Wednesday, December 17, 2025

ဆန်အကြောင်းသိကောင်းစရာပြပွဲ ၂၀၂၅ (Yangon Rice...

မျိုးဆက်သစ် စားသုံးသူများအတွက် ဆန်အမျိုးအစားများ၊ ဈေးနှုန်းများ၊ အရည်အသွေးများ စသည့် ဆန်အကြောင်းသိကောင်းစရာများကို အသိပညာမျှဝေပေးခြင်း အစီအစဉ်နှင့် ဆန်အကြောင်း နားလည်သော ခေတ်မီ အိမ်ရှင်မများအား...

မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်မှုကြောင့် ဘီဘီစီက ဒေါ်လာ...

၂၀၂၁ ခုနှစ်တွင် ထရမ့်ကို ထောက်ခံသူများက အမေရိကန် ကက်ပီတယ်လ် အဆောက်အအုံကို မုန်တိုင်းထန်စီးနင်းခြင်းမပြုမီ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့် ဝါရှင်တန်၌ ပြောကြားခဲ့သည့်...

KK Park နယ်မြေမှ အွန်လိုင်းလိမ်လည်လောင်းကစားမှုတွင်...

ကရင်ပြည်နယ်၊ မြဝတီ-မဲ့ထော်သလေး(KK Park)နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် အဆောက်အအုံများအား လုံခြုံရေးအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ဖြိုချဖျ-က်ဆီးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ KK Park နယ်မြေရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများ...

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...
HomeCelebrities' Newsအေရီရယ်သုတ ရဲ့ ငါးနှစ်ကျော်ကြာ...

အေရီရယ်သုတ ရဲ့ ငါးနှစ်ကျော်ကြာ လက်တွဲလာတဲ့ Relationship အကြောင်း

မော်ဒလ်ယ် အေရီရယ်သုတက သူရဲ့ အချစ်ရေး နဲ့ပတ်သက်ပြီး ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ချပြထားသူပါ။ နှစ်ယောက်လုံးက အကြိုက်တွေ တူကြ တဲ့အတွက် ချစ်သူသက်တမ်း ငါးနှစ်ခွဲကာလမှာ အဆင် မပြေဖြစ်ခဲ့တာ မရှိပါဘူးဆိုတဲ့ အေရီရယ်တို့ နှစ်ဦးရဲ့ အချစ်ရေးက…

” အေရီရယ်ရဲ့ အချစ်ရေးက အားလုံးလည်း သိကြ မှာပါ။ အေရီရယ်က အမြဲတမ်း မိုးပိုက်နဲ့ အတူတူပုံ လေးတွေလည်း Public မှာတင်ပါ တယ်။ အေရီရယ်တို့ လုပ်နေတဲ့ အလုပ်တွေ တော်တော်များများလည်း လက်တွဲပြီးတော့ အတူတူ လုပ်ခွင့်ရတယ်ဆိုတော့ အေရီရယ် ကံကောင်းပါတယ်။ နှစ်ယောက်စလုံးက အကြိုက်တွေလည်းတူကြတယ်။ စိတ်ဝင်စားတဲ့ အရာ လေးတွေ၊ ဝါ သနာပါတာတွေကလည်း အတူတူပဲ ဖြစ်တဲ့အတွက် တော်တော်လေးကို အဆင်ပြေပြေလေး ရှိတယ်။ သိပ်ပြီး မညှိရတော့ဘူးပေါ့နော်။ စိတ်ဝင်စား မှုတူတဲ့အတွက် ပြောစရာတွေလည်း အမြဲရှိတယ်။ အလုပ်အတူတူ လုပ်ရင်းနဲ့ပဲ တွေ့ဖြစ်ကြတာများ          တယ်။ အေရီရယ်တို့ အတူတူရှိလာတာ ငါးနှစ်ခွဲ လောက်ရှိခဲ့ပြီ။ ဒီအချိန် ကာလအတွင်းမှာ ပြသနာ ကြီးကြီးမားမား တစ်ခါမှ မတက်ဖူးပါဘူး။ အဓိကက တစ်ယောက်နဲ့ တစ်ယောက် အမြဲစကားကို မချွင်း မချန်ပြောတယ်။ စိတ်ထဲမှာ၊ ရင်ထဲမှာ သိမ်းထားတာ မျိုးဆိုတာ မကောင်းပါဘူး။ သူနဲ့ ကိုယ်နဲ့ကြားမှာ အဲဒီလိုမျိုးတွေမရှိ ရင်ပိုကောင်းပါတယ်” လို့ ပြောပြပါ တယ်။  ဒါကြောင့် ဝါကျွတ်ကာလမှာ အေရီရယ်သုတ အတွက် ထူးခြားမှုရှိမလားလိုးမေးမြန်းတော့…

“အခု လောလောဆယ်မှာတော့ အေရီရယ်တို့ နှစ်ယောက်စလုံးက  ကိုယ်ကြိုးစားချင်တာတွေ အများ ကြီးရှိသေးတဲ့အတွက် နှစ်ယောက်စလုံး အလုပ်တွေ အများကြီး ဆက်လုပ်ကြ ရဦးမယ်။ အကယ်၍ ထူးခြား တာတွေ ရှိလာရင် အားလုံးကို ပြောပြမှာပါ ရှင့်” လို့ ပြောပါတယ်။ အေရီရယ်သုတက မိတ်ကပ်ပညာရှင် မေဦးနဲ့ အတူ ဖန်တီးထားတဲ့  မိန်းကလေးများအတွက် Beauty Magic ဆိုတဲ့ Page အကြောင်းကို “အခု နောက်ပိုင်းမှာ Fashion နဲ့ပက်သက်ပြီး အခွင့်အလမ်းတွေ အများကြီး ပေါ်လာတဲ့အတွက် အေ ရီရယ်တို့လို မော်ဒလ်ယ်တွေ အားတက်ရပါတယ်။ အေရီရယ်လည်း အခု Photo shoot တွေရော၊ Fashion Editorial တွေရော အများကြီး ရိုက် ထားပါတယ်။ မေဦးနဲ့လည်း ဖန်တီးမှု အသစ်တစ်ခု စလုပ်နေပါတယ်။ မေဦးနဲ့လည်း နှစ်ယောက် အတူတူ Beauty Magic လို့ အမည်ပေးထားတဲ့ Page လေး လည်းဖွင့်ထားတယ်။ မေဦးနဲ့ နှစ်ယောက်ခရီးတွေ သွားကြ၊ မုန့်တွေ စားကြ၊  အလှတွေပြင်ကြနဲ့ ပျော်ပျော်ပါးပါး ဖန်တီးထား တယ်။ အထူးသဖြင့် လူငယ်တွေကို Share လုပ် ပေးတဲ့ Page လေးပါ။ ဒီ Page လေးက အသစ်ဖြစ်တဲ့အတွက် ပရိသတ်တွေလည်း အားပေးပြီး ဝေဖန်ကြပါလို့ ပြော ချင်ပါတယ်” လို့ အေရီ ရယ်သုတက ပြောပြပါတယ်။

မြတ်မိုးပွင့်
ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကောင်းသောလူသိများပုံမျိုးနဲ့အနုပညာလောကထဲ ဝင်ရောက်လာခဲ့တာမဟုတ်တာမို့ ဆက်ပြီးကြိုးစားရဦးမှာပါလို့ သရုပ်ဆောင် ဖြူဖြူထွေး

"ညီမက မိသားစုမွေးချင်းထဲမှာ အငယ်ဆုံးဆိုတော့ နည်းနည်းတော့ဆိုးတယ်။ ဒါပေမဲ့ မိဘတွေကိုတော့...

ဘောင်တစ်ခုရဲ့ အပြင်ကလူ

နှုတ်မဆက် လက်မပြ ရုတ်တရက် ပျောက်ကွယ်သွားခဲ့ရင် ....

မုတိညာ

ဘယ်မှာလဲ မုဒိတာပဋိသန္ဓာရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071