(Unicode)
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သ မားများအဖွဲ့ချုပ်က လက်ရှိအချိန်ထိ သင်္ဘောသား တစ်သောင်းကျော်ကို ကိုဗစ်(၁၉)ရောဂါစစ်ဆေးပြီးဖြစ်
မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သ မားများအဖွဲ့ချုပ်(MSF)က လက်ရှိအချိန်အထိ သင်္ဘောသားတစ်သောင်းကျော်ကို ကိုဗစ်(၁၉)ရောဂါပိုးရှိ၊မရှိ စစ်ဆေးပေးခဲ့ပြီးဖြစ်သည်။
“၂၀၂၀ ပြည့်နှစ်၊မေလကစပြီး သင်္ဘောသားတွေကို ကိုဗစ်ရောဂါရှိ၊မရှိ စစ်ဆေးပေးခဲ့တယ် လက် ရှိအချိန်အထိစာရင်းတွေအရ ၁၃၇၁၁ ယောက်ရှိပါပြီ NHA မှာလည်းစစ်ဆေးပေးခဲ့သလို ကုတင် ၁၀၀၀ ဆေးရုံမှာလည်းစစ်ဆေးပေးခဲ့ပါတယ်”လို့ MSF ကတာဝန်ရှိသူတစ်ယောက်ပြောပါတယ်။
MSF ရဲ့အစီအစဥ်နဲ့ သင်္ဘောသားတွေကို ကိုဗစ်(၁၉)ရောဂါပိုး ရှိ၊မရှိစစ်ဆေးတဲ့အခါမှာ နှာ ခေါင်းတို့ဖတ်၊အာခေါင်တို့ဖတ်ယူပြီး စစ်ဆေးခဲ့ခြင်းဖြစ်ပါတယ်။စစ်ဆေးပြီးသူတွေက ရောဂါပိုးတွေ့ရှိခဲ့တဲ့ အယောက် ၂၀၀ ကျော်ကို သက်ဆိုင် ရာမြို့နယ်ကျန်းမာရေးဦးစီးဌာနတွေကတဆင့် Quarantine Centre တွေကိုပို့ဆောင်ပေးခဲ့ပါတယ်။
“ရောဂါပိုးတွေ့တဲ့ သင်္ဘောသားတွေကို အဖွဲ့ချုပ်ကနေ ကူညီပံ့ပိုးတာတွေလုပ်ပေးသလို မြန်မာ နိုင်ငံသားသင်္ဘောသားတွေ ပြန်လာတဲ့အခါမှာ Quarantine ဝင်ဖို့အတွက်လည်း စီစဥ်ဆောင်ရွက်ပေးနေပါတယ်”လို့ MSF တာဝန်ရှိသူကဆက်ပြောသည်။
(Zawgyi)
ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သ မားမ်ားအဖြဲ႕ခ်ဳပ္က လက္ရွိအခ်ိန္ထိ သေဘၤာသား တစ္ေသာင္းေက်ာ္ကို ကိုဗစ္(၁၉)ေရာဂါစစ္ေဆးၿပီးျဖစ္
ျမန္မာႏိုင္ငံပင္လယ္ကူးသေဘၤာသားအလုပ္သ မားမ်ားအဖြဲ႕ခ်ဳပ္(MSF)က လက္ရွိအခ်ိန္အထိ သေဘၤာသားတစ္ေသာင္းေက်ာ္ကို ကိုဗစ္(၁၉)ေရာဂါပိုးရွိ၊မရွိ စစ္ေဆးေပးခဲ့ၿပီးျဖစ္သည္။
“၂၀၂၀ ျပည့္ႏွစ္၊ေမလကစၿပီး သေဘၤာသားေတြကို ကိုဗစ္ေရာဂါရွိ၊မရွိ စစ္ေဆးေပးခဲ့တယ္ လက္ ရွိအခ်ိန္အထိစာရင္းေတြအရ ၁၃၇၁၁ ေယာက္ရွိပါၿပီ NHA မွာလည္းစစ္ေဆးေပးခဲ့သလို ကုတင္ ၁၀၀၀ ေဆး႐ုံမွာလည္းစစ္ေဆးေပးခဲ့ပါတယ္”လို႔ MSF ကတာဝန္ရွိသူတစ္ေယာက္ေျပာပါတယ္။
MSF ရဲ႕အစီအစဥ္နဲ႔ သေဘၤာသားေတြကို ကိုဗစ္(၁၉)ေရာဂါပိုး ရွိ၊မရွိစစ္ေဆးတဲ့အခါမွာ ႏွာ ေခါင္းတို႔ဖတ္၊အာေခါင္တို႔ဖတ္ယူၿပီး စစ္ေဆးခဲ့ျခင္းျဖစ္ပါတယ္။စစ္ေဆးၿပီးသူေတြက ေရာဂါပိုးေတြ႕ရွိခဲ့တဲ့ အေယာက္ ၂၀၀ ေက်ာ္ကို သက္ဆိုင္ ရာၿမိဳ႕နယ္က်န္းမာေရးဦးစီးဌာနေတြကတဆင့္ Quarantine Centre ေတြကိုပို႔ေဆာင္ေပးခဲ့ပါတယ္။
“ေရာဂါပိုးေတြ႕တဲ့ သေဘၤာသားေတြကို အဖြဲ႕ခ်ဳပ္ကေန ကူညီပံ့ပိုးတာေတြလုပ္ေပးသလို ျမန္မာ ႏိုင္ငံသားသေဘၤာသားေတြ ျပန္လာတဲ့အခါမွာ Quarantine ဝင္ဖို႔အတြက္လည္း စီစဥ္ေဆာင္႐ြက္ေပးေနပါတယ္”လို႔ MSF တာဝန္ရွိသူကဆက္ေျပာသည္။