(Unicode)
မောင်တောမြို့တွင် မြို့နယ်ထွေအုပ်(ရပ်/ကျေး) စာရေးတစ်ဦးကို ဓားဒဏ်ရာဖြင့် သေ ဆုံးလျက်တွေ့ရှိ
ရခိုင်ပြည်နယ်၊မောင်တောမြို့နယ် မြင်းလွှတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တစ်ဦးအား ယနေ့နံနက်ပိုင်းက လည်ပင်းပြတ်ရှဒဏ်ရာ၊မျက်နှာဖူးရောင်ဒဏ်ရာများဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း မောင်တောမြို့ ကရုဏာကွန်ယက်ဖောင်ဒေးရှင်းမှ သိရသည်။
သေဆုံးသူမှာ မောင်တောမြို့နယ်၊မြင်းလွတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေး ကိုဆန်းဌေးနိုင်(၂၆)နှစ်ဖြစ်ပြီး ၎င်း၏ရုပ်အလောင်းအား မောင်တောမြို့မ၊အနောက်ရပ် ကွက်၊စက်လှေဆိပ်အနီးမှပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။
“လက်ရှိမှာတော့ မောင်တောပြည်သူ့ဆေးရုံကိုပို့ထားတယ် ဆရာဝန်တွေစစ်ဆေးချက်ယူဖို့အတွက်ပါ ၊ လည်ပင်းကိုလှီးထားတဲ့ပုံစံပဲ မျက်နှာကိုလည်းရိုက်ခံထားရတဲ့အနေအထားရှိတယ် ရောင်ကိုင်းနေတာ”လို့ ကရုဏာကွန်ယက်ဖောင်ဒေးရှင်းရဲ့တာဝန်ရှိသူတစ်ယောက်ကပြောသည်။
သေဆုံးသူ ကိုဆန်းဌေးနိုင်သည် မောင်တောမြို့၊အမှတ်(၁)ရပ်ကွက်၌ နေထိုင်သူဖြစ်ပြီး သေဆုံးချိန်တွင် ဇနီးဖြစ်သူနှင့်သမီးငယ်တစ်ဦးကျန်ခဲ့ကြောင်း မိသားစုနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။
ဒီဇင်ဘာ ၂၂ ရက်ညနက်ပိုင်းက အသတ်ခံရခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ရုပ်အလောင်းကိုတွေ့ရှိခဲ့ရခြင်းဖြစ်သည်။
ဖြစ်စဥ်အား မောင်တောမြို့မရဲစခန်းက အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးလျက်ရှိသည်။
(Zawgyi)
ေမာင္ေတာၿမိဳ႕တြင္ ၿမိဳ႕နယ္ေထြအုပ္(ရပ္/ေက်း) စာေရးတစ္ဦးကို ဓားဒဏ္ရာျဖင့္ ေသ ဆုံးလ်က္ေတြ႕ရွိ
ရခိုင္ျပည္နယ္၊ေမာင္ေတာၿမိဳ႕နယ္ ျမင္းလႊတ္ၿမိဳ႕အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ တစ္ဦးအား ယေန႔နံနက္ပိုင္းက လည္ပင္းျပတ္ရွဒဏ္ရာ၊မ်က္ႏွာဖူးေရာင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးလ်က္ေတြ႕ရွိခဲ့ေၾကာင္း ေမာင္ေတာၿမိဳ႕ က႐ုဏာကြန္ယက္ေဖာင္ေဒးရွင္းမွ သိရသည္။
ေသဆုံးသူမွာ ေမာင္ေတာၿမိဳ႕နယ္၊ျမင္းလြတ္ၿမိဳ႕အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ရပ္/ေက်းစာေရး ကိုဆန္းေဌးႏိုင္(၂၆)ႏွစ္ျဖစ္ၿပီး ၎၏႐ုပ္အေလာင္းအား ေမာင္ေတာၿမိဳ႕မ၊အေနာက္ရပ္ ကြက္၊စက္ေလွဆိပ္အနီးမွျပန္လည္ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။
“လက္ရွိမွာေတာ့ ေမာင္ေတာျပည္သူ႔ေဆး႐ုံကိုပို႔ထားတယ္ ဆရာဝန္ေတြစစ္ေဆးခ်က္ယူဖို႔အတြက္ပါ ၊ လည္ပင္းကိုလွီးထားတဲ့ပုံစံပဲ မ်က္ႏွာကိုလည္း႐ိုက္ခံထားရတဲ့အေနအထားရွိတယ္ ေရာင္ကိုင္းေနတာ”လို႔ က႐ုဏာကြန္ယက္ေဖာင္ေဒးရွင္းရဲ႕တာဝန္ရွိသူတစ္ေယာက္ကေျပာသည္။
ေသဆုံးသူ ကိုဆန္းေဌးႏိုင္သည္ ေမာင္ေတာၿမိဳ႕၊အမွတ္(၁)ရပ္ကြက္၌ ေနထိုင္သူျဖစ္ၿပီး ေသဆုံးခ်ိန္တြင္ ဇနီးျဖစ္သူႏွင့္သမီးငယ္တစ္ဦးက်န္ခဲ့ေၾကာင္း မိသားစုႏွင့္နီးစပ္သည့္အသိုင္းအဝိုင္းမွ သိရသည္။
ဒီဇင္ဘာ ၂၂ ရက္ညနက္ပိုင္းက အသတ္ခံရျခင္းျဖစ္ၿပီး ယေန႔နံနက္ပိုင္းတြင္ ႐ုပ္အေလာင္းကိုေတြ႕ရွိခဲ့ရျခင္းျဖစ္သည္။
ျဖစ္စဥ္အား ေမာင္ေတာၿမိဳ႕မရဲစခန္းက အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူမ်ားအားဖမ္းဆီးရမိေရးအတြက္ စုံစမ္းစစ္ေဆးလ်က္ရွိသည္။

