ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ စက်သုံးဆီပမာဏက တစ်လကို ဓါတ်ဆီဂါလံ (၁.၄)သန်းခန့်သာ ရှိနေပြီး အသုံးပြုမှုက တစ်ရက်ကို ဂါလံ(၁.၅)သန်းကျော် ရှိနေတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ကနေသိရပါတယ်။
ဒါကြောင့် ပြည်တွင်းတစ်လ ထုတ်လုပ်မှု ပမာဏက ပြည်တွင်းမှာ တစ်ရက် စာ အသုံးပြုဖို့ အတွက်ပင် မလုံလောက်ဘဲ ပြည်ပကနေ အဓိက မှာယူ တင်သွင်းနေရတာ ဖြစ်ပါတယ်။
လက်ရှိကမ္ဘာ့ရေနံစိမ်းဈေးနှုန်း တွေက ဆက်လက်မြင့်တက်နေတာကြောင့် ပြည်တွင်း စက်သုံးဆီဈေးနှုန်းက ဆက်လက်မြင့်တက်လာဖွယ် ရှိနေတယ်လို ကုန်သည်များက သုံးသပ်ထားပါတယ်။
” ပြည်ပက တင်သွင်းမှု အနေနဲ့ကတော့ တစ်လပျမ်းမျှ ဓာတ်ဆီဂါလံ ၄၅ သန်းကျော်နဲ့ ဒီဇယ်ဂါလံ ၆၅ သန်းကျော် လောက် တင်သွင်းလျက် ရှိနေပါတယ်” လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနက တာဝန်ရှိသူတစ်ဦိးက ပြောပါတယ်။
ကမ္ဘာ့စက်သုံးဆီ ဈေးနှုန်းများက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ ခုနှစ်၊ ဧပြီလအတွင်း ကစပြီး ပျမ်းမျှ ၁၀ ရာခိုင်နှုန်းကျော်ခန့် မြင့်တက်လာတာဖြစ်ပါတယ်။