲကစိတ်ကူးစိတ်သန်းတွေကို စာသားအဖြစ်ရေးသားပြီး သူ့ကိုဖန်တီးပုံဖော်ခိုင်းလို့ရပါတယ်။  ဥပမာသင့်အနေနဲ့ လကမ္ဘာပေါ်ရောက်နေတဲ့အာကာသယာဉ်မှူးတစ်ဦးပုံဖန်တီးပေးပါလို့တောင်းဆိုလိုက်ရင် ပုံစံမတူတဲ့ ပုံ ၄ ပုံကို ပြန်ပြီး ထုတ်ပေးပါတယ်။ အဲ့ဒီ ၄ ပုံထဲကမှ ကိုယ်ကြိုက်တဲ့ပုံကိုရွေးပြီး စိတ်တိုင်းကျဖြစ်မည့် ပုံကိုပြန်ရွေးလို့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် DALL-E ဟာ ပြင်ပလောကပတ်ဝန်းကျင်မှာရှိနေတဲ့ဓာတ်ပုံတွေကိုလည်း သဘာဝကျကျဖန်တီးပုံဖော်ပေးနိုင်စွမ်းရှိပါတယ်။ ဥပမာ “လေးထောင့်ပုံလိပ်ထားတဲဆူရှီ” “A cube made of Sushi” လို့ English လိုရေးထည့်ပေးလိုက်တာနဲ့ လေးထောင့်ပုံလိပ်ထားတဲ့ဆူရှီလိပ်ပုံစံမျိုးစုံကို  ဖန်တီးထုတ်လုပ်ပေးပါတယ်။ 

DALL-E ဟာ ကျွန်တော်တို့ရေးသားခိုင်းစေလိုက်တဲ့ အကြောင်းအရာနဲ့ဆက်စပ်တာတွေကိုပါ နားလည်နိုင်စွမ်းရှိပါတယ်။ ဥပမာ “ A bag made of strings” “ကြိုးတွေနဲ့လုပ်ထားတဲ့အိတ်တစ်လုံး ” လို့ရိုက်ထည့်လိုက်တာနဲ့ ကြိုးနဲ့ပြုလုပ်ထားတဲ့ အိတ်ပုံစံတွေကို ဖန်တီးပုံဖော်ပေးပါတယ်။

ဒီလိုမျိုးပုံတွေကိုဖန်တီးထုတ်လုပ်ပေးတဲ့နေရာမှာလည်း အရည်အသွေးမြင့်ပုံရိပ် High-resolution image ကိုထုတ်ပေးနိုင်တာကိုတွေ့ရပါတယ်။ အခုလိုစွမ်းဆောင်ရည်တွေကိုကြည့်မယ်ဆိုရင် AI နည်းပညာသုံးပြီး ဓာတ်ပုံတွေထုတ်လုပ်ဖန်တီးတဲ့နည်းပညာနယ်ပယ်မှာတော့ DALL-E ဟာ အခြားသော App တွေထက်ကို သိသိသာသာ ရှေ့ရောက်နေပြီလို့ဆိုနိုင်ပါတယ်။ DALL-E ကို ထုတ်ကုန်ဒီဇိုင်းထုတ်ပေးတာ၊ ဗိသုကာပညာရပ်နဲ့ အခြားသောအနုပညာနယ်ပယ်တွေမှာလည်းအသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

ပရိုဂရမ်တွေရေးပေးနိုင်တဲ့ ChatGPT

ChatGPT ဟာ စကားပြေနဲ့ကဗျာတွေကိုရေးသားပေးနိုင်ယုံသာမကဘဲ နယ်ပယ်အမျိုးမျိုး အတွက် ကွန်ပျူတာဘာသာရပ်အတော်များများရဲ့ Code တွေကိုလည်း ရေးသားနိုင်စွမ်း ရှိပါတယ်။ ChatGPT ဟာ ဖန်ရှင်အမျိုးမျိုးအတွက်ဖြေရှင်းပေးပြီးသားကုတ်တွေကို ဘယ်လိုရေးသင့်တယ်ဆိုတဲ့ဆွေးနွေးချက်တွေပါရှိတဲ့စာရွက်စာတမ်းတွေနဲ့အတူ ယခင် ကတည်းကရေးသားထားပြီးသား ကုတ်အမြောက်အများကိုလည်း ပြန်လည်ပြီး သင်ယူ ထားပြီးဖြစ်ပါတယ်။  

သင်သိချင်တဲ့ ကုတ်အကြောင်းကို ထည့်ပေးလိုက်တာနဲ့ သူနဲ့ ပတ်သက်တဲ့ ကုတ်တွေကိုချက်ချင်းထုတ်ပေးနိုင်တယ်။ အခြားသင်သိချင်တဲ့ မေးခွန်း တစ်ခုခုကိုမေးရင်လည်း ဖြေပေးနိုင်စွမ်းရှိတယ်။

ဥပမာ Application တစ်ခုကို ဘယ်လို ရေးရမလဲလို့မေးလိုက်ရင်လည်း ရေးရမည့်လုပ်ငန်းစဉ်တစ်ခုလုံးကို တစ်ဆင့်ချင်းစီ ဘယ်လိုလုပ်ရမလဲ ပြောပြပါလိမ့်မယ်။

သင်ရေးထားတဲ့ပရိုဂရမ်တစ်ခုရဲ့အပြစ်ကိုရှာဖွေပေးတဲ့နေရာမှာလည်း အလွန်ကို အသုံး တည့်လှပါတယ်။ ဒါ့အပြင် Input Code ကဘယ်လိုမှားနေတယ်ဆိုမျိုးရှင်းပြပေးမှာဖြစ်ပြီး ChatGPT ကို သင်သိလိုတဲ့ပညာရပ်သင်ကြားနိုင်တဲ့အရင်းမြစ်တစ်ခုအဖြစ် အသုံးပြု နိုင်တာကြောင့် ကုတ်ရေးသားသူတွေအတွက် အလွန်ကောင်းမွန်တဲ့လက်နက်တစ်မျိုး လည်းဖြစ်ပါတယ်။ 

သို့ပေမည့်လည်း ChatGPT ကထုတ်ပေးတဲ့ ကုတ်တွေဟာ မှားနိုင်တာမျိုးလည်း ရှိတဲ့အတွက် သင့်လုပ်ဆောင်ရမည့်လုပ်ငန်းနယ်ပယ်ကြီးလာတာနဲ့အမျှ ရှုပ်ထွေးလာမှာ လည်း ဖြစ်ပါတယ်။ အလားတူအသုံးမတည့်တဲ့ ကုတ်တွေ မလိုအပ်ဘဲဖောင်းပွတာကြောင့် အမှားအယွင်းရှိလာနိုင်ပါတယ်။ ဒီ ChatGPTဟာ ယခင်ကဘာတွေလုပ်ခဲ့ဖူးလဲဆိုတဲ့အပေါ် အလွန်အမင်း တည်မှီနေတာကြောင့် ယခင်က

မဖြေရှင်းရသေးတဲ့ပြဿနာတွေအတွက်တော့ ချက်ချင်း အဖြေထုတ်ပေးနိုင်ခြင်းမရှိပါဘူး။ ဘယ်လိုပဲဖြစ်နေပါစေ ChatGPT ဟာ ပရိုဂရမ်ရေးသူများအတွက် အနည်းနဲ့အများတော့အချိန်ကုန်သက်သာစေတဲ့မရှိမဖြစ် ကိရိယာဖြစ်လာမှာဖြစ်ပါတယ်။

ဥာဏ်​ဝေ

အပိုင်း(၁) ဖတ်ရန်>>
https://www.popularmyanmar.com/?p=104103

အပိုင်း(၂)ဖတ်ရန်>>

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား(Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု နိုင်ငံတော်သမ္မတပြော

နိုင်ငံ၏ပညာရေးကဏ္ဍမြှင့်တင်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပညာရေးအားနည်းမှုများကြောင့် အသိပညာအားနည်းမှုများဖြစ်ပေါ်လာရာမှတစ်ဆင့် နိုင်ငံရေးပြဿနာများ ဖြစ်ပေါ်လာကာ မြန်မာနိုင်ငံ၏ ပညာရေးအားနည်း ချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့အကျိုးအတွက် သွေးထိုးလှုံ့ဆော်အသုံးချလုပ်ဆောင်ခဲ့သဖြင့် နိုင်ငံ၏ပညာရေးကဏ္ဍကိုမြှင့်တင်ပြီး နိုင်ငံသူ၊ နိုင်ငံသားများ၏ စိတ်နေစိတ်ထား (Mind Set)မြင့်မားလာအောင်ဆောင်ရွက်ရမည်ဟု ပြောသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍသည် လွတ်လပ် ရေးမရမှီနှင့် လွတ်လပ်ရေးရပြီးချိန်တို့၌ ပညာရေးအား နည်းချက်များရှိခဲ့၍ "အ"သုံးလုံးလှုပ်ရှားမှုများဆောင် ရွက်ခဲ့ရမှု၊ ကျောင်းပညာသင်ကြားရေးမှာ လူများစုပညာရေးဖြစ်ခဲ့သော်လည်းကောင်းမွန်ခဲ့မှု၊ နိုင်ငံတကာအဆင့်မီ...

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ

အစိုးရအဖွဲ့၏ ရက်ပေါင်း(၁၀၀)အတွင်း ဦးစားပေးဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များနှင့်ပတ်သက်၍ ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး၌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားခဲ့သည်။ ရက်ပေါင်း(၁၀၀)အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနမှ တောင်သူလယ်သမားများကို ချေးငွေနှုန်းထားတိုးမြှင့်ရေးစီမံချက်အနေဖြင့် ချေးငွေများတိုးမြှင့်ထုတ် ပေးမည်ဖြစ်ကာ စပါး၊ ဂျုံ၊ ချည်မျှင်ရှည်ဝါတို့အား (၃) သိန်းကျပ်အထိ၊ အခြားသီးနှံ (၁၈)မျိုးကို (၂)သိန်းခွဲကျပ်အထိ၊ ပန်းနှမ်း၊ ဆီ မုန်ညှင်း၊ ဂုံလျှော် တို့အား (၁) သိန်းခွဲကျပ်အထိတိုးမြှင့်ချေးပေးမည်ဖြစ်ပြီး လယ်ယာသုံးစက်ကိရိယာချေးငွေအား ကျပ်သိန်း (၃,၀၀၀)အထိတစ်ကဏ္ဍ၊ ကျပ်သိန်း(၃,၀၀၀)အထက်ဖြစ်ပါက တစ်ကဏ္ဍပေးမည်ဖြစ်သည်။  လမ်းပန်းဆက်သွယ်ရေးတွင် အနီးစခန်းလေဆိပ်အ ဆင့်မြှင့်တင်ခြင်းကို ပြီးပြတ်အောင်ဆောင်ရွက်ခြင်း၊...

PDF များ ရက်ပေါင်း(၁၀၀)အတွင်း အလင်းဝင်ရန်ဖိတ်ခေါ်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် 

လာမည့် ဇူလိုင် ၃၁ ရက်တွင်ပြည့်မည့် အစိုးရအဖွဲ့ရက်ပေါင်း(၁၀၀)အတွင်း PDF များအလင်းဝင်ကြရန် နိုင်ငံ တော်သမ္မတ ဦးမင်းအောင်လှိုင်က ယနေ့ ဧပြီ ၂၀ ရက်တွင်ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအ ဝေး၌ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။ PDF များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်းနှင့် ငြိမ်း ချမ်းရေးအတွက်အလင်းဝင်ရန်ပြောထားကာ လက်ရှိအချိန်တွင်လည်း အလင်းဝင်လာသူအများအပြားရှိပြီး အလင်းဝင်ရန်တောင်းဆိုခြင်းများရှိရာ မိမိတို့အနေဖြင့်ကြိုဆိုသည်ဟု ပြောသည်။ " PDF နဲ့ပတ်သက်ပြီး ရက်ပေါင်း ၁၀၀ အတွင်းမှာလာပြီးငြိမ်းချမ်းရေးအတွက်လာကြပါ။ ဒီကာလအတွင်းမှာ ဥပဒေဘောင်အတွင်းဝင်လာကြဖို့ဖိတ်ခေါ်ပါတယ်။ နိုင် ငံရေးအရလည်း ဘာမှခိုင်လုံတဲ့အကြောင်းပြချက်မဟုတ်ပါဘူး။ PDF တွေအနေနဲ့ အသုံးချမခံရအောင်နေကြဖို့ပြောလိုပါတယ်"ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071