၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းဘာသာရပ်( ၁၁ )ခုအတွက် လုပ်သက်ကန့်သတ်ချက်မရှိဘဲ ဘွဲ့လွန်ပညာသင်ကြားခွင့်ရရှိမည်

၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းဘာသာရပ်( ၁၁ )ခုအတွက် လုပ်သက်ကန့်သတ်ချက်မရှိဘဲ ဘွဲ့လွန်ပညာသင်ကြားခွင့်ရရှိမည်
June 20, 2022 Popular Journal

၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းဘာသာရပ်( ၁၁ )ခုအတွက် လုပ် သက်ကန့်သတ်ချက်မရှိဘဲ ဘွဲ့လွန်ပညာသင်ကြားခွင့်ရရှိမည်

ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းမှ မန္တလေးတိုင်း၊ညောင်ဦးမြို့ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများအား ဇွန် ၁၉ ရက်နံနက်ပိုင်းကတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ဆေးရုံကြီးများ၌ အကူသူနာပြုသင်တန်းများအားဖွင့်လှစ်လျက်ရှိကာ သူနာပြုများ၏ ရာထူးအခွင့်အလမ်းများကို သတ်မှတ်ချက်များနှင့်အညီ တိုးမြှင့်ရေးဆောင်ရွက်ပေးလျက်ရှိပြီး ဆ ရာဝန်များအတွက် ပြည်တွင်း၊ပြည်ပသင်တန်းများ၊အစည်းအဝေးများနှင့်နှီးနှောဖလှယ်ပွဲများသို့သွားရောက်၍ ပညာလေ့လာဆည်းပူးနိုင်ရန် စိစစ်ပံ့ပိုးပေးလျက်ရှိသည်ဟုပြောသည်။

“၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် ဘွဲ့လွန်ဆေးပညာသင်တန်းတွေဖွင့်လှစ်ဖို့ဆောင်ရွက်လျက် ရှိရာမှာ ဘာသာရပ်( ၁၁ )ခုအတွက် လုပ်သက်ကန့် သတ်ချက်မရှိဘဲ ဘွဲ့လွန်ပညာသင်ကြားခွင့်ရရှိမှာဖြစ်ပါတယ် ဓာတ်မှန်လိုဘာသာရပ်တွေအတွက် ရန်ကုန်၊မန္တလေး၊နေပြည်တော်မှာရှိတဲ့ ပါမောက္ခတွေရဲ့ အကြံပြုချက်တွေကိုရယူနိုင်မယ့် Teleconsultation၊ Teleradiology စနစ်ကိုလုပ် ဆောင်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းကပြောသည်။

ထို့ပြင် ကိုဗစ်(၁၉)ရောဂါနှင့်ပတ်သက်သည့်ထိန်းချုပ်မှုများအား ဖြေလျှော့၍ခရီးသွားလုပ်ငန်းပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိကာ နိုင်ငံတကာလေကြောင်းလိုင်းများ ပြေးဆွဲမှုဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာလေဆိပ်များ၌ RDT စစ်ဆေးပေးခြင်းဖြင့် မိမိတို့လိုရာသို့ ဆက်လက်သွားရောက်နိုင်အောင်ဆောင် ရွက်ပေးခဲ့သည်ဟုပြောသည်။

“နိုင်ငံတကာခရီးသွားတွေအတွက် ကျန်းမာရေးအာမခံစနစ်ကိုလည်း နိုင်ငံတော်ကစီစဉ်ဆောင် ရွက်ပေးထားသလို Monkeypox ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေဖို့အတွက်လည်း နိုင်ငံတကာခရီး သွားတွေအတွက် Health Declaration Card တွေပြုစုပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေပါတယ်”ဟု ပြည်ထောင်စုဝန်ကြီးကပြောသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*