(Unicode)
မြန်မာကိုယ်စားပြု ကိုယ်စားလှယ် မစေလွှတ်သည့် (၃၈)ကြိမ်နှင့်(၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး ယနေ့စတင်
နေပြည်တော် အောက်တိုဘာ ၂၆
မြန်မာနိုင်ငံကိုယ်စားပြု ကိုယ်စားလှယ် စေလွှတ်ခြင်းမရှိသည့် (၃၈)ကြိမ်နှင့်(၃၉)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးကို ယနေ့စတင်ကျင်းပလျက်ရှိသည်။
ယခု ထိပ်သီး အစည်းအဝေးမှာ အာဆီယံအဖွဲ့ကြီးစတင် ချိန်မှစတင်ကာ နိုင်ငံတစ်နိုင်ငံ၏ကိုယ်စားပြုအကြီးအကဲ မပါဝင်သည့် ပထမဆုံး အစည်းအဝေးဖြစ်လာသည်။
ယခု အာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်လည်း တက်ရောက်မည်ဟုသိရသည်။
ယနေ့စတင်ကျင်းပသည့် အွန်လိုင်း အစည်းအဝေးတွင် မြန်မာနိုင်ငံမှကိုယ်စားလှယ် တစ်ဦးမျှ မတက်ရောက်သည့်အတွက် “Myanmar”ဟူသည့် စာတမ်းကိုသာ ဖော်ပြခဲ့သည်။
(Zawgyi)