တန်ဆောင်တိုင်ပိတ်ရက်အတွက် ကမ်းခြေဟိုတယ်အများစု အခန်းBooking များပြည့်နေ

ရန်ကုန် နိုဝင်ဘာ ၁၄
လာမည့်တန်ဆောင်တိုင် ရုံးပိတ်ရက်များအတွက်ပြည်တွင်းက နာမည်ကြီး ကမ်းခြေတွေဖြစ်တဲ့ ချောင်းသာ၊ငွေဆောင်နဲ့ငပလီ ကမ်းခြေက ဟိုတယ်အများစု အခန်းBooking တွေပြည့်နေတယ်လို့သိရပါတယ်။
ကိုဗစ်(၁၉)ကြောင့် (၂)နှစ်နီးပါး ရပ်ဆိုင်းထားရတဲ့ ခရီးသွားကဏ္ဍနဲ့ဟိုတယ်လုပ်ငန်းက အခုလပိုင်းအတွင်းမှာ ပြန်လည် အသက်ဝင် လာတာဖြစ်ပါတယ်။ ကမ်းခြေဖက်ကို မျက်နှာမူထားတဲ့ Sea view အခန်းအများစုက Booking ပြည့်နေပြီး တန်ဆောင်တိုင်ပိတ်ရက်များအတွင်းမှာ ဧည့်သည်ဝင်ရောက်မှု များလာနိုင်တယ်လို့ ခရီးသွားကုမ္ပဏီတွေက သုံးသပ်ထားကြပါတယ်။ပြီးခဲ့တဲ့ သီတင်းကျွတ်ရုံးပိတ်တွေမှာလည်း ကမ်းခြေတွေမှာလာရောက်တည်းခိုသူတွေ အများစု ရှိခဲ့ပြီး ဒေသခံတွေအတွက်လည္း အလုပ်ကိုင်အခွင့်အလမ်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။