လွိုင်ကော်မြို့တွင် ကားမောင်းလာသည့် (၈၃) နှစ်အရွယ်အဘိုး ခေါင်းမူးကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးစျေးသည်များအားဝင်တိုက် ၉ ဦးဒဏ်ရာရ

လွိုင်ကော်မြို့တွင် ကားမောင်းလာသည့် (၈၃) နှစ်အရွယ်အဘိုး ခေါင်းမူးကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးစျေးသည်များအားဝင်တိုက် ၉ ဦးဒဏ်ရာရ
May 14, 2022 Popular Journal

လွိုင်ကော်မြို့တွင် ကားမောင်းလာသည့် (၈၃) နှစ်အရွယ်အဘိုး ခေါင်းမူးကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးစျေးသည်များအားဝင်တိုက် ၉ ဦးဒဏ်ရာရ


ကယားပြည်နယ်၊လွိုင်ကော်မြို့၊သီရိမင်္ဂလာတောင်စျေး(လွိုင်ကော်မြို့မစျေး)၏ အရှေ့ဖက်စျေးတန်း၌ မေ ၁၄ ရက်(ယနေ့)နံနက် ၁၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်။

ဖြစ်စဥ်တွင် ကားမောင်းနှင်လာသည့် ဦးစတန်နီ(၈၃)နှစ်သည် ရုတ်တရက်မူးဝေလာကာ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး၌စျေးရောင်းချနေသည့် စျေးသည်များအားဝင်တိုက်မိခဲ့ခြင်းဖြစ်သည်။

“ကားမောင်းလာတဲ့အဘက လေဖြတ်ပြီးပြန်ကောင်းလာတာသိပ်မကြာသေးဘူးလို့ သိရတယ် သွေးတိုးရောဂါလည်းရှိတယ် အခုကားမောင်းလာရင်းနဲ့ရုတ်တရက်ခေါင်းမူးသွားတော့ အရှိန်မထိန်းနိုင်ဘဲ စျေးသည်တွေကိုဝင်တိုက်ပြီး သစ်ပင်ကိုထပ်တိုက်ပြီးရပ်သွားတာ”ဟုရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် အသက်(၁၂)နှစ်အရွယ်ကလေးငယ် မိန်းကလေးတစ်ဦးအပါအဝင် အမျိုးသား၊အမျိုးသမီး ၇ ဦး၊ကားမောင်းလာသူနှင့်ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး ၁ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသည်။

“အားလုံးပေါင်း ၉ ယောက်ဒဏ်ရာရတယ် ၇ ယောက်ကတော့မစိုးရိမ်ရပါဘူး မဆောင်းနှင်းဖြူ(၁၂)နှစ်နဲ့မနန့်ပရင့်စကာ(၃၁)နှစ်တို့ကတော့ စိုးရိမ်ရတဲ့အနေအထားရှိပါတယ်”ဟုရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းနှင့်ရွှေညောင်ပင်ပရဟိတအသင်းတို့မှ အရေးပေါ်ပြုစုကုသမှုများပြုလုပ်၍ လွိုင်ကော်ဆေးရုံကြီးသို့ဆေးကုသမှုခံယူရန်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*