Looking for something?

Explore the website

Looking for something?

Thursday, June 5, 2025

အိမ်နီးခြင်းများနှင့် ဆက်ဆံရေးကောင်းမွန်အောင် ကြိုးစားနေသည့်မြန်မာ

မြန်မာသည် ဒေသတွင်းနိုင်ငံများနှင့် နိုင်ငံသားချင်း ဆက်ဆံရေးပိုမိုနားလည်ခိုင်မြဲအောင် လုပ်ဆောင်နေကြချိန်တွင်အိမ်နီးချင်းများကိုလည်း အထူးအလေးထားလာနေသည်။ မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းကအိန္ဒိယသံအမတ်ကြီးအားတည်ခင်းသော မိတ်ဆက် ညစာစားပွဲကိုယနေ့ ဇွန်လ ၄ ရက် ၊ညနေ...

Art Hong Kong Expo...

ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသတွင် မေ ၃၀ ရက်မှ ဇွန် ၂ ရက်အထိ ပြခန်းပေါင်း(၃၀၀)ကျော်ပါဝင်သည့် Art Hong Kong Expo 2025...

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့်...

ဒုတိယအကြိမ် Speed Boat အသုံးပြု...

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား...
HomeCartoon

Category: Cartoon

နာမည်ကျော် ကာတွန်းကား Moana ကို လူသားဖြင့်...

မင်းသားကြီး ဒဝိန်း “ဒရော့ခ်” ဂျွန်ဆင်ဟာ ၂၀၁၆ ခုနှစ်မှာ လူကြိုက်များခဲ့ပြီး...

နာမည်ကျော် ကာတွန်းကား Moana ကို လူသားဖြင့် ပြန်ရိုက်မယ်လို့ ဒရော့ခ် ကြေညာ

မင်းသားကြီး ဒဝိန်း “ဒရော့ခ်” ဂျွန်ဆင်ဟာ ၂၀၁၆ ခုနှစ်မှာ လူကြိုက်များခဲ့ပြီး ရုံတင်ငွေ အဝင်ကောင်းခဲ့တဲ့ ကာတွန်းရုပ်ရှင်ဇာတ်ကား “Moana” ကို လူသား သရုပ်ဆောင်ဖြင့် ပြန်ရိုက်မယ်ဆိုပြီး ဧပြီလ ၃ ရက် တနင်္လာနေ့မှာ ကြေညာလာပါတယ်။ Moana ကာတွန်းကားမှာ နတ်တစ်ပိုင်း လူတစ်ပိုင်းဖြစ်တဲ့ မာဝီ ဇာတ်ကောင်ကို အသံသရုပ်ဆောင်ပေးခဲ့တဲ့ ဒရော့ခ်ဟာ လူကားမှာလည်း မာဝီနေရာမှာ ပြန်လည်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ အဓိကဇာတ်ကောင်ဖြစ်တဲ့ မိုအာနာ နေရာကို အသံသရုပ်ဆောင်ပေးတဲ့ အော်လီကာဗာလျို ကတော့ လူကားဗားရှင်းမှာ အမှုဆောင်ထုတ်လုပ်သူအနေနဲ့ တာဝန်ယူသွားမှာပါ။ Moana ဇာတ်ကားဟာ ဒရော့ခ် အမေရဲ့ မျိုးနွယ်ဖြစ်တဲ့ ဆာမိုအန်လူမျိုးတွေအပေါ် အခြေခံရိုက်ထားတာပါ။ ဒါကြောင့် ဒရော့ခ်က ဒီဇာတ်ကားကို သူရဲ့ကွယ်လွန်သူ အဘိုး ပီတာမိုင်ဗီရာ ကိုရည်စူးပြီး ရိုက်ကူးသွားမယ်လို့ ပြောလာပါတယ်။ ဒါပေမယ့် လူကားရိုက်ဖို့ အခုမှစတင်ပြင်ဆင်နေဆဲဖြစ်ပြီး ရိုက်ကူးရေး ဒါရိုက်တာတောင် မကြေညာရသေးပါဘူး။ ဒစ္စနီ ကာတွန်းစတူဒီယိုက ရိုက်ကူးထုတ်လုပ်ခဲ့တဲ့ Moana ဟာ ၂၀၁၆ ခုနှစ်မှာ ရုံတင်ငွေ ဒေါ်လာ ခြောက်ရာမီလျံကျော် ရရှိခဲ့တဲ့အထိ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ ကာတွန်းကား ဖြစ်ပါတယ်။ Source: CNA
spot_img

Create a website from scratch

With Newspaper Theme you can drag and drop elements onto a page and customize them to perfection. Try it out today and create the perfect site to express yourself!