Sunday, June 15, 2025

မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားကို အိမ်စီးကားကဝင်တို-က်(၂)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားအား အိမ်စီးကားကဝင်တို-က်မိခဲ့မှု ဇွန် ၁၄ ရက်ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပန်းတနော်မြို့မှ မအူပင်မြို့သို့ ဆေးခန်းလာပြသည့် KIA အမျိုးအစားကားသည် မိုးအနည်းငယ်ရွာသွန်းနေချိန်၌...

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၂၄၄)...

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျ-က်စီးသွားခဲ့သည့်ဒေသများတွင်နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည်ဖြစ်၍ ပြန်လည်လေ့ကျင့်သင် ကြားမှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ...

ပြိုကျပျက်စီးနေသည့် စေတီ၊ ပုထိုးတော်များပြုပြင်ရန် အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျ-က်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များအားပြန်လည်ပြုပြင်ရာ၌အ သုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း(၅၀၀)အားလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်၏ ဦးစီးပဓာနနယက...

အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းတစ်ခုလုံး၏ (၄၅)...

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်ရှိ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်း၏ လုပ်ငန်းသည် လုပ်ငန်းတစ်ခုလုံး၏ (၄၅) ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ အထက်ဘီလူးချောင်း ရေအားလျှပ်စစ်စီမံကိန်းသည် ရှမ်းပြည်နယ် (တောင်ပိုင်း)...
HomeInternationalရှီက ဘိုင်ဒင်အား ထိုင်ဝမ်ကိစ္စ...

ရှီက ဘိုင်ဒင်အား ထိုင်ဝမ်ကိစ္စ ဝင်မပါရန် သတိပေး

ရှီက ဘိုင်ဒင်အား ထိုင်ဝမ်ကိစ္စ ဝင်မပါရန် သတိပေး

ဝါရှင်တန်/ပေကျင်း၊ ဇူလိုင် ၂၈ ရက်

တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် တို့ ဇူလိုင်လ ၂၈ ရက် ကြာဿပတေးနေ့တွင် ဖုန်းပြောခဲ့ကြရာ ရှီက အမေရိကန်အား ထိုင်ဝမ်အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်ခြင်းသည် မီးနှင့် ကစားခြင်းကဲ့သို့ အန္တရာယ်များကို ဖိတ်ခေါ်နေကြောင်း သတိပေးခဲ့သည်။

အဆိုပါ သတိပေးချက်သည် အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီ ပေလိုစီ၏ ထိုင်ဝမ်ကျွန်းခရီးစဉ်အပေါ် ပေကျင်းအစိုးရ၏ စိုးရိမ်မှုများကို မီးမောင်းထိုးပြနေခြင်းဖြစ်သည်။

“မီးနှင့် ကစားသူသည် မီးကြောင့် ပျက်စီးခြင်းသို့ ရောက်လတ္တံ”ဟု ရှီက ဘိုင်ဒင်ကို ပြောခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ရှီ၏အဆိုကို ကိုးကား၍ ဖော်ပြခဲ့သည်။ အဆိုပါ ပြောကြားချက်ကိုလည်း အမေရိကန်မှ သေချာစွာ နားလည်သဘောပေါက်ပါရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ရှီက ဝါရှင်တန်သည် ပြည်နယ်အားလုံးပေါင်းမှ တရုတ်တစ်ပြည်တည်းဟူသော မူဝါဒ ကို လိုက်နာသင့်ပြီး ထိုင်ဝမ်၏ ကိုယ်ပိုင်လွတ်လပ်ရေးနှင့် ပြင်ပမှ ဝင်ရောက်ဖွက်ရေးတို့ကို တရုတ်နိုင်ငံက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြောင်း အလေးပေးပြောကြားခဲ့သည်။

ထိုင်ဝမ်နှင့်ပတ်သက်သော အမေရိကန်၏ မူဝါဒ ပြောင်းလဲခြင်းမရှိကြောင်း၊ ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေမည့် တစ်ဖက်သတ် ကြိုးပမ်းမှုများကို ဝါရှင်တန်က ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်ဟု အိမ်ဖြူတော်က ဆိုသည်။

ထို့အပြင် ၎င်းတို့နှစ်ဦးသည် မျိုးသုဥ်းသတ်ဖြတ်မှုနှင့် အတင်းအဓမ္မခိုင်းစေမှုဆိုင်ရာ ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အဆိုပါ ဖုန်းခေါ်ဆိုမှုအပြီးတွင် ထိုင်ဝမ်သည် ဘိုင်ဒင်အား ၎င်း၏ ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ထိုင်ဝမ်၏ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိုလည်း အမေရိကန်နှင့် ဆက်လက် ပူးပေါင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ နှစ်နာရီကျော် ကြာသော ဖုန်း‌ ပြောဆိုမှုသည် အစိုးရ၏ တရုတ်နိုင်ငံနှင့် အပြန်အလှန် ဆက်သွယ်ပြောဆိုမှုများအား ပိုမိုအားကောင်းလာစေရန်နှင့် နှစ်နိုင်ငံကြား မတူညီကွဲပြားမှုများကို တာဝန်သိစွာ ညှိနှိုင်းဆောင်ရွက်ရန်အတွက် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့သည်။

အမေရိကန်သည် အထူးသဖြင့် ထိုင်ဝမ်အရေးနှင့် ပတ်သက်၍ တင်းမာမှုများ လျော့ချရန်အတွက် စိုးရိမ်နေကြောင်း သိရသည်။

Source: Reuters

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားကို အိမ်စီးကားကဝင်တို-က်(၂)ဦး‌ေ-သဆုံး

ဧရာဝတီတိုင်း၊ မအူပင်မြို့သို့ဆေးခန်းလာပြသည့်ကားအား အိမ်စီးကားကဝင်တို-က်မိခဲ့မှု ဇွန် ၁၄ ရက်ညဦးပိုင်းကဖြစ်ပွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းဝင်များထံမှ သိရသည်။ ပန်းတနော်မြို့မှ မအူပင်မြို့သို့ ဆေးခန်းလာပြသည့် KIA အမျိုးအစားကားသည် မိုးအနည်းငယ်ရွာသွန်းနေချိန်၌ မအူပင်မြို့၊ စျေးလမ်းနှင့် မင်းလမ်းထိပ်အရောက် အိမ်စီးကားတစ်စီးက ဝင်တို-က်မိခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် KIA အမျိုးအစားကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား၊ အမျိုးသမီး (၂)ဦးမှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ပြီး အမျိုးသား၊ အမျိုးသမီးအချို့တွင်လည်း ထိခို-က်ဒဏ်ရာများရရှိခဲ့သဖြင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက မအူပင်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၂၄၄) ဦးရှိ

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာများပျ-က်စီးသွားခဲ့သည့်ဒေသများတွင်နေထိုင်သော ကျောင်းသား၊ ကျောင်းသူများမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည်ဖြစ်၍ ပြန်လည်လေ့ကျင့်သင် ကြားမှုများပြုလုပ်လျက်ရှိသည်။ ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအားပြန်လည်ဖြေဆိုရမည့် ဒေသများအနက် စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ(၂၄၄)ဦးလည်း ပြန်လည်ဖြေဆိုသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက် ဖြေဆိုရမည့် စာစစ်ဌာနအား တာဝန်ရှိသူများမှ ယနေ့ ဇွန် ၁၅ ရက်နံနက်ပိုင်းက စစ်ဆေးခဲ့ကြသည်။ တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုရမည့် စာသင်ခန်းများပြင်ဆင်ဆောင်ရွက်ထားမှု၊ ကျောင်းတွင်း/ကျောင်းပြင်သန့်ရှင်းရေးဆောင်ရွက်လျက်ရှိမှု၊ မီးဘေးလုံခြုံရေးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ အကြံပြုဆွေး နွေးမှုများပြုလုပ်ခဲ့ကြသည်။

ပြိုကျပျက်စီးနေသည့် စေတီ၊ ပုထိုးတော်များပြုပြင်ရန် အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်း

မန္တလေးငလျင်ကြီးဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ ပြိုကျပျ-က်စီးနေသော ဘုရား၊ စေတီ၊ ပုထိုးတော်များအားပြန်လည်ပြုပြင်ရာ၌အ သုံးပြုရန် သီတဂူဆရာတော်ကြီးထံသို့ အလှူတော်ငွေကျပ်သိန်း(၅၀၀)အားလာရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။ ပြင်ဦးလွင်မြို့၊ ဗြဟ္မာဝိဟာရီကျောင်းတိုက်၏ ဦးစီးပဓာနနယက ကမ္ဘာ့သာသနာပြု သီလရှင်ဆရာကြီး ဒေါ်ဒီပင်္ကရာထေရီမှ အလှူတော်ငွေကျပ်သိန်း (၅၀၀)အား ယနေ့ ဇွန် ၁၅ ရက်က လာရောက်လှူ ဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အလှူငွေအား သီတဂူဆရာတော်ကြီးမှလက်ခံရယူတော်မူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်တော်မူခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071