လာမည့်(၅)ရက် အတွင်း ကိုဗစ် ကူးစက်နှုန်း(၅)ရာခိုင်နှုန်း အောက်သာ ဆက်ရှိနေပါက ပြည်တွင်း၌ တတိယလှိုင်း ပြီးဆုံးပြီဟု သတ်မှတ်နိုင်
နေပြည်တော် နိုဝင်ဘာ ၃
အောက်တိုဘာလ (၂၃)ရက်မှစတင်ကာ ယနေ့အထိ ကိုဗစ်ကူးစက်သူ အရေအတွက်က (၅)ရာခိုင်နှုန်း အောက်သာရှိနေသဖြင့် လာမည့် (၅)ရက်အတွင်း ဆက်လက် ကျဆင်းနေလျှင်ပြည်တွင်း၌ ကိုဗစ်တတိယလှိုင်း ပြီးဆုံးပြီဟု ယူဆနိုင်ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနမှ သိရသည်။
ဇူလိုင်လအတွင်းမှာ ကိုဗစ်တတိယလှိုင်းကြောင့် ပြည်တွင်းမှာ ကူးစက်နှုန်းအမြင့်ဆုံး အခြေအနေဖြစ်ပေါ်ခဲ့ပြီး အောက်စီဂျင်လိုအပ်ချက် အပါအဝင်ကျန်းမာရေး ဝန်ထမ်းအားနည်းချက် များကြောင့် သေဆုံးသူ အရေအတွက်လည်း မြင့်မားခဲ့ရသည်။
လက်ရှိတွင် ကူးစက်သူ အရေအတွက်က (၅)ရာခိုင်နှုန်းအောက်တွင် ရှိနေသည်မှာ(၁၀)ရက် ရှိခဲ့ပြီဖြစ်တာကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ သုံးသပ်ချက်စံအရ လာမည့်(၅)ရက် အထိ ကူးစက်နှုန်းလျော့ကျနေလျှင် တတိယလှိုင်း ပြီးဆုံးပြီဟု သတ်မှတ်နိုင်မည်ဖြစ်သည်။
ယခုအလို ကူးစက်နှုန်းလျော့ကျလာသည့် အတွက် အစိုးရမှဖြေလျော့မှုများ ပြုလုပ်ပေးနေပြီး အခြေခံပညာကျောင်း များအပါအဝင် ရပ်တန့်နေရသည့် လုပ်ငန်းများအားလုံးကို ကိုဗစ်စည်းကမ်းနှင့် အညီ ပြန်လည် လုပ်ကိုင် ခွင့်ပြုလိုက်ပြီဖြစ်သည်။
နစက ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တတိယလှိုင်းကို လက်တွဲညီညီ အောင်မြင်စွာ ဖြတ်ကျော်နိုင် ခဲ့ပြီးနောက် စတုတ္ထလှိုင်း ထပ်မံ ဖြစ်ပွားရန်လုံးဝ လက်မခံနိုင်သဖြင့် ကိုဗစ်စည်းကမ်းများကို တိကျစွာလိုက်နာကြရန် သတိပေးပြောဆိုထားသည်။
Zaw Gyi
လာမည့္(၅)ရက္ အတြင္း ကိုဗစ္ ကူးစက္ႏႈန္း(၅)ရာခိုင္ႏႈန္း ေအာက္သာ ဆက္ရွိေနပါက ျပည္တြင္း၌ တတိယလႈိင္း ၿပီးဆုံးၿပီဟုသတ္မွတ္ႏိုင္
ေနျပည္ေတာ္ ႏိုဝင္ဘာ ၃ေအာက္တိုဘာလ (၂၃)ရက္မွစတင္ကာ ယေန႔အထိ ကိုဗစ္ကူးစက္သူ အေရအတြက္က (၅)ရာခိုင္ႏႈန္း ေအာက္သာရွိေနသျဖင့္ လာမည့္ (၅)ရက္အတြင္း ဆက္လက္ က်ဆင္းေနလွ်င္ျပည္တြင္း၌ ကိုဗစ္တတိယလႈိင္း ၿပီးဆုံးၿပီဟု ယူဆႏိုင္ေၾကာင္း က်န္းမာေရးဝန္ႀကီး ဌာနမွသိရသည္။
ဇူလိုင္လအတြင္းမွာ ကိုဗစ္တတိယလႈိင္းေၾကာင့္ ျပည္တြင္းမွာ ကူးစက္ႏႈန္းအျမင့္ဆုံး အေျခအေနျဖစ္ေပၚခဲ့ၿပီး ေအာက္စီဂ်င္လိုအပ္ခ်က္ အပါအဝင္က်န္းမာေရး ဝန္ထမ္းအားနည္းခ်က္ မ်ားေၾကာင့္ ေသဆုံးသူ အေရအတြက္လည္း ျမင့္မားခဲ့ရသည္။
လက္ရွိတြင္ ကူးစက္သူ အေရအတြက္က (၅)ရာခိုင္ႏႈန္းေအာက္တြင္ ရွိေနသည္မွာ(၁၀)ရက္ ရွိခဲ့ၿပီျဖစ္တာေၾကာင့္ ကမာၻ႔က်န္းမာေရး အဖြဲ႕ရဲ႕ သုံးသပ္ခ်က္စံအရ လာမည့္(၅)ရက္ အထိ ကူးစက္ႏႈန္းေလ်ာ့က်ေနလွ်င္ တတိယလႈိင္း ၿပီးဆုံးၿပီဟု သတ္မွတ္ႏိုင္မည္ျဖစ္သည္။
ယခုအလို ကူးစက္ႏႈန္းေလ်ာ့က်လာသည့္ အတြက္ အစိုးရမွေျဖေလ်ာ့မႈမ်ား ျပဳလုပ္ေပးေနၿပီး အေျခခံပညာေက်ာင္း မ်ားအပါအဝင္ ရပ္တန႔္ေနရသည့္ လုပ္ငန္းမ်ားအားလုံးကို ကိုဗစ္စည္းကမ္းႏွင္ါအညီ ျပန္လည္ လုပ္ကိုင္ ခြင့္ျပဳလိုက္ၿပီျဖစ္သည္။
နစက ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က တတိယလႈိင္းကို လက္တြဲညီညီ ေအာင္ျမင္စြာ ျဖတ္ေက်ာ္ႏိုင္ ခဲ့ၿပီးေနာက္ စတုတၳလႈိင္း ထပ္မံ ျဖစ္ပြားရန္လုံးဝ လက္မခံႏိုင္သျဖင့္ ကိုဗစ္စည္းကမ္းမ်ားကို တိက်စြာလိုက္နာၾကရန္ သတိေပးေျပာဆိုထားသည္။