
ဧရာဝတီဘဏ်တွင် ငွေလာလွှဲသည့်သူထံက ၁၀၀၀၀ တန် ငွေစက္ကူအတုများဖမ်းမိ
စစ်တွေမြို့၊ ရူပတောင်ရပ်ကွက်၊ လမ်းမကြီးလမ်း၊ အမှတ် (၁၇၆)ရှိ ဧရာဝတီဘဏ်ခွဲသို့ ငွေလာလွှဲသူ အမျိုးသားတစ်ဦးထံက ၁၀၀၀၀တန် ငွေစက္ကူအတုများဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ပြီးခဲ့သော ဇွန်၂၁ရက်နေ့တွင် စစ်တွေမြို့နယ် သဲချောင်းကျေးရွာနေ ဦးကျော်မြင့် (ခ)မာမွတ်အီစွတ် ၊ (ဘ) ဦးမာမောက်ချော်ဘီ၊ ၃၈ နှစ်၊ ဘင်္ဂါလီ/အစ္စလာမ်သည် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နေ ဦးတွတ် (L55 Shwe Hintha ကုမ္ပဏီ ) ၏ဘဏ်အကောင့်သို့ ထန်းလျက်ဖိုး ငွေကျပ်သိန်း ၁ဝဝ (တစ်သောင်းကျပ်တန်ရွက် ရေ ၁ဝဝဝ)လွှဲရန် လာရောက်ပေးသွင်းစဉ် ငွေတစ်သောင်းတန်ကျပ် ၁ဝဝဝ ရွက် အနက် တစ်သောင်းကျပ် တန်ငွေစက္ကူအတု ၃၅ ရွက်တွေ့ရှိ၍ ဗဟိုဘဏ်၏ညွှန် ကြားချက်အရ လိုအပ်သည့်စစ်ဆေးမှုများပြုလုပ်ရန် ဘဏ်ခွဲတာဝန်ခံ ဦးသာစိုး အောင်မှ စစ်တွေမြို့မရဲစခန်း သို့လာရောက်အပ်နှံခဲ့ရာ စခန်းမှူးမှလက်ခံသိမ်း ဆည်းခဲ့သည်ဟု သိရှိရသည်။
ငွေစက္ကူအတုများတွေ့ရှိမှုနှင့်ပတ်သက်၍ တာဝန်ရှိသူအဖွဲ့တို့မှ ပူးပေါင်း စစ်ဆေးခဲ့ရာ စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာနေ ဦးကျော်မြင့်(ခ) မာမွတ်အီစွတ်သည် သဲချောင်းယာယီဈေး၌ စားသောက်ကုန်များ လက္ကားရောင်းချရာမှ ပါလာသည့် ငွေစက္ကူများဖြစ်သည်ဟုသိရှိရပြီး လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။