
မေမေ့ရဲ့ကိုယ်ပွားလေးဖြစ်လာမယ့်သမီးလေးက မေ့မေ့ဘဝရဲ့အကောင်းဆုံးမွေးနေ့လက် ဆောင်ပါလို့ပြောခဲ့တဲ့ အဆိုတော်အိမ့်ချစ်
ယနေ့မတ်လ ၃၁ ရက်နေ့ကတော့ အဆိုတော်အိမ့်ချစ်ရဲ့မွေးနေ့မဂ်လာရက်မြတ်လေးပဲ ဖြစ်ပါတယ်။ အခုလိုမွေးနေ့ရက်မြတ်လေးမှာ သူမရဲ့ ကိုယ်ပွားလေးဖြစ်တဲ့သမီးလေးကတော့သူမဘဝရဲ့ အကောင်းဆုံးမွေးနေ့လက်ဆောင်ပါပဲလို့ အိမ့်ချစ်ကပြောပါတယ်။
အခုလိုသမီးလေးကိုပိုင်ဆိုင်ရတဲ့အပေါ် အဆိုတော်အိမ့်ချစ်က” ဒီနှစ်မွေးနေ့လေးကတော့ဗိုက်ထဲမှာ မီးမီးလေးနဲ့ပေါ့ပျော်ရွှင်စရာမကောင်းတဲ့အချိန်မှာကျရောက်တဲ့မွေးနေ့မှာသမီးလေးရှိနေပြီဆိုတဲ့အတွေးလေးနဲ့ကျေနပ်ပျော်ရွှင်ရတယ်မေမေ့သမီးလေးရေ
မေမေ့ရဲ့ကိုယ်ပွါးလေးဖြစ်လာမယ့်သမီးလေးကမေမေ့အတွက်အကောင်းဆုံးမွေးနေ့လက်ဆောင်လေးပါပဲမေမေ့ရဲ့မွေးနေ့ဆုတောင်းလေးကလဲ သမီးလေးကျန်းကျန်းမာမာနဲ့မွေးဖွားလာဖို့ပါပဲ ” လို့သူမလက်ရှိအသုံးပြုနေတဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
အဆိုတော်အိမ့်ချစ်တို့ဇနီးမောင်နှံက ၂၀၂၀ ဇွန်လ ၂၇ ရက်နေ့မှာမဂ်လာဦးဆွမ်းကျွေးအလှူအဖြစ်အေးချမ်းအောင်မြေအုတ်ခွက်ဘုရားကျောင်းမှ သံယာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။