ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို တစ်ပေါင်းတည်းစွဲဆိုထားသော ရွေးကောက်ပွဲဆိုင်ရာအမှု အမြဲတမ်းအတွင်းဝန်ကို စစ်ဆေးပြီးစီး

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို တစ်ပေါင်းတည်းစွဲဆိုထားသော ရွေးကောက်ပွဲဆိုင်ရာအမှု အမြဲတမ်းအတွင်းဝန်ကို စစ်ဆေးပြီးစီး
March 19, 2022 Popular Journal

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သုံးဦးကို တစ်ပေါင်းတည်းစွဲဆိုထားသော ရွေးကောက်ပွဲဆိုင်ရာအမှု အမြဲတမ်းအတွင်းဝန်ကို စစ်ဆေးပြီးစီး

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဝန်ကြီးဟောင်း ဦးမင်းသူတို့ သုံးဦးကို တစ်ပေါင်းတည်းစွဲဆိုထားသော ရွေးကောက်ပွဲတွင် မလျော်သြဇာသုံး၍ မဲမသမာမှုပြုလုပ်သောပုဒ်မ ၁၃၀-က အမှုအတွက် ပြည်ထောင်စုအစိုးရအဖွဲံရုံး အမြဲတမ်းအတွင်းဝန် ကို တရားလိုပြသက်သေ စစ်ဆေးမှု ပြီးစီးခဲ့ကြောင်း တရားရုံးနှင့်နီးစပ်သူအချို့ထံမှသိရသည်။

အဆိုပါ စစ်ဆေးမှုကို မတ်လ၁၈ ရက်တွင် စစ်ဆေးကြားနာခဲ့ခြင်းဖြစ်ပြီး၊ နေပြည်တော်ကောင်စီဝန်း ဇဗ္ဗူသီရိမြို့နယ် အထူးသီးသန့်တရားရုံးတွင် ရုံးထုတ်ကြားနာခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

တရားလိုပြသက်သေ အမြဲတမ်းအတွင်းဝန် ဦးဇော်သန်းသင်းထွက်ဆိုရာတွင် ၎င်းအနေဖြင့် မဲဆန္ဒရှင် စာရင်းများ မှန်ကန်စေရန် အတွက် ကူညီပေးရေး အဖွဲ့ကို ဖွဲ့စည်းသည့် ကိစ္စအပေါ် တာဝန်ရှိသည့်အတိုင်း စာထုတ်ပြန် ပေးခဲ့ကြောင်း အစရှိသည်တို့ကို ထွက်ဆိုသွားကြောင်း သိရသည်။

ရုံးထုတ်တွင် နှစ်ဘက်ရှေ့နေများက ပြန်လှန်စစ်ဆေးမေးမြတ်းမှုများ အသီးသီးပြုလုပ်ထဲ့ကာ တရားခွင်အား ရပ်နားခဲ့ကြောင်းသိရသည်။

အဆိုပါ အမှုတွင် တရားလိုအပါအဝင် တရားလိုပြသက်သေ ၂၂ ဦး တင်သွင်းထားပြီး လက်ရှိတွင် သုံးဦးစစ်ဆေးပြီးစီးသွားပြီဖြစ်ကြောင်းသိရသည်။

အမှုအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ညွှန်မှူး ဦးအောင်မျိုးလွင်က တရားလိုပြုလုပ်တိုင်တန်းထားသော အမှုတစ်ခုဖြစ်ကြောင်းသိရသည်။

Zaw Gyi

ေဒၚေအာင္ဆန္းစုၾကည္အပါအဝင္ သုံးဦးကို တစ္ေပါင္းတည္းစြဲဆိုထားေသာ ေ႐ြးေကာက္ပြဲဆိုင္ရာအမႈ အၿမဲတမ္းအတြင္းဝန္ကို စစ္ေဆးၿပီးစီး

ေဒၚေအာင္ဆန္းစုၾကည္၊ ဦးဝင္းျမင့္ႏွင့္ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန ဝန္ႀကီးေဟာင္း ဦးမင္းသူတို႔ သုံးဦးကို တစ္ေပါင္းတည္းစြဲဆိုထားေသာ ေ႐ြးေကာက္ပြဲတြင္ မေလ်ာ္ၾသဇာသုံး၍ မဲမသမာမႈျပဳလုပ္ေသာပုဒ္မ ၁၃၀-က အမႈအတြက္ ျပည္ေထာင္စုအစိုးရအဖြဲံ႐ုံး အၿမဲတမ္းအတြင္းဝန္ ကို တရားလိုျပသက္ေသ စစ္ေဆးမႈ ၿပီးစီးခဲ့ေၾကာင္း တရား႐ုံးႏွင့္နီးစပ္သူအခ်ိဳ႕ထံမွသိရသည္။

အဆိုပါ စစ္ေဆးမႈကို မတ္လ၁၈ ရက္တြင္ စစ္ေဆးၾကားနာခဲ့ျခင္းျဖစ္ၿပီး၊ ေနျပည္ေတာ္ေကာင္စီဝန္း ဇဗၺဴသီရိၿမိဳ႕နယ္ အထူးသီးသန္႔တရား႐ုံးတြင္ ႐ုံးထုတ္ၾကားနာခဲ့ၾကျခင္းျဖစ္ေၾကာင္းသိရသည္။

တရားလိုျပသက္ေသ အၿမဲတမ္းအတြင္းဝန္ ဦးေဇာ္သန္းသင္းထြက္ဆိုရာတြင္ ၎အေနျဖင့္ မဲဆႏၵရွင္ စာရင္းမ်ား မွန္ကန္ေစရန္ အတြက္ ကူညီေပးေရး အဖြဲ႕ကို ဖြဲ႕စည္းသည့္ ကိစၥအေပၚ တာဝန္ရွိသည့္အတိုင္း စာထုတ္ျပန္ ေပးခဲ့ေၾကာင္း အစရွိသည္တို႔ကို ထြက္ဆိုသြားေၾကာင္း သိရသည္။

႐ုံးထုတ္တြင္ ႏွစ္ဘက္ေရွ႕ေနမ်ားက ျပန္လွန္စစ္ေဆးေမးျမတ္းမႈမ်ား အသီးသီးျပဳလုပ္ထဲ့ကာ တရားခြင္အား ရပ္နားခဲ့ေၾကာင္းသိရသည္။

အဆိုပါ အမႈတြင္ တရားလိုအပါအဝင္ တရားလိုျပသက္ေသ ၂၂ ဦး တင္သြင္းထားၿပီး လက္ရွိတြင္ သုံးဦးစစ္ေဆးၿပီးစီးသြားၿပီျဖစ္ေၾကာင္းသိရသည္။

အမႈအတြက္ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ၫႊန္မႉး ဦးေအာင္မ်ိဳးလြင္က တရားလိုျပဳလုပ္တိုင္တန္းထားေသာ အမႈတစ္ခုျဖစ္ေၾကာင္းသိရသည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*