နေပြည်တော်၊ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့ရှိ အင်းလေးကန်ရေရှည် တည်တံခိုင်မြဲရေး၊ ရေဝေရေလဲဧရိယာ များထိန်းသိမ်းရေး နဲ့သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးတို့ အတွက်အင်းလေးကန် အနီးပတ်ဝန်းကျင်ရှိတောင်ကုန်း တွေပေါ်ကို တပ်မတော်က ရဟတ်ယာဉ် သုံးပြီးသစ်စေ့မြေလုံးတွေကြဲချခဲ့တယ်လို့သိရပါတယ်။
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တို့ပူးပေါင်းပြီး တပ်မတော် ရဟတ်ယာဥ်ဖြင့် မျိုးစေ့ကြဲချစိုက်ပျိုးခဲ့တာပါ။ မယ်ဇလီ၊ထင်းရှုး ၊ကယ်ရီရားနား၊ ဘောဇကိုင်း၊မန်ကျည်း၊ ရေသင်းဝင်၊မျောက်ငို၊ပင်စိမ်း စတဲ့သစ်စေ့မြေလုံး (Seed balls) စုစုပေါင်း ၂၀၀၀၀၀လုံးကို တပ်မတော်ရဟတ်ယာဥ် နဲ့သယ်ဆောင်ပြီးအင်းလေးကန် အနီးပတ်ဝန်းကျင်ရှိတောင်ကုန်း တွေပေါ်ကို မနေ့က ကြဲချစိုက်ပျိုး ခဲ့တာဖြစ်ပါတယ်။