နစက နှင့်ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် DKBA အဖွဲ့ပြန်လည်ထွက်ခွာ

နစက နှင့်ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် DKBA အဖွဲ့ပြန်လည်ထွက်ခွာ
June 22, 2022 Popular Journal

နစက နှင့်ငြိမ်းချမ်းရေးဆွေးနွေးပြီးနောက် DKBA အဖွဲ့ပြန်လည်ထွက်ခွာ

နစက ဥက္ကဋ္ဌ၏ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်မှုအား လာရောက်ဆွေးနွေးခဲ့သည့် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှ စစ်ဦးစီးချုပ်အဆင့်ရှိစောစတီး ဦးဆောင်သည့်ကိုယ်စား လှယ်အဖွဲ့သည် ဇွန် ၂၂ ရက်(ယနေ့)နံနက် ၈ နာရီခွဲက ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။

DKBA မှစစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နေပြည် တော်မှတဆင့် ကားများဖြင့်ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

DKBA မှ စစ်ဦးစီးချုပ်အဆင့်ရှိ စောစတီး ဦး ဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့်တာဝန်ရှိသူများ ၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊အနုပ ညာဦးစီးဌာနမှ တိုင်းရင်းသား၊တိုင်းရင်းသူများ၊ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဒေသခံများက ပို့ ဆောင်နှုတ်ဆက်ခဲ့ကြသည်။

“ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ငြိမ်း ချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊တိုင်းရင်းသားတွေစည်း လုံးမှ ငြိမ်းချမ်းတည်ငြိမ်အေးချမ်းရ” ဆိုသည့် ဆိုင်းဘုတ်များ၊နိုင်ငံတော်အလံငယ်များကိုင်ဆောင်၍ ပို့ဆောင်နှုတ်ဆက်ခဲ့ကြခြင်းဖြစ်သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*