Wednesday, June 4, 2025

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ...

Art Hong Kong Expo...

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့်...

ဒုတိယအကြိမ် Speed Boat အသုံးပြု...

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

ပေကျင်း၌ မိုးသည်းထန်၍ အနီရောင်အဆင့်သတိပေးချက်ထုတ်ပြန်ထား

ပေကျင်း၊ဇူလိုင် ၃၀ တိုင်ဖွန်းမုန်တိုင်းဒေါ့ခ်ဆူရီက ကုန်းတွင်းပိုင်းသို့ဝင်ရောက်တိုက်ခတ်မှုကြောင့် မြို့တော်ပေကျင်းနှင့်အနီးနားပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းနိုင်ကြောင်း တရုတ်နိုင်ငံမိုးလေဝသဌာနက ဇူလိုင် ၂၉ ရက်တွင်သတိပေးချက်ထုတ်ပြန်ခဲ့သည်။ တရုတ်နိုင်ငံသည် ရာသီဥတုဖောက်ပြန်မှုများ အဆိုးရွားဆုံးဖြစ်ပေါ်နေကာ ယခုနွေရာသီ၌လည်း အပူချိန်စံချိန်တင်မြင့်တက်ခဲ့သေးသည်။ယခုရွာသွန်းသည့်မိုးရေချိန်ကြောင့်လည်း လူခုနစ်ဆယ့်ကိုးဦး သေဆုံးခဲ့ရသည့် ၂၀၁၂ ခုနှစ်၏ရေကြီးမှုဖြစ်စဉ်ထက်ပင် ပိုဆိုးနိုင်ကြောင်း ပညာရှင်များကသတိပေးထားသည်။ ထို့ကြောင့်ပေကျင်းရှိ ပန်းခြံများ၊ရေကန်များနှင့်ကမ်းနားလမ်းများ စသည့်နေရာအများအပြားကိုလည်း ကြိုတင်ကာကွယ်သည့်အ‌နေဖြင့် ပိတ်ထားကြောင်း မြူနီစီပယ်အာဏာပိုင်များကကြေငြာခဲ့သည်။ အချို့သောအများပြည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများလည်း...

၀က်ဂနာတပ်ဖွဲ့များသည် မကြာမီတွင် ပိုလန်နိုင်ငံတွင်းသို့...

ရုရှား ဝက်ဂနာ တပ်ဖွဲ့ဝင် ၁၀၀ ကျော်သည် နေတိုးနယ်မြေဖြစ်သည့် ပိုလန်နိုင်ငံနှင့် ဘီလာရုစ်နယ်စပ်ဆီသို့ ရွေ့လျားနေကြသောကြောင့် ယင်းတို့ ပိုလန်နိုင်ငံ နယ်နိမိတ်အတွင်းသို့ စိမ့်ဝင်ရောက်လာမည်ကို ပိုလန် အာဏာပိုင်များက စိုးရိမ်နေကြသလို ပိုလန်ဝန်ကြီးချုပ် Mateusz Morawiecki ကလည်း သတိပေးထားသည်။ “အခု အခြေအနေက ပိုအန္တရာယ်များလာပါပြီ” ဟု...

<<<< Breaking News...

ကနေဒါတွင် လေယာဉ်ငယ်တစ်စီးပျက်ကျသဖြင့် လူ ၆ ဦးသေဆုံး ကနေဒါနိုင်ငံ Calgary အနောက်တောင်တန်းဒေသ Kananaskis စီရင်စုတွင် လေယာဉ်ငယ်တစ်စီး ပျက်ကျပြီးနောက် လူခြောက်ဦး သေဆုံးခဲ့ကြောင်း Royal Canadian Mounted Police (RCMP) က စနေနေ့က ပြောကြားခဲ့သည်။ ခရီးသည်ငါးဦးနှင့် လေယာဉ်မှူးတစ်ဦးလိုက်ပါလာသည့် လေယာဉ်သည် သောကြာနေ့ညက...

ယူကရိန်းနှင့်ဆွေးနွေးရန်ငြင်းပယ်ခဲ့ခြင်းမရှိဟု သမ္မတပူတင်ဆို

မော်စကို၊ဇူလိုင် ၂၉ ရုရှားသမ္မတဗလာဒီမာပူတင်က အာဖရိက အစီအစဉ်သည် ယူကရိန်း၌ငြိမ်းချမ်းရေးအတွက် အခြေခံတစ်ခုဖြစ်နိုင်သော်လည်း ယူကရိန်း၏တိုက်ခိုက်မှုများက လက်တွေ့အကောင်အထည်ဖော်ရန်ခက်ခဲစေသည်ဟုပြောကြားခဲ့သည်။ သမ္မတပူတင်သည် သောကြာနေ့က စိန့်ပီတာစဘတ်၌ အာဖရိကခေါင်းဆောင်များနှင့်တွေ့ဆုံပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး အာဖရိကခေါင်းဆောင်များကလည်း ၎င်းတို့၏မူလအစီအစဉ်အတိုင်းသာဆက်၍အကောင်အထည်ဖော်ရန်ပြောကြားခဲ့သည်။ "ဒါပေမဲ့ တစ်ဖက်ကလည်း ဒီအစီအစဉ်အပြည့်အဝအောင်မြင်ဖို့ အခက်အခဲအတားအဆီးတစ်ချို့ရှိနေပါသေးတယ်" ဟုလည်း၎င်းကဆိုခဲ့သည်။ ယခုအစီအစဉ်တွင်ပါဝင်သည့် အချက်တစ်ချက်မှာ အပစ်အခတ်ရပ်စဲရေးဖြစ်သည်ဟုလည်းသမ္မတပူတင်ကဆိုသည်။ "ဒါပေမယ့် ယူကရိန်းစစ်တပ်က ထိုးစစ်ဆင်နေပြီးတိုက်ခိုက်နေကာ ဗျူဟာမြောက်ထိုးစစ်ဆင်မှုကြီးကိုအကောင်အထည်ဖော်နေလို့ တိုက်ခိုက်နေတဲ့အချိန်မှာ...

ထိုင်း၌ မီးရှူးမီးပန်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် ကိုးဦးသေ...

ဘန်ကောက်၊ဇူလိုင် ၂၉ ထိုင်းနိုင်ငံတောင်ပိုင်း၌ ဇူလိုင် ၂၉ ရက်က မီးရှူးမီးပန်းဂိုဒေါင်တစ်ခုပေါက်ကွဲမှုကြောင့် လူကိုးဦး သေဆုံးကာ ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး အနီးရှိ နေအိမ်အချို့ ပြိုကျပျက်စီးသွားကြောင်း အကြီးတန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။ "မီးလောင်မှုကိုတော့ထိန်းလိုက်နိုင်ပါပြီ၊ပဏာမ စုံစမ်းစစ်ဆေးမှုတွေအရ အဆောက်အအုံဟာ ဆောက်လုပ်ဆဲဖြစ်တဲ့အတွက် သံဂဟေဆက်တဲ့နေရာမှာ နည်းပညာပိုင်းဆိုင်ရာ ချို့ယွင်းချက်ကြောင့်ဖြစ်တာလို့ ဆိုပါတယ်" ဟုတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ အချို့သောမီဒီယာများ၌ ယခုဖြစ်စဉ်ကြောင့်သေဆုံးသူ ၁၀...

ဆီးရီးယားလေပိုင်နက်အတွင်း စစ်ဆင်ရေးအတွက် အမေရိကန်က...

ဆီးရီးယားလေပိုင်နက်အတွင်း စစ်ဆင်ရေးအတွက် အမေရိကန်က ရုရှားနဲ့ ဆက်သွယ်နေတယ်လို့ ပင်တဂွန် စစ်ဌာနချုပ် အကြီးအကဲက ပြောပါတယ်။ ဆီးရီးယားရှိ IS အကြမ်းဖက်အဖွဲ့ကို ဆန့်ကျင်သည့် စစ်ဆင်ရေးများတွင် ပါဝင်သည့် အမေရိကန်၏ MQ-9 Reaper ဒရုန်းများအနီးတွင် ရုရှားတိုက်လေယာဉ်များသည် အန္တရာယ်ရှိသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း မီဒီယာများက အစောပိုင်းတွင်...

မီရှဲလ်ယိုနှင့် ဖေရာရီ စီအီးအိုဟောင်းတို့...

အော်စကာဆုရ မလေးရှားနိုင်ငံဖွား မင်းသမီးကြီး မီရှဲလ်ယိုသည် နှစ်အတော်ကြာ လက်တွဲလာခဲ့သော ဖေရာရီ (Ferrari)ကားကုမ္ပဏီ၏ စီအီးအိုဟောင်း ဂျန် တို့ဒ်နှင့် လက်ထပ်ထိမ်းမြားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။ ယိုနှင့် တို့ဒ်တို့သည် ဇူလိုင်လ ၂၇ ရက် ကြာသပတေးနေ့တွင် လက်ထပ်ပွဲအား ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ သိုသိုသိပ်သိပ်ဖြင့် အကျဉ်းရုံး၍...

ကြက်ငှက်တုပ်ကွေး လျင်မြန်စွာပျံ့နှံ့မှုကို နော်ဝေနှင့်...

ကိုပင်ဟေဂင်၊ဇူလိုင် ၂၈ နော်ဝေနှင့်ဖင်လန်နိုင်ငံများသည် ယခုနှစ်အတွင်း ကြက်ငှက်တုပ်ကွေးရောဂါစံချိန်တင်ဖြစ်ပွားမှုကိုခံစားနေရပြီး စင်ရော်ငှက်နှင့်အခြားမျိုးစိတ်များပါ ထောင်နှင့်ချီသေဆုံးခဲ့ကာ အန္တရာယ်ရှိသဖြင့် အချို့နေရာများတွင် ခရီးသွားလာခွင့်ပါပိတ်ထားကြောင်းသိရသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် မကြာသေးမီနှစ်များအတွင်းက ဥရောပတစ်ခွင်သို့ပျံ့နှံ့သွားခဲ့ပြီး မေလနှင့်ဇွန်လအတွင်း ပြင်သစ်မွေးမြူရေးခြံများတွင်သန်းပေါင်းများစွာသော ကြက်များကိုသုတ်သင်ခဲ့ရသဖြင့် ကြက်သားနှင့်ဥများထောက်ပံ့ ဖြည့်တင်းမှုကိုလည်းထိခိုက်စေခဲ့သည်။ နော်ဝေနိုင်ငံ ဖင်းမတ်ခ်ခရိုင်၌မူ ကြက်ငှက်အသေပေါင်းသောင်းချီကို သိမ်းဆည်းခဲ့ရကြောင်းတာဝန်ရှိသူများကပြောကြားခဲ့ပြီး အဆိုပါခရိုင်အတွင်းရှိဘေးမဲ့တောသုံးခုသို့ ခရီးသွားလာခွင့်ကို လည်းကန့်သတ်ခဲ့သည်။ "အခုနှစ်နော်ဝေမှာကြုံရတဲ့ကြက်၊ငှက်တုပ်ကွေးဖြစ်ပွားနှုန်းက အရင်နှစ်တွေကထက်ပိုများပါတယ်" ဟုလည်း...

ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များ...

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် အမေရိက၊ ဂျပန်နှင့် တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီးအဆင့် ဆွေးနွေးပွဲကို ဩဂုတ်လ ၁၈ ရက်နေ့တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ဇူလိုင်လ ၂၈ ရက် သောကြာနေ့တွင် ပြောကြားခဲ့သည်။ မြောက်ကိုရီးယားနှင့် အခြားသော အရေးကြီး ကိစ္စရပ်များအတွက် အာရှနိုင်ငံ နှစ်နိုင်ငံနှင့်...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!