
ရေရှားပါးတဲ့ နေရာတွေမှာ ရေကား ၆ စီးစာ ရေဂါလံပေါင်း ၁၀၀၀၀ ကျော်လှူဒါန်းပေးခဲ့တဲ့ ဝတ်မှုန်ရွှေရည်
ဝတ်မှုန်ရွှေရည်ကတော့ မနေ့က ဧပြီလ၁ ရက်နေ့မှာ ေရရှားပြီးလိုအပ်တဲ့နေရာများအတွက် ရေရှားပါးတဲ့ နေရာတွေမှာ ရေကား ၆ စီးစာရေဂါလံပေါင်း ၁၀၀၀၀ ကျော်လှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။
အခုလိုလှူဖြစ်တာနဲ့ ပတ်သက်ပြီးဝတ်မှုန်ရွှေရည် က” April လ အစမှာ ရေ အလှူကုသိုလ်လေးတစ်ခုလုပ်ဖြစ်ပါတယ်။ မြောက်ဒဂုံမြို့နယ် (၄၁) တိုးချဲ့ရပ်ကွက် မဟာမြိုင်အိမ်ရာ သာယာရေး ကော်မတီနဲ့ ချိတ်ဆက်ပြီးရေ ရှားပါးတဲ့ နေရာတွေမှာ ရေကား (၆) စီးစာ ရေ ဂါလံပေါင်း ၁၀,၀၀၀ ကျော် အလှူပြုလုပ်ခဲ့ပါတယ်။ ကစ်ရဲ့ လက်လှမ်းမိသလောက်အလှူလေး ကတကယ်လိုအပ်နေတဲ့ ရပ်ကွက် လူတစ်စုအတွက် ထောက်ပံ့ပေးနိုင်တယ်ဆိုရင်ပဲ ပီတိဖြစ်မိပါတယ်။ ” လို့သူမလက်ရှိအသုံးပြုနေတဲ့လူမှုကွန်ယက်စာမျက်နှာမှာရေးသားခဲ့ပါတယ်။
0
0