Sunday, June 1, 2025

ဒေါက်တာ ဇော်ဦး ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်...

နစက ၏ အကြံပေး ဒေါက် တာဇော်ဦးသည် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။ ဒေါက်တာဇော်ဦးကို ပြီးခဲ့သည့် မေလ (၄) ရက်ကတည်းက...

အင်ဒိုနီးရှား၌ မြေပြို၍ သေဆုံးသူ ၁၇...

ဂျကာတာ၊ဇွန် ၁ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ မြေပြို၍ သေဆုံးသူ ၁၇ ဦးအထိ ရှိလာပြီး ၈ ဦးပျောက်ဆုံးနေသေးကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ "ဒီနေ့မှာ...

အာရှခေါင်းဆောင်များ ယူအက်စ်၏စည်းကြပ်ခွန်များ‌ကြောင့်စိုးရိမ်နေ

အာရှနိုင်ငံများမှ နိုင်ငံ‌ရေးခေါင်းဆောင်များနှင့် နိုင်ငံ‌တော် အကြီးအကဲဟောင်းများသည် အမေရိကန်အစိုးရ၏ အခွန်အကောက်မူဝါဒများအပေါ် စိုးရိမ်ပူပန်နေကြပြီး စိန်ခေါ်မှုများကိုကျော်လွှားရန်အတွက် အာရှနိုင်ငံများအကြား ပိုမိုစည်းလုံးညီညွတ်မှုရှိရန်တောင်းဆိုခဲ့ကြသည်ဟုသိရသည်။ မေလ ၂၉ ရက် နေ့မှ...

အမြန်လမ်း၌ တံတားပြင်ဆင်နေ၍ ကားများအားတစ်လှည့်စီသာဖြတ်သန်းခွင့်ပေး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အ မှတ် ၁၆၅ မိုင်ရှိ တံတားတစ်စင်း၏ အောက်ခြေသံ ပြားအချို့ပျက်စီးနေ၍ ပြန်လည်ပြင်ဆင်နေမှုကြောင့် ဖြတ်သန်းသွားလာသည့်ယာဥ်များအား တစ်လှည့်စီသာဖြတ်သန်းခွင့်ပေးခဲ့ကြောင်း တာဝန်ရှိသူများနှင့် ခရီးသွားများထံမှ...
HomeNewsLocal Newsရန်ကုန်မြို့ရှိ ပြည်သူ့အဌားအိမ်ယာများအား MCEF...

ရန်ကုန်မြို့ရှိ ပြည်သူ့အဌားအိမ်ယာများအား MCEF နှင့် MLCA အသင်းချုပ်များမှတည် ဆောက်နေ

ရန်ကုန်မြို့ရှိ ပြည်သူ့အဌားအိမ်ယာများအား MCEF နှင့် MLCA အသင်းချုပ်များမှတည် ဆောက်နေ

ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးဦးစီးကော်မတီ၏ ၁၂ ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအ စည်းအဝေး၌ ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်၊ရန်ကုန်တိုင်းပြည်သူ့အငှားအိမ်ရာစီမံကိန်းကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးမှပြောကြားခဲ့ခြင်းဖြစ်သည်။

“ပြည်သူ့အငှားအိမ်ရာစီမံကိန်း အကောင်အထည် ဖော်ရာမှာ စီမံကိန်းကြီးကြပ်ရေးအဖွဲ့တွေက ကြီး ကြပ်ဆောင်ရွက်ပေးသလို ကျွန်တော်ကိုယ်တိုင်လည်းလုပ်ငန်းခွင်ကို သွားရောက်တွန်းအားပေး ဆောင်ရွက်ခဲ့ပါတယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကဆိုသည်။

ထို့ပြင် ပြည်သူ့အငှားအိမ်ရာစီမံကိန်း(ရန်ကုန်) အား မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းချုပ်(MCEF)မှတိုက် ၂၀ လုံးနှင့်မြန်မာနိုင်ငံလိုင်စင်ရကန်ထရိုက်တာအသင်းချုပ် (MLCA)မှ တိုက် ၂၀ လုံးတို့ကို ဆောက်လုပ်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ဇူလိုင်လကုန်၌ပြီးစီးမည်ဟုပြောသည်။

“အသင်းတစ်ခုစီက တိုက် ၉၇ လုံးစီဆောက်ရမှာဖြစ်တဲ့အတွက် ကျန်တဲ့တိုက် ၇၇ လုံးစီကိုလည်း၂၀၂၃ ခုနှစ်မတ်လကုန်မှာပြီးစီးဖို့တွန်းအားပေးဆောင်ရွက်နေပါတယ် ဒါ့အပြင် Infrastructure လုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်ခွင့်ပြုဖို့ကိစ္စကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်ပေးကြစေလိုပါတယ်”ဟု မြို့တော်ဝန်ဦးဗိုလ်ဌေးကပြော သည်။

အလားတူ အခြေခံအဆောက်အအုံလုပ်ငန်းများအနက် ရေပေးဝေရေး ၈ လက်မ ပိုက်လိုင်းသည် စီမံကိန်းဝင်းအတွင်းသို့ သွယ်တန်းပြီးဖြစ်၍ လို အပ်ပါက အသုံးပြုနိုင်မည်ဖြစ်ကာ အိမ်ရာအ တွက် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍ၊ Bus Terminal အတွက် ၅ ဧကလျာထားပြီးဖြစ်၍ YRTC နှင့်ဆက်လက်ညှိနှိုင်းသွားမည်ဖြစ်ပြီး အိမ် ရာဝင်းများအတွက် Commercial Area အဖြစ် မြေနေရာ ၁ ဒသမ ၅ ဧကပေါ်တွင် City Mart ဖွင့်လှစ်နိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီဆောင်ရွက်ပေးသွားမည်ဟုသိရသည်။

မန္တလေးမြို့တွင် ပြည်သူ့အဌားအိမ်ယာစီမံကိန်းအား MDA အသင်းမှတည်ဆောက်နေခြင်းဖြစ်ကာ စီမံကိန်း Infrastructure လုပ်ငန်းများအား MDA အသင်းမှ ဆက်လက်ဆောင်ရွက်ခွင့်ပြုရမည်ဖြစ်ပြီး ဆောက်လုပ်ရေးသုံးပစ္စည်းများ အ လွယ်တကူ ဝယ်ယူ၍မရရှိနိုင်သဖြင့် စာချုပ်သက်တမ်းအား ဒုတိယအကြိမ်အဖြစ် ရန်ကုန်မြို့တွင် ၉ လ၊နေပြည်တော်တွင် ၁ လ၊မန္တလေးမြို့တွင် ၃ လအထိ တိုးမြှင့်ပေးထားမည်ဖြစ်သည်။

ပြည်သူ့အငှားအိမ်ရာ အိမ်ခန်းပေါင်း ၁၀၀၀၀ စီမံ ကိန်းပထမဆင့်အဖြစ် နေပြည်တော်တွင် တိုက် ၂၈ လုံး၊အခန်းပေါင်း ၄၄၈ ခန်း၊ ရန်ကုန်မြို့တွင် တိုက် ၁၉၄ လုံး၊အခန်းပေါင်း ၃၁၀၄ ခန်း၊မန္တလေးမြို့တွင် တိုက် ၉၁ လုံး၊ အခန်းပေါင်း ၁၄၅၆ ခန်း (စုစုပေါင်း တိုက် ၃၁၃ လုံး၊အခန်းပေါင်း ၅၀၀၈ ခန်း)အား အကောင်အထည်ဖော် တည်ဆောက်လျက်ရှိသည်။

ထိုသို့ ဆောက်လုပ်လျက်ရှိရာ နေပြည်တော်၌ အဆောက်အဦးလုပ်ငန်း ၉၄ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၆၅ ရာခိုင်နှုန်း၊ရန်ကုန်မြို့တွင် အဆောက်အဦးလုပ်ငန်း ၅၆ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၃၄ ရာခိုင်နှုန်း၊မန္တလေးမြို့တွင် အဆောက်အဦးလုပ်ငန်း ၈၈ ရာခိုင်နှုန်း၊Infrastructure လုပ်ငန်း ၈၈ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ပြည်သူ့အဌားအိမ်ယာစီမံကိန်းများအား နိုင်ငံ့ဝန် ထမ်းများ၊အငြိမ်းစားဝန်ထမ်းများ၊ဝင်ငွေနည်း ပြည်သူများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရန် ရည်ရွယ်၍ ရန်ကုန်၊နေပြည်တော်နှင့်မန္တလေးမြို့တို့၌ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒေါက်တာ ဇော်ဦး ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာ

နစက ၏ အကြံပေး ဒေါက် တာဇော်ဦးသည် မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဒါရိုက်တာအဖွဲ့ဝင် ဖြစ်လာသည်။ ဒေါက်တာဇော်ဦးကို ပြီးခဲ့သည့် မေလ (၄) ရက်ကတည်းက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၄၁၉) အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ထိုသို့ ခန့်အပ်ခြင်းကို နစက၏ မေ (၃၀) ရက်က ထုတ်ပြန်သည့် မြန်မာနိုင်ငံပြန်တမ်းတွင်လည်း ဖော်ပြထားသည်။ နစက ၏အကြံပေးပုဂ္ဂိုလ်နှင့် မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) အဖွဲ့၏ ဒါရိုက်တာတစ်ဦးအဖြစ်...

အင်ဒိုနီးရှား၌ မြေပြို၍ သေဆုံးသူ ၁၇ ဦးအထိရှိလာ

ဂျကာတာ၊ဇွန် ၁ အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ်၌ မြေပြို၍ သေဆုံးသူ ၁၇ ဦးအထိ ရှိလာပြီး ၈ ဦးပျောက်ဆုံးနေသေးကြောင်း တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။ "ဒီနေ့မှာ ရုပ်အလောင်း ၃ လောင်းကို ကယ်ဆယ်ရေးသမားတွေရှာတွေ့ခဲ့ပြီးတော့ နောက်ထပ် ၈ ဦးကိုလည်း ဆက်ရှာသွားမှာပါ” ဟု ပြည်နယ်ရှာဖွေရေးနှင့် ကယ်ဆယ်ရေးဌာန အကြီးအကဲကပြောကြားခဲ့သည်။ ဒေသတွင်းရှာဖွေရေးနှင့်ကယ်ဆယ်ရေးရုံး၏ သတင်းထုတ်ပြန်မှုအရ ကယ်ဆယ်ရေးသမားအရေအတွက်အား သောကြာနေ့တွင် ၁၀ ယောက်သာရှိခဲ့ရာမှစနေနေ့တွင် ၂၇ ဦးအထိ ရှိလာခဲ့ကြောင်းလည်းတာဝန်ရှိသူအရာရှိတစ်ဦးကပြောကြားခဲ့သည်။ နောက်ထပ် မြေပြိုမှုများသည် Cirebon Regency ၏...

အာရှခေါင်းဆောင်များ ယူအက်စ်၏စည်းကြပ်ခွန်များ‌ကြောင့်စိုးရိမ်နေ

အာရှနိုင်ငံများမှ နိုင်ငံ‌ရေးခေါင်းဆောင်များနှင့် နိုင်ငံ‌တော် အကြီးအကဲဟောင်းများသည် အမေရိကန်အစိုးရ၏ အခွန်အကောက်မူဝါဒများအပေါ် စိုးရိမ်ပူပန်နေကြပြီး စိန်ခေါ်မှုများကိုကျော်လွှားရန်အတွက် အာရှနိုင်ငံများအကြား ပိုမိုစည်းလုံးညီညွတ်မှုရှိရန်တောင်းဆိုခဲ့ကြသည်ဟုသိရသည်။ မေလ ၂၉ ရက် နေ့မှ ၃၀ ရက် နေ့အထိ တိုကျို၌ ကျင်းပသည့် အကြိမ် ၃၀ မြောက် အာရှအနာဂတ်ဖိုရမ်တွင် စင်္ကာပူဒုတိယဝန်ကြီးချုပ်က လက်ရှိကမ္ဘာ့ကုန်သွယ်ရေးစနစ်သည် ခြိမ်းခြောက်ခံနေရကြောင်းလည်းသတိပေးခဲ့သည်။ အမေရိက၏အခွန်စည်းကြပ်မှုများကြောင့် ဖြစ်ပေါ်လာသည့် ကုန်သွယ်မှုပြဿနာများကိုဖြေရှင်းရာ၌ အာရှနိုင်ငံများအနေဖြင့် စည်းစည်းလုံးလုံး ရပ်တည်ကြရန်တိုက်တွန်းခဲ့ပြီး အာဆီယံနိုင်ငံများနှင့် ကုန်သွယ်မှုနှင့်စက်မှုလုပ်ငန်းဆိုင်ရာ ဘက်စုံတိုးတက်ရေးသဘောတူစာချုပ်တို့မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရန်လည်း အရေးကြီးကြောင်း၎င်းကပြောကြားခဲ့သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်က ကုန်သွယ်ရေးစစ်ပွဲများသည် လွတ်လပ်ပွင့်လင်းသည့်နိုင်ငံစုံကုန်သွယ်မှုစနစ်ကိုထိခိုက်စေသဖြင့် အကောက်ခွန်ဆိုင်ရာ ဖိအားများနှင့်ရင်ဆိုင်နေရသော...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071