နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၇၀၀၀ ကျော် ထုတ်ပေးထားပြီးဖြစ်

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၇၀၀၀ ကျော် ထုတ်ပေးထားပြီးဖြစ်
January 19, 2022 Popular

(Unicode)

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၇၀၀၀ ကျော် ထုတ်ပေးထားပြီးဖြစ်

နေပြည်တော် ဇန်နဝါရီ ၁၉

နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူ များကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်၊ မေလပိုင်းမှစ၍ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထိ လူဦးရေ ၃၇၁၉၀ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ၃၇၁၉၀ ကို ထုတ်ပေးထားပြီးဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံး(နေပြည်တော်)မှ သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်သည် နိုင်ငံသားများ၏ လူမှုဘဝပြည့်စုံနိုင်ရေးအတွက် မရှိမဖြစ် လိုအပ်သည့် နိုင်ငံသားအထောက်အထားတစ်ခုဖြစ်၍ အဆိုပါစီမံချက်ဖြင့် နိုင်ငံတစ်ဝန်းတွင် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသူများကို ထုတ်ပေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ ဆောင်ရွက်နေရာတွင် နေပြည်တော် ပြည်ထောင်စုနယ်မြေအတွင်း ၂၀၂၁ ခုနှစ်၊ မေလမှ စတင်၍ ယခု ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ထိတွင် နိုင်ငံရေးစိစစ်ရေးကတ်မရှိသေး သူ ၃၇၁၉၀ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပေါင်း ၃၇၁၉၀ ကိုထုတ်ပေးထားပြီးဖြစ်ကြောင်း၊ ထိုသို့ ထုတ်ပေးနေရာတွင် နေထိုင်မှုပုံစံလေးမျိုးကို အဓိကထား ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ စီမံချက်အရကတော့ ၂၀၂၁ ခုနှစ်၊ မေလကနေ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလကုန်ထိ နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသူတွေကို နိုင်ငံသားစိစစ်ရေးကတ်တွေ ထုတ်ပေးသွားဖို့ လျာထားတာပါ။ ဒါပေမဲ့ ဒီနှစ် ဇူလိုင်လလောက်မှာကို နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်း က ကျန်ရှိနေသေးတဲ့ နိုင်ငံသားစိစစ်ရေးကတ်မရှိသေးသူ တွေကို ထုတ်ပေးသွားနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒါပေမဲ့ ဒေသခံ ပြည်သူတွေအနေနဲ့ကလဲ ကျွန်တော်တို့ နိုင်ငံသားစိစစ်ရေးကတ်ထုတ်ပေးတဲ့ နေရာတွေကို လာရောက်လုပ်ကြဖို့ လိုပါတယ်။ တချို့က မသိကြတာတွေလဲရှိကြသလို ပိုက်ဆံကုန်မယ်ထင်ပြီး လာမလုပ်ကြတာလဲ ရှိမယ်ထင်ပါတယ်။ နိုင်ငံသားစိစစ်ရေးကတ်တွေလုပ်ပေးရာမှာ နိုင်ငံတော်ကနေ ပတ်စ်ပို့ပုံနဲ့ သွေးစစ်ခ စုစုပေါင်း ငွေကျပ် ၃၀၀၀ ကို အကုန်အကျခံဆောင်ရွက်ပေးနေတာပါ။ နိုင်ငံသားစိစစ်ရေးကတ်လုပ်ပြီးတဲ့သူတွေထဲမှာလဲ တစ်ကယ် ငွေကြေးမတတ်နိုင်လို့ ကုန်ကျငွေ ပြန်တောင်းရင်လဲ ပြန်ထုတ်ပေးနေပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ ဦးစီးမှူးရုံး (နေပြည်တော်) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

နေပြည်တော်ပြည်ထောင်စုနယ်မြေတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရန် လူဦးရေ ၆၂၀၀၀ ကျော်ခန့်ရှိပြီး လက်ရှိတွင် လူဦးရေ ၃၇၀၀၀ ကျော်ကို နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးပြီးဖြစ်ရာ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ဆက်လက်ထုတ်ပေးသွားရန် လူဦးရေ ၂၀၀၀၀ ကျော်ခန့် သာကျန်ရှိးပြီး ၎င်းကျန်ရှိသူများအနေဖြင့် လည်း လာရောက်လုပ်ကိုင်ကြရန်လိုအပ်ကြောင်း သိရသည်။

(Zawgyi)

ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္း ပန္းခင္းစီမံခ်က္ျဖင့္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား ၃၇၀၀၀ ေက်ာ္ ထုတ္ေပးထားၿပီးျဖစ္

ေနျပည္ေတာ္ ဇန္နဝါရီ ၁၉

ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္း ပန္းခင္းစီမံခ်က္ျဖင့္ ႏိုင္ငံသားစိစစ္ေရးကတ္မရွိေသးသူ မ်ားကို ႏိုင္ငံသားစိစစ္ေရးကတ္မ်ား ထုတ္ေပးလ်က္ရွိရာ ၂၀၂၁ ခုႏွစ္၊ ေမလပိုင္းမွစ၍ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္ေန႔ထိ လူဦးေရ ၃၇၁၉၀ ဦးအတြက္ ႏိုင္ငံသားစိစစ္ေရးကတ္ျပား ၃၇၁၉၀ ကို ထုတ္ေပးထားၿပီးျဖစ္ေၾကာင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ျပည္ေထာင္စုနယ္ေျမ ဦးစီးမႉး႐ုံး(ေနျပည္ေတာ္)မွ သိရသည္။

အဆိုပါ ပန္းခင္းစီမံခ်က္သည္ ႏိုင္ငံသားမ်ား၏ လူမႈဘဝျပည့္စုံႏိုင္ေရးအတြက္ မရွိမျဖစ္ လိုအပ္သည့္ ႏိုင္ငံသားအေထာက္အထားတစ္ခုျဖစ္၍ အဆိုပါစီမံခ်က္ျဖင့္ ႏိုင္ငံတစ္ဝန္းတြင္ ႏိုင္ငံသားစိစစ္ေရးကတ္ မရွိေသးသူမ်ားကို ထုတ္ေပးေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ ထိုသို႔ ေဆာင္႐ြက္ေနရာတြင္ ေနျပည္ေတာ္ ျပည္ေထာင္စုနယ္ေျမအတြင္း ၂၀၂၁ ခုႏွစ္၊ ေမလမွ စတင္၍ ယခု ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၁၇ ရက္ေန႔ထိတြင္ ႏိုင္ငံေရးစိစစ္ေရးကတ္မရွိေသး သူ ၃၇၁၉၀ ဦးအတြက္ ႏိုင္ငံသားစိစစ္ေရးကတ္ေပါင္း ၃၇၁၉၀ ကိုထုတ္ေပးထားၿပီးျဖစ္ေၾကာင္း၊ ထိုသို႔ ထုတ္ေပးေနရာတြင္ ေနထိုင္မႈပုံစံေလးမ်ိဳးကို အဓိကထား ကြင္းဆင္းေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း သိရသည္။

“ စီမံခ်က္အရကေတာ့ ၂၀၂၁ ခုႏွစ္၊ ေမလကေန ၂၀၂၂ ခုႏွစ္၊ ႏိုဝင္ဘာလကုန္ထိ ႏိုင္ငံသားစိစစ္ေရး ကတ္မရွိေသးသူေတြကို ႏိုင္ငံသားစိစစ္ေရးကတ္ေတြ ထုတ္ေပးသြားဖို႔ လ်ာထားတာပါ။ ဒါေပမဲ့ ဒီႏွစ္ ဇူလိုင္လေလာက္မွာကို ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမအတြင္း က က်န္ရွိေနေသးတဲ့ ႏိုင္ငံသားစိစစ္ေရးကတ္မရွိေသးသူ ေတြကို ထုတ္ေပးသြားႏိုင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။ ဒါေပမဲ့ ေဒသခံ ျပည္သူေတြအေနနဲ႔ကလဲ ကြၽန္ေတာ္တို႔ ႏိုင္ငံသားစိစစ္ေရးကတ္ထုတ္ေပးတဲ့ ေနရာေတြကို လာေရာက္လုပ္ၾကဖို႔ လိုပါတယ္။ တခ်ိဳ႕က မသိၾကတာေတြလဲရွိၾကသလို ပိုက္ဆံကုန္မယ္ထင္ၿပီး လာမလုပ္ၾကတာလဲ ရွိမယ္ထင္ပါတယ္။ ႏိုင္ငံသားစိစစ္ေရးကတ္ေတြလုပ္ေပးရာမွာ ႏိုင္ငံေတာ္ကေန ပတ္စ္ပို႔ပုံနဲ႔ ေသြးစစ္ခ စုစုေပါင္း ေငြက်ပ္ ၃၀၀၀ ကို အကုန္အက်ခံေဆာင္႐ြက္ေပးေနတာပါ။ ႏိုင္ငံသားစိစစ္ေရးကတ္လုပ္ၿပီးတဲ့သူေတြထဲမွာလဲ တစ္ကယ္ ေငြေၾကးမတတ္ႏိုင္လို႔ ကုန္က်ေငြ ျပန္ေတာင္းရင္လဲ ျပန္ထုတ္ေပးေနပါတယ္” ဟု လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား ဝန္ႀကီးဌာန၊ ျပည္ေထာင္စုနယ္ေျမ ဦးစီးမႉး႐ုံး (ေနျပည္ေတာ္) မွတာဝန္ရွိသူတစ္ဦးက ေျပာသည္။

ေနျပည္ေတာ္ျပည္ေထာင္စုနယ္ေျမတြင္ ပန္းခင္းစီမံခ်က္ျဖင့္ ႏိုင္ငံသားစိစစ္ေရးကတ္မ်ား ထုတ္ေပးရန္ လူဦးေရ ၆၂၀၀၀ ေက်ာ္ခန႔္ရွိၿပီး လက္ရွိတြင္ လူဦးေရ ၃၇၀၀၀ ေက်ာ္ကို ႏိုင္ငံသားစိစစ္ေရးကတ္မ်ား ထုတ္ေပးၿပီးျဖစ္ရာ ၆၀ ရာခိုင္ႏႈန္းခန႔္ ၿပီးစီးေနၿပီျဖစ္ေၾကာင္း၊ ဆက္လက္ထုတ္ေပးသြားရန္ လူဦးေရ ၂၀၀၀၀ ေက်ာ္ခန႔္ သာက်န္ရွိးၿပီး ၎က်န္ရွိသူမ်ားအေနျဖင့္ လည္း လာေရာက္လုပ္ကိုင္ၾကရန္လိုအပ္ေၾကာင္း သိရသည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*