ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို့တွင်ကျင်းပ
January 21, 2022 Popular

(Unicode)

ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ရန်ကုန်မြို့ Park Royal Hotel ၌ထိုင်းဘုရင့်တပ်မ တော်နေ့အထိမ်းအမှတ်ဧည့်ခံပွဲအား ဇန်နဝါရီ ၂၀ ရက်နံနက်ပိုင်းက ကျင်းပခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ၊ဒုတိယသံအမတ်ကြီး Mrs.Kanokwan Pengsuwan၊ ထိုင်းနိုင်ငံစစ်သံမှူး Senior Colonel.Saranyanis Sutthiwajchinadej နှင့်ဇနီးတို့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှဒု-ဗိုလ်ချုပ်ကြီးသက်ပုံနှင့်ဧည့်သည်တော်များအား ကြိုဆိုနှုတ်ဆက်သည်။

အခမ်းအနားတွင် နှစ်နိုင်ငံ နိုင်ငံတော်သီချင်းဖွင့်လှစ်အလေးပြုကာ ထိုင်းစစ်သံမှူးက နှုတ်ခွန်း ဆက်စကားပြောကြားပြီး ထိုင်းဘုရင့်တပ်မ တော်နေ့ video အားဖွင့်လှစ်ပြသခဲ့သည်။

အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒု-ဗိုလ်ချုပ်ကြီးသက်ပုံ၊ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့်တာဝန်ရှိသူများ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ စစ်သံမှူးများတက်ရောက်ခဲ့ကြသည်။

(Zawgyi)






Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*