တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်

တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်
January 19, 2022 Popular

(Unicode)

တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်

၁၁၃ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်ကြောင်း ဆင်ဟွာသတင်းက ယနေ့ဖော်ပြသည်။

တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၏ ၁၁၃ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သော တရုတ် ဥပဒေစိုးမိုးရေးရေယာဉ် ၂ စင်းသည် ဇန်နဝါရီ ၁၈ ရက်နံနက် ၉ နာရီတွင် ယူနန်ပြည်နယ်၊ ရှစ်ဆောင်ပဏ္ဏား တိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် ကျင်ဟားဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ၂၀၂၂ ခုနှစ် တရုတ်-လာအို-မြန်မာ-ထိုင်းမဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန၏ ပြောကြားချက်ကိုကိုးကားဖော်ပြခြင်းဖြစ်သည်။

ယခုအချိန် ပူးတွဲကင်းလှည့်မှုသည် ၄ ရက် ၃ ညတာ ကြာမြင့်မည်ဖြစ်ပြီး စုစုပေါင်းအကွာအဝေး ၆၀၀ ကီလိုမီတာကျော် မောင်းနှင်သွားလာရမည်ဖြစ်ကြောင်းနှင့် ယခုလှုပ်ရှားမှုမတိုင်မီ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု ညွှန်ကြားရေးအရာရှိများ အစည်းအဝေး၊ မဲခေါင်မြစ်ဝှမ်း တရားဥပဒေစိုးမိုးရေး အခြေအနေသုံးသပ်ခြင်း အစည်းအဝေးများကို ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ယခုကာလ မြစ်ဝှမ်းဒေသ တရားဥပဒေစိုးမိုးရေးနှင့်ကပ်ရောဂါအခြေအနေများကို အတူ သုံးသပ်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်မှုခင်းများ နှိမ်နင်းရေးအစီအမံများကို ညှိုနှိုင်းဆွေးနွေးခဲ့သည်ဟာဆိုသည်။

လှုပ်ရှားမှု ကာလအတွင်း လေးနိုင်ငံ ဥပဒေစိုးမိုးရေးရေယာဉ်များနှင့်အဖွဲ့ဝင်များက မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ကာ ထိတွေ့မှုမရှိသည့် ပုံစံမျိုးဖြင့် လုပ်ဆောင်သွားမည်ဖြစ်ပြီး မြစ်ဝှမ်းတစ်လျှောက်ရှိ တရားမဝင်ရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းမည်ဖြစ်ကြောင်းလည်းဖော်ပြသည်။

(Zawgyi)

တ႐ုတ္-လာအို-ျမန္မာ-ထိုင္း မဲေခါင္ျမစ္ ပူးတြဲကင္းလွည့္ေရးလႈပ္ရွားမႈ စတင္

၁၁၃ ႀကိမ္ေျမာက္ တ႐ုတ္-လာအို-ျမန္မာ-ထိုင္း မဲေခါင္ျမစ္ ပူးတြဲကင္းလွည့္ေရးလႈပ္ရွားမႈ စတင္ေၾကာင္း ဆင္ဟြာသတင္းက ယေန႔ေဖာ္ျပသည္။

တ႐ုတ္-လာအို-ျမန္မာ-ထိုင္း ေလးႏိုင္ငံ၏ ၁၁၃ ႀကိမ္ေျမာက္ မဲေခါင္ျမစ္ ပူးတြဲကင္းလွည့္ေရးလႈပ္ရွားမႈတြင္ ပါဝင္ေသာ တ႐ုတ္ ဥပေဒစိုးမိုးေရးေရယာဥ္ ၂ စင္းသည္ ဇန္နဝါရီ ၁၈ ရက္နံနက္ ၉ နာရီတြင္ ယူနန္ျပည္နယ္၊ ရွစ္ေဆာင္ပဏၰား တိုင္လူမ်ိဳး ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရျပည္နယ္ က်င္ဟားဆိပ္ကမ္းမွ ထြက္ခြာခဲ့ၿပီး ၂၀၂၂ ခုႏွစ္ တ႐ုတ္-လာအို-ျမန္မာ-ထိုင္းမဲေခါင္ျမစ္ ပူးတြဲကင္းလွည့္ေရး လႈပ္ရွားမႈကို စတင္ခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံ ယူနန္ျပည္နယ္ ျပည္သူ႔လုံၿခဳံေရးဌာန၏ ေျပာၾကားခ်က္ကိုကိုးကားေဖာ္ျပျခင္းျဖစ္သည္။

ယခုအခ်ိန္ ပူးတြဲကင္းလွည့္မႈသည္ ၄ ရက္ ၃ ညတာ ၾကာျမင့္မည္ျဖစ္ၿပီး စုစုေပါင္းအကြာအေဝး ၆၀၀ ကီလိုမီတာေက်ာ္ ေမာင္းႏွင္သြားလာရမည္ျဖစ္ေၾကာင္းႏွင့္ ယခုလႈပ္ရွားမႈမတိုင္မီ တ႐ုတ္-လာအို-ျမန္မာ-ထိုင္း ေလးႏိုင္ငံ တရားဥပေဒစိုးမိုးေရးဌာနမ်ားက ပူးတြဲကင္းလွည့္ေရးလႈပ္ရွားမႈ ၫႊန္ၾကားေရးအရာရွိမ်ား အစည္းအေဝး၊ မဲေခါင္ျမစ္ဝွမ္း တရားဥပေဒစိုးမိုးေရး အေျခအေနသုံးသပ္ျခင္း အစည္းအေဝးမ်ားကို ဗြီဒီယိုကြန္ဖရင့္ျဖင့္ က်င္းပခဲ့ၿပီး ယခုကာလ ျမစ္ဝွမ္းေဒသ တရားဥပေဒစိုးမိုးေရးႏွင့္ကပ္ေရာဂါအေျခအေနမ်ားကို အတူ သုံးသပ္ခဲ့ၿပီး နယ္စပ္ျဖတ္ေက်ာ္မႈခင္းမ်ား ႏွိမ္နင္းေရးအစီအမံမ်ားကို ညႇိဳႏႈိင္းေဆြးေႏြးခဲ့သည္ဟာဆိုသည္။

လႈပ္ရွားမႈ ကာလအတြင္း ေလးႏိုင္ငံ ဥပေဒစိုးမိုးေရးေရယာဥ္မ်ားႏွင့္အဖြဲ႕ဝင္မ်ားက မဲေခါင္ျမစ္ ပူးတြဲကင္းလွည့္ေရးလႈပ္ရွားမႈတြင္ ကပ္ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးကို တင္းက်ပ္စြာ လိုက္နာေဆာင္႐ြက္ကာ ထိေတြ႕မႈမရွိသည့္ ပုံစံမ်ိဳးျဖင့္ လုပ္ေဆာင္သြားမည္ျဖစ္ၿပီး ျမစ္ဝွမ္းတစ္ေလွ်ာက္ရွိ တရားမဝင္ရာဇဝတ္မႈမ်ားကို ဆက္လက္ႏွိမ္နင္းမည္ျဖစ္ေၾကာင္းလည္းေဖာ္ျပသည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*