Wednesday, December 4, 2024

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ (၁၀၂)နေရာ...

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁ ၀၂) နေရာ သတ်မှတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ...

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ...

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့...

တရားမဝင်ရွှေတူးဖော်နေသူ (၇)ဦးအား မြန်မာ့သတ္ထုတွင်းဥပဒေဖြင့်အမှုဖွင့်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်နေသူ(၇)ဦးကို မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးတွင် တရားမဝင်ရွှေတူးဖော်မှုများရှိနေကြောင်းသ တင်းအရ...

ရန်ကုန်နှင့် တနင်္သာရီတိုင်းမှအပ ကျန်မြို့နယ်များ အအေးပိုမည်

လာမည့် သုံးရက်အတွင်း ရန်ကုန်နှင့် တနင်္သာရီတိုင်းမှအပ ကျန်မြို့နယ်များ ညအပူချိန်လျော့နည်း၍ အအေးပိုလာနိုင်ကြောင်း ပြင်ပမိုးလေဝသလေ့လာသုံးသပ်သူ ဦးဝင်းနိုင်က လူမှုကွန်ရက်မှတဆင့် အသိပေးထားသည်။ ထို့ပြင် ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊...
HomeNewsLocal Newsဆုန်ခရာခရိုင်၌ မြန်မာနိုင်ငံသားအလုပ်သမားများစီးလာသည့်ကားအား ကုန်တင်ကားမှဝင်တိုက်...

ဆုန်ခရာခရိုင်၌ မြန်မာနိုင်ငံသားအလုပ်သမားများစီးလာသည့်ကားအား ကုန်တင်ကားမှဝင်တိုက် ၁ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

ဆုန်ခရာခရိုင်၌ မြန်မာနိုင်ငံသားအလုပ်သမားများစီးလာသည့်ကားအား ကုန်တင်ကားမှဝင်တိုက် ၁ ဦးသေဆုံး ၁၀ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံ၊ဆုန်ခရာခရိုင်၊ဆဒေါင်းမြို့နယ်ရှိ ရာ ဘာစက်ရုံရှေ့တွင် မြန်မာနိုငင်ံသားအလုပ်သမားများစီးလာသည့်ကားအား ကုန်တင်ကားမှ ဇူလိုင် ၁၂ ရက်ညပိုင်းကဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ည ၇ နာရီကျော်ခန့်က မြန်မာအလုပ်သ မားများစီးလာသည့် ဟိုင်းလပ်ကားသည် အခင်းဖြင်နေရာ ရာဘာစက်ရုံရှေ့၌ ကားကွေ့ရန်ပြုလုပ်စဥ် ကုန်တင်ကားမှဝင်တိုက်မိခဲ့ခြင်းဖြစ်ပြီး ဟိုင်းလပ်ကားမှာမြောင်းအတွင်းသို့ထိုးကျသွားခဲ့ကြောင်း သိရသည်။

ဟိုင်းလပ်ကား၏ ညာဘက်ခြမ်းအား ကုန်တင်ကားမှဝင်တိုက်မိခဲ့သဖြင့် မြန်မာအလုပ်သမား အမျိုးသမီးတစ်ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

“လတ်တလောကျွန်တော်တို့လုပ်နိုင်တာမှန်သမျှကိုလိုက်လုပ်ပေးနေတယ် သေသွားတဲ့အမျိုးသမီးက မြန်မာနိုငိငံရဲ့ဘယ်နေရာမှနေတယ်ဆိုတာသိရဖို့နဲ့သူ့မိသားစုဝင်ဆီအကြောင်းကြားနိုင်ဖို့ကို ချိတ်ဆက်လုပ်ဆောင်နေပါတယ်”ဟုထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် အလုပ်သမား ၁၀ ဦးမှာလည်း ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ဘန်ဒေဘီစာဆေးရုံနှင့်ဆဒေါင်းဆေးရုံတို့သို့ ဆေးကုသမှုခံယူရန်ပို့ ဆောင်ခဲ့ပြီး ဒဏ်ရာရရှိသူများအနက် ၄ ဦးမှာစိုးရိမ်ရသည့် အနေအထားရှိကြောင်း သိရသည်။

ဖြစ်စဥ်မှ ကားမောင်းသူ ၂ ဦးအား ဆဒေါင်းမြို့ရဲစခန်းမှ စစ်ဆေးမှုများပြုလုပ်လျက်ရှိပြီး CCTV မှတ်တမ်းများကိုလည်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးနေရာ (၁၀၂)နေရာ သတ်မှတ်ထားရှိ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဆေးလိပ်ငွေ့ကင်းစင်နေရာ (၁ ၀၂) နေရာ သတ်မှတ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း ညောင်ဦးခရိုင် ပြည့်သူ့ကျန်းမာရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာ ရွှေစင်ထိုက်၏ ပြောကြားချက်အရ သိရသည်။ ပုဂံသို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်အများဆုံး လာရောက်လည်ပတ်လျက်ရှိသည့်အတွက် အသွားအလာများသည့် ယင်းဒေသရှိ ဆေးလိ-ပ်ငွေ့ကင်းစင်ရေးလုပ်ငန်းများကို ကနဦးအနေဖြင့် ဆောင်ရွက်လျှက်ရှိရာ လက်ရှိတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ၌ ဘုရား (၁၇)ဆူ၊ ရှေးဟောင်းသာသနိက အဆောက်အအုံ (၃၂) ခု၊ ရုံး/ဌာန (၁၁)ခု၊ ဟို တယ် (၃၁) လုံး၊ စာသင်ကျောင်း...

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဆွေးနွေး

မြန်မာနှင့် ရုရှားနှစ်နိုင်ငံအကြား စီးပွားရေးအပါအဝင် ခရီးသွားလုပ်ငန်းကဏ္ဍများ ပိုမိုတိုးချဲ့သွားရေး ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယ ဥက္ကဋ္ဌတို့ တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြည်ထောင်စုဝန်ကြီး က ဒူးမားလွှတ်တော်၊ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရှာလ်ဘန်း ကာရာအော်လ် ဦးဆောင်သည့် ရုရှားဒူးမားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အား ဒီဇင်ဘာ (၃)ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ရှိရင်းစွဲ ကဏ္ဍအများအပြား၌ ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေးတို့ကို...

တရားမဝင်ရွှေတူးဖော်နေသူ (၇)ဦးအား မြန်မာ့သတ္ထုတွင်းဥပဒေဖြင့်အမှုဖွင့်

မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီး၌ တရားမဝင်ရွှေတူးဖော်နေသူ(၇)ဦးကို မြန်မာ့သတ္တုတွင်းဥပဒေဖြင့် အမှုဖွင့်အရေးယူထားကြောင်း နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။ မိုးထိမိုးမိဒေသရှိ သပြေပင်ကျေးရွာအနီးတွင် တရားမဝင်ရွှေတူးဖော်မှုများရှိနေကြောင်းသ တင်းအရ နိုဝင်ဘာ ၂၇ ရက်ည ၆ နာရီက လုံခြုံ ရေးအဖွဲ့ဝင်များမှသွားရောက်စစ်ဆေးရာ ယင်းနေရာ၌ တရားမဝင်ရွှေတူးဖော်လုပ်ကိုင်နေသည့် ဦးဇော်(၅၂)နှစ်၊ လွင်ကိုနိုင်(၂၈)နှစ်၊ ကျော်သက်ပိုင်(၂၂)နှစ်၊ ဦးမောင်(၆၀)နှစ်၊ နိုင်ကောင်းထက် (၂၂)နှစ်တို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ စစ်ဆေးချက်များအရ နိုဝင်ဘာ ၂၈ ရက်နံနက် ၁၀ နာရီတွင် တင်လင်း(၄၅)နှစ်၏နေအိမ်အား ဝင်ရောက်စစ်ဆေးရာ တရားမဝင်ရွှေတူးဖော်သူများဖြစ်သည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071