Wednesday, June 4, 2025

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့်...

ဒုတိယအကြိမ် Speed Boat အသုံးပြု...

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား...

ဖိလစ်ပိုင်လူငယ်များ HIV ကူးနှုန်းအဆမတန်မြင့်တက်လာ၍အရေးပေါ်အခြေအနေသတ်မှတ်ထား

မနီလာ၊ဇွန် ၃ ဖိလစ်ပိုင်လူငယ်များအကြား၌ HIV ရောဂါကူးစက်မှုနှုန်းသည် ၅၀၀ ရာခိုင်နှုန်းအထိရှိလာနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရောဂါကို နိုင်ငံတော်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေငြာရန် အကြံပြုထားကြောင်းသိရသည်။ ကျန်းမာရေးဌာနအတွင်းဝန်ကမူ ရောဂါကူးစက်မှုသည် အသက်...

ရုရှား-ယူကရိန်းဆွေးနွေးပွဲ ရလဒ်ကောင်းများဖြင့် အဆုံးသ-တ်ခဲ့

အစ္စတန်ဘူလ်၊ဇွန် ၂ တုကီယေး၏ကြားဝင်စေ့စပ်မှုဖြင့် အစ္စတန်ဘူလ်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည့် ရုရှားနှင့်ယူကရိန်းတို့ဆွေးနွေးမှုတွင် ရလဒ်ကောင်းများရရှိခဲ့သည်ဟု သက်ဆိုင်ရာ အရာရှိများကပြောကြားခဲ့ပြီး အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် အပြုသဘောဆောင်သည့်ရလဒ်များရခဲ့သည်ဟုလည်း ဆိုခဲ့သည်။ တံခါးပိတ်ဆွေးနွေးခဲ့သည့် ဆွေးနွေးမှု၏ရလဒ်သည် မကောင်းသည့်ရလဒ်ဖြင့်...
HomeInternational

Category: International

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က...

စတားလင့်ခ်ကို လိုင်စင် အမြန်ချပေးမည်–ဗီယက်နမ် ဝန်ကြီးချုပ်

အစိုးရသည် ရှေ့ပြေးအစီအစဉ်တစ်ရပ်အရ အီလွန်မတ်စ်၏ စတားလင့်ခ်ကို နိုင်ငံအတွင်း ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုပေးရန်အတွက်...

အမေရိက၌အင်္ဂလိပ်စကားကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်

အင်္ဂလိပ်ဘာသာစကားကို အမေရိကန်ပြည်ထောင်စု၏ ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်သည့် အမိန့်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း အိမ်ဖြူတော်က စနေနေ့တွင် ပြောဆိုခဲ့သည်။ အဆိုပါ အမိန့်သည် ပြည်ထောင်စု အစီအစဉ်များအတွက် အပြောင်းအလဲတစ်စုံတရာ လိုအပ်မည်မဟုတ်ပါ။ သို့သော်လည်း ယင်းကြေညာချက်သည် နိုင်ငံ၏ ဘာသာစကားနှစ်မျိုးသုံးသော ပညာရေးနှင့် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်မှုတို့ကို ကန့်သတ်ရန် ကြိုးပမ်းမှုများနှင့် ကာလကြာရှည် ဆက်စပ်နေသည့် အင်္ဂလိပ်ဘာသာတစ်ခုတည်း လှုပ်ရှားမှုအတွက် အကြီးမားဆုံး အောင်ပွဲတစ်ခုဖြစ်ခဲ့သည်။ အမေရိကတွင် ပြည်နယ် ၃၀ ကျော်သည် အင်္ဂလိပ်ဘာသာစကားကို ၎င်းတို့၏ ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းထားသည်။ “အင်္ဂလိပ်စာကို ရုံးသုံးဘာသာစကားအဖြစ် ပြဌာန်းခြင်းသည် ဆက်သွယ်မှုကို ချောမွေ့စေရုံသာမက အတူလိုက်နာစောင့်ထိန်းအပ်သော အမျိုးသားစံတန်ဖိုးများကို ခိုင်မြဲပေးပြီး ပိုမိုစည်းလုံးညီညွတ်၍ စွမ်းဆောင်ရည်ကောင်းသော လူ့အဖွဲ့အစည်းကို ဖန်တီးပေးလိမ့်မည်” ဟု အမိန့်ထုတ်ပြန်ချက်တွင် ဆိုထားသည်။ သမ္မတ အမိန့်သည် အင်္ဂလိပ်စကားပြော မဟုတ်သူများကို ဌာနဆိုင်ရာများနှင့် ပြည်ထောင်စု ရန်ပုံငွေလက်ခံဌာနများက ဘာသာစကား အကူအညီပေးရမည်ဆိုသော ကလင်တန်လက်ထက် အုပ်ချုပ်ရေးအမိန့်ကို ဖျက်သိမ်းလိုက်သော်လည်း ဌာနဆိုင်ရာများအနေဖြင့် လက်ရှိမူဝါဒများကို ဆက်ထိန်းသိမ်းရန်နှင့် အခြားဘာသာစကားပြောသူများကို စာရွက်စာတမ်းပံ့ပိုးမှုများနှင့် ဝန်ဆောင်မှုများပေးရန် ခွင့်ပြုသည်။ ပြည်တွင်း၌ အင်္ဂလိပ်စကားပြော အမေရိကန်နိုင်ငံသား လေးပုံသုံးပုံကျော် ရှိသော်လည်း နိုင်ငံတွင် စပိန်စကားပြော နိုင်ငံသား ၄၂ သန်းခန့်နှင့် တရုတ်စကားပြောသူ ၃ သန်းခန့်ရှိကြောင်း သိရသည်။ Ref: ဘန်ကောက်ပို့စ်

တရုတ်ရဲ့ ယူကရိန်းငြိမ်းချမ်းရေး အစီအစဉ်ကို...

ယူကရိန်းအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းရေး တရုတ်နိုင်ငံရဲ့ အစီအစဉ်အပေါ် ရုရှား သမ္မတ ဗလာဒီမာပူတင်က ထောက်ခံကြောင်းနဲ့ ပေကျင်းဟာ အကျပ်အတည်း နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာကို အပြည့်အဝနားလည်ကြောင်း ဗုဒ္ဓဟူးနေ့(မေ ၁၅) မနက်ပိုင်းက ထုတ်လွှင့်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပြောဆိုသွားခဲ့ပါတယ်။ ယခုသီတင်းပတ် ပူတင်ရဲ့ ပေကျင်းခရီးစဉ်မတိုင်မီ တရုတ်အစိုးရ ဆင်ဟွာသတင်းဋ္ဌာနကို...

တော်ဝင်မရိန်းတပ်ဖွဲ့အတွက် စစ်သင်္ဘောသစ် ၆...

တော်ဝင်မရိန်းတပ်ဖွဲ့အတွက် စစ်သင်္ဘောသစ် ၆ စင်း မှာယူသွားမှာဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂရန့်ရှပ်စ် ပြောဆိုပါတယ်။ တိုးမြှင့်ထားတဲ့ စစ်အသုံးစရိတ်ကို ဘယ်နေရာတွေအတွက် သုံးစွဲသွားမယ်ဆိုတာ မကြာခင် ကြေညာမယ်လို့ အစိုးရက ပြောဆိုထားခဲ့ပြီးနောက် ဝန်ကြီးရဲ့ ကြေညာချက်ထွက်လာတာပါ။ ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆွန်နက်က သူ့အနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို တိုးမြှင့်သွားမှာဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်မှာ...

ဂါဇာကမ်းမြောင်မှာ သေဆုံးခဲ့သူတွေရဲ့ ထက်ဝက်နီးပါးက...

ဂါဇာစစ်ပွဲမှာ သေဆုံးခဲ့သူတွေရဲ့ ထက်ဝက်နီးပါးက ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု ပြောဆိုကာ ကမ္ဘာက ဒေါသထွက်စေခဲ့တဲ့ အရပ်သားသေဆုံးမှုအရေအတွက်ကို လျှော့ချသတ်မှတ်ခဲ့ပါတယ်။ ဂါဇာစစ်ပွဲမှာ စုစုပေါင်းသေဆုံးသူဦးရေဟာ ပါလက်စတိုင်းနုယ်မြေရှိ အာဏာပိုင်တွေ ထုတ်ပြန်တဲ့အရေအတွက်ထက် ပိုနည်းတဲ့အရေအတွက်ကိုသာ နေတန်ယာဟုက ပြောဆိုလေ့ရှိပါတယ်။ ဟားမတ်စ်အုပ်စိုးတဲ့ ဂါဇာရှိ ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ အဆိုအရ အစ္စရေးနဲ့ ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့အကြား...

အငြင်းပွားရေပြင်မှာ ကျွန်းတုတည်ဆောက်နေတယ်ဆိုတဲ့ ဖိလစ်ပိုင်ရဲ့...

အငြင်းပွားရေပြင်မှာ ကျွန်းတုတစ်ခု တည်ဆောက်နေတယ်ဆိုတဲ့ ဖိလစ်ပိုင်ရဲ့ စွပ်စွဲချက်တွေကို တရုတ်က တုန့်ပြန်ငြင်းဆိုခဲ့ချိန်မှာပဲ တောင်တရုတ်ပင်လယ်ရှိ ၎င်းရဲ့ သီးသန့်စီးပွားရေးဇုန်အတွင်းမှ သန္တာကျောက်တန်းတွေ၊ သောင်ခုံတွေနဲ့ ကျွန်းငယ်တွေကို ပိုမိုအနီးကပ်စောင့်ရှောက်သွားမှာဖြစ်ကြောင်း ဖိလစ်ပိုင်က တနင်္လာနေ့မှာ ပြောဆိုပါတယ်။ စပရက်တလေကျွန်းစုပေါ်က ရေတိမ်သောင်ခုံတစ်ခုဖြစ်တဲ့ Sabina Shoal ဆီကို သင်္ဘောတစ်စင်း စေလွှတ်ဖြန့်ကျက်ထားကြောင်းနဲ့ ယင်းနေရာမှာ...

အင်ဒိုနီးရှား ရေဘေးကြောင့်သေဆုံးသူ ၅၂...

ဂျကာတာ၊မေ ၁၄ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းအနောက်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်လျက်ရှိပြီး အဆိုပါရေဘေးသင့်ဒေသများရှိ လူသေဆုံးမှုသည် ၅၂ ဦးအထိ ရှိလာခဲ့ပြီဖြစ်ကာ ဒေသခံ ၃,၀၀၀ ခန့်ကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးထားရသည်ဟု အာဏာပိုင်များကဆိုသည်။ စနေနေ့ညနေကလည်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေဘေးအန္တရာယ်နှင့်ရင်ဆိုင်ခဲ့ရပြီး မီးတောင်ရှင်တစ်ခုမှ စီးဆင်းလာသည့် ချော်ရည်အေးများကလည်း ‌ရွှံ့၊ကျောက်‌ခဲနှင့် ပြာများဖြင့်ရောကာ စီးဆင်းလာခဲ့သည်ဟုလည်းသိရသည်။ ထို့ကြောင့်တနင်္လာနေ့တွင် သေဆုံးသူ ၄၃...

အမေရိကန်နှင့်ထိုင်ဝမ်ရေတပ်များ ဧပြီလက ပစိဖိတ်သမုဒ္ဒရာ၌...

တိုင်ပေ၊မေ ၁၄ တရုတ်နိုင်ငံ၏အန္တာရာယ်က တစ်စတစ်စမြင့်တက်လာနေချိန်၌ ထိုင်ဝမ်နှင့်အမေရိကန်ရေတပ်များသည် ပြီးခဲ့သည့်ဧပြီလကပစိဖိတ်သမုဒ္ဒရာတွင် မကြေငြာဘဲ ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ကြောင်း အဆိုပါကိစ္စနှင့်နီးစပ်သည့် သတင်းရင်းမြစ်လေးဦးထံမှသိရသည်။ ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်၌ တရုတ်၏စစ်ရေးလေ့ကျင့်မှုများတိုးမြင့်လုပ်ဆောင်နေချိန်၌ အမေရိက နှင့်ထိုင်ဝမ်တို့ကလည်း ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။ ဝါရှင်တန်နှင့်တိုင်ပေဆက်ဆံရေးကို တရုတ်နိုင်ငံက ကန့်ကွက်မှုများကြောင့် ၎င်းတို့နှစ်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုနှင့်လေ့ကျင့်ရေးများသည် ရံဖန်ရံခါ၌ တရားဝင်ကြေငြာခြင်းမရှိဘဲ လုပ်ဆောင်ခဲ့ရခြင်းများလည်းရှိတတ်သည်။ တရုတ်နိုင်ငံကမူ ဒီမိုကရေစီနည်းကျအုပ်ချုပ်နေသည့်ထိုင်ဝမ်အား ၎င်း၏ပိုင်နက်နိုင်ငံအဖြစ် အခိုင်အမာဆိုထားသော်လည်း...

ဂါဇာပို့မည့် လူသားချင်းစာနာထောက်ထားမှုအကူညီယာဉ်တန်းကို ဆန္ဒပြသူ...

ဂျေရုဆလင်၊မေ ၁၄ အစ္စရေး၏ဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရသည့် ဂါဇာကမ်းမြောင် ဒေသခံများအတွက် အကူအညီများကို အဆက်မပြတ်ပေးပို့သွားမည်ဟု နေတန်ယာဟုအစိုးရက ကတိပြုထားသော်လည်း ဆန္ဒပြ အစ္စ ရေး ပြည်သူများသည် မေလ ၁၃ ရက်နေ့က ဂါဇာသို့ပို့မည့် အကူညီပေးရေးယာဉ်တန်းကို ပိတ်ဆို့တားဆီးကာ ရိက္ခာထုပ်များကို ဖျက်ဆီးခဲ့ကြောင်းသိရသည်။ အစ္စရေးတို့သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းဟေဘရွန်မြို့ရှိ တာခမ်မီယာ စစ်ဆေးရေးဂိတ်၌ ဆန္ဒပြသူလေးဦးကို...

မွမ်ဘိုင်း၌ ကြော်ငြာဆိုင်းဘုတ်ပြိုကျရာ ၁၂...

မွမ်ဘိုင်း၊မေ ၁၄ အိန္ဒိယနိုင်ငံ၏စီးပွားရေးမြို့တော်မွမ်ဘိုင်းမြို့၌ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ကြော်ငြာဆိုင်းဘုတ်ပြိုကျပြီး လူ ၁၂ ဦးသေဆုံးကာ ၆၀ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ မြို့တော်အရှေ့ဘက်ရှိ ဓါတ်ဆီဆိုင်တစ်ဆိုင်အနား၌ ဆိုင်းဘုတ်ပြိုကျခဲ့သဖြင့် အောက်၌ပိတ်မိနေသူများအား ကယ်တင်နိုင်ရန် ကယ်ဆယ်ရေးသမားများကကြိုးစားပမ်းစားလုပ်ဆောင်ခဲ့သကဲ့သို့ ဆိုင်းဘုတ်အပြိုအပျက်များကိုလည်း တူးဖော်ပြီးကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်ဟုသိရသည်။ ယင်းသို့လုပ်ဆောင်နေစဉ်အတွင်း ရုပ်အလောင်းရှစ်ခုကို ယူထုတ်နိုင်ခဲ့ပြီး ကျန်ရုပ်အလောင်းများမှာမူ အပျက်အစီးများအောက်၌ ပိတ်မိနေဆဲဖြစ်သည်ဟုတာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ အသက်ရှင်ကျန်ပြီး ဒဏ်ရာရရှိသူ ၆၀...

ခါကိဗ်ဒေသတွင် ယူကရိန်းတပ်များ အခက်အခဲနှင့်...

ယူကရိန်းသမ္မတ ဗလာဒီမာ ဇလန်းစကီးက ခါကိဗ် ဒေသရှိ အခြေအနေများကို အခက်ခဲဆုံးထဲမှ တစ်ခုအဖြစ် ဖော်ပြခဲ့ပြီး ခက်ခဲသောအခြေအနေများနှင့် အရန်တပ်ရင်းများ ပြန်လည်နေရာချထားရေးတို့ကို အခြားတာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ၎င်း၏ တရားဝင် Telegram အကောင့်တွင် တင်ထားသည့် ဗီဒီယိုမက်ဆေ့ချ်တစ်ခုတွင် ဇလန်းစကီးက ယူကရိန်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ် အလက်ဇန်းဒါး...
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!