
(Unicode)
မြဝတီမြို့ အာရှလမ်းမကြီးပေါ်ရှိ မြို့ဝင်ကြေးကောက်ခံသည့်ဂိတ်ပစ်ခတ်ခံရ၍ တစ်ဦးသေဆုံး
ကရင်ပြည်နယ်၊မြဝတီမြို့၊သင်္ဃန်းညီနောင်မြို့အထွက် အာရှလမ်းမကြီးပေါ်ရှိ မြို့ဝင်ကြေးကောက်ခံသည့် ဂိတ်အား မတ် ၂၂ ရက်(ယနေ့) နံနက်ပိုင်းက သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် တစ်ဦးသေဆုံးကာ ၂ ဦးထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း ဒေသခံများထံမှသိရသည်။
မြို့ဝင်ကြေးကောက်ခံသည့်ဂိတ်အား အမည်မသိလက်နက်ကိုင်အဖွဲ့မှ ယနေ့နံနက် ၉ နာရီကျော်ခန့်၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သိရသလောက်ကတော့ အဝေးကနေသေနတ်နဲ့ပစ်တယ် အပြန်အလှန်ပစ်ခတ်တာတော့မရှိခဲ့ဘူး မြို့ဝင်ကြေးကောက်တဲ့ သုံးယောက်ထိသွားတယ် ပစ်ခတ်မှုဖြစ်စဥ်က မကြာလိုက်ဘူး”ဟုဒေသခံတစ်ဦးကပြောသည်။
အမည်မသိလက်နက်ကိုင်အဖွဲ့၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် မြို့ဝင်ကြေးကောက်ခံသည့် အမျိုးသား ၃ ဦးတွင်ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးရုံသို့ဆေးကုသရန်ပို့ဆောင်စဥ် အမျိုးသားတစ်ဦးမှာ လမ်း၌သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ကျန်အမျိုးသားနှစ်ဦးမှာလည်း ကျည်ထိမှန်ဒဏ်ရာများမှာ စိုးရိမ်ရသဖြင့် ဆေးကုသမှုအား မပြတ်စောင့်ကြည့်ကုသပေးနေရကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှသိရသည်။
အခင်းဖြစ်စဥ်မှ မြို့ဝင်ကြေးဂိတ်အား သေနတ်ဖြင့်ပစ်ခတ်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက နယ်မြေခံလုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်း၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
(Zawgyi)
ျမဝတီၿမိဳ႕ အာရွလမ္းမႀကီးေပၚရွိ ၿမိဳ႕ဝင္ေၾကးေကာက္ခံသည့္ဂိတ္ပစ္ခတ္ခံရ၍ တစ္ဦးေသဆုံး
ကရင္ျပည္နယ္၊ျမဝတီၿမိဳ႕၊သဃၤန္းညီေနာင္ၿမိဳ႕အထြက္ အာရွလမ္းမႀကီးေပၚရွိ ၿမိဳ႕ဝင္ေၾကးေကာက္ခံသည့္ ဂိတ္အား မတ္ ၂၂ ရက္(ယေန႔) နံနက္ပိုင္းက ေသနတ္ျဖင့္ပစ္ခတ္ခံရသျဖင့္ တစ္ဦးေသဆုံးကာ ၂ ဦးထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း ေဒသခံမ်ားထံမွသိရသည္။
ၿမိဳ႕ဝင္ေၾကးေကာက္ခံသည့္ဂိတ္အား အမည္မသိလက္နက္ကိုင္အဖြဲ႕မွ ယေန႔နံနက္ ၉ နာရီေက်ာ္ခန္႔၌ ေသနတ္ျဖင့္ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“သိရသေလာက္ကေတာ့ အေဝးကေနေသနတ္နဲ႔ပစ္တယ္ အျပန္အလွန္ပစ္ခတ္တာေတာ့မရွိခဲ့ဘူး ၿမိဳ႕ဝင္ေၾကးေကာက္တဲ့ သုံးေယာက္ထိသြားတယ္ ပစ္ခတ္မႈျဖစ္စဥ္က မၾကာလိုက္ဘူး”ဟုေဒသခံတစ္ဦးကေျပာသည္။
အမည္မသိလက္နက္ကိုင္အဖြဲ႕၏ ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ ၿမိဳ႕ဝင္ေၾကးေကာက္ခံသည့္ အမ်ိဳးသား ၃ ဦးတြင္က်ည္ထိမွန္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ ေဆး႐ုံသို႔ေဆးကုသရန္ပို႔ေဆာင္စဥ္ အမ်ိဳးသားတစ္ဦးမွာ လမ္း၌ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။
အလားတူ က်န္အမ်ိဳးသားႏွစ္ဦးမွာလည္း က်ည္ထိမွန္ဒဏ္ရာမ်ားမွာ စိုးရိမ္ရသျဖင့္ ေဆးကုသမႈအား မျပတ္ေစာင့္ၾကည့္ကုသေပးေနရေၾကာင္း လုံၿခဳံေရးအဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွသိရသည္။
အခင္းျဖစ္စဥ္မွ ၿမိဳ႕ဝင္ေၾကးဂိတ္အား ေသနတ္ျဖင့္ပစ္ခတ္ခဲ့သူမ်ားအား ဖမ္းဆီးရမိေရးအတြက္ လုံၿခဳံေရးအဖြဲ႕ဝင္မ်ားက နယ္ေျမခံလုံၿခဳံေရးအဖြဲ႕မ်ားႏွင့္ပူးေပါင္း၍ စုံစမ္းစစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။