ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် မိနစ် ၂၀ ခန့်ကြာမီးလောင်မှုဖြစ်ပွား အမျိုးသမီး ၂ ဦးသေဆုံး

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် မိနစ် ၂၀ ခန့်ကြာမီးလောင်မှုဖြစ်ပွား အမျိုးသမီး ၂ ဦးသေဆုံး
June 23, 2022 Popular Journal

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် မိနစ် ၂၀ ခန့်ကြာမီးလောင်မှုဖြစ်ပွား အမျိုးသမီး ၂ ဦးသေဆုံး

ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ၉၁ ရပ်ကွက်ရှိ စားသောက်ဆိုင်တစ်ခုတွင် ဇွန် ၂၃ ရက်နံနက် ၅ နာရီ ၄၈ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

အဆိုပါ စားသောက်ဆိုင်သည် ၉၁ ရပ်ကွက်ရှိ ကနောင်လမ်းမကြီးပေါ်၌ရှိကာ မီးလောင်ကျွမ်းမှုဖြစ်စဥ်အား ဒဂုံဆိပ်ကမ်းမြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်နေသူများက ဝိုင်းဝန်းငြိမ်းသတ်ပေးခဲ့ကြသည်၊

ထိုသို့ ငြိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၅ နာရီ ၅၈ မိ နစ်၌ မီးထိန်းနိုင်ခဲ့ပြီး နံနက် ၆ နာရီ ၈ မိနစ်တွင် မီး ငြိမ်းသွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

မီးလောင်မှုဖြစ်စဥ်၌ အမျိုးသမီး ၂ ဦး သေဆုံးခဲ့သဖြင့် လူမှုကူညီရေးအသင်းဝင်များနှင့်ကြက် ခြေနီတပ်ဖွဲ့ဝင်များက ပူးပေါင်းသယ်ထုတ်၍ မြို့နယ်ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့တောင်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရသည့်အကြောင်း ရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*