နယ်စပ်မှာဖရဲဈေးကွက် ပျက်နေတာကြောင့် ကုန်သည်တွေ ချင့်ချိန်တင်ပို့ကြဖို့လို

နယ်စပ်မှာဖရဲဈေးကွက် ပျက်နေတာကြောင့် ကုန်သည်တွေ ချင့်ချိန်တင်ပို့ကြဖို့လို
January 17, 2022 Popular

(Unicode)

နယ်စပ်မှာဖရဲဈေးကွက် ပျက်နေတာကြောင့် ကုန်သည်တွေ ချင့်ချိန်တင်ပို့ကြဖို့လို

မူဆယ် ဇန်နဝါရီ ၁၇

တရုတ်ဖက်က အဝယ်နည်းပြီး ဈေးအနိမ့်ဆုံးအခြေအနေကို ရောက်နေတာကြောင့်မူဆယ်နယ်စပ်ဖရဲဈေးကွက်က ပျက်နေတာမျိုးဖြစ်နေပြီး သစ်သီးဒိုင်က ကုန်သည်တွေအနေနဲ့ ချင့်ချိန်တင်ပို့ကြဖို့ လိုနေတယ်လို့ မူဆယ် ဈေးကွက်ကနေသိရပါတယ်။

တစ်ရက်ကို တရုတ်ကား အစီး(၂၀)ဝန်းကျင်လောက်ဘဲ တင်ပို့ခွင့်ရနေတာကြောင့် ဖရဲသီးတွေရဲ့အရည်အသွေးက တဖြေးဖြေးကျဆင်းလာတာမျိုးရှိနေတယ်လို့ သိရပါတယ်။

“ဒီဖက်မှာကားအစီးရေ (၄၀၀)လောက်ရှိနေတာကို တနေ့ကို ကားအစီး(၂၀)လောက်ဘဲ ကားပြောင်းပြီးဝင်ခွင့်ရနေတော့ ဖရဲသီးတွေက ကားပေါ်မှာတင် မကောင်းနိုင်တော့ဘူး ရက်က သုံးပတ်လောက်ကြာတဲ့အခြေအနေဖြစ်နေပြီ”လို့ မူဆယ်သစ်သီးကုန်သည်တစ်ဦးကဆိုပါတယ်။

ဖရဲသီး တွေကို တရုတ်ဖက်ကလည်းဈေးနှိမ်ဝယ်ယူနေတဲ့အနေအထား ကြောင့်လည်းဈေးကွက်က ပျက် နေတာမျိုးဖြစ်နေတယ်လို့သိရပါတယ်။အခုရက်ပိုင်းကနေ လကုန်ပိုင်းအထိ တရုတ်ကိုတင်ပို့ ဖို့တန်းစီနေတဲ့ဖရဲကားရာကျော်ရှိနေတာကြောင့်လည်း ပြည်တွင်းကုန်သည်တွေအနေနဲ့ ချင့်ချိန်တင်ပို့ကြဖို့ လိုတယ်လို့ နယ်စပ်ကုန်သည်တွေက အသိပေးပါတယ်။

(Zawgyi)

နယ္စပ္မွာဖရဲေဈးကြက္ ပ်က္ေနတာေၾကာင့္ ကုန္သည္ေတြ ခ်င့္ခ်ိန္တင္ပို႔ၾကဖို႔လို

မူဆယ္ ဇန္နဝါရီ ၁၇

တ႐ုတ္ဖက္က အဝယ္နည္းၿပီး ေဈးအနိမ့္ဆုံးအေျခအေနကို ေရာက္ေနတာေၾကာင့္မူဆယ္နယ္စပ္ဖရဲေဈးကြက္က ပ်က္ေနတာမ်ိဳးျဖစ္ေနၿပီး သစ္သီးဒိုင္က ကုန္သည္ေတြအေနနဲ႔ ခ်င့္ခ်ိန္တင္ပို႔ၾကဖို႔ လိုေနတယ္လို႔ မူဆယ္ ေဈးကြက္ကေနသိရပါတယ္။

တစ္ရက္ကို တ႐ုတ္ကား အစီး(၂၀)ဝန္းက်င္ေလာက္ဘဲ တင္ပို႔ခြင့္ရေနတာေၾကာင့္ ဖရဲသီးေတြရဲ႕အရည္အေသြးက တေျဖးေျဖးက်ဆင္းလာတာမ်ိဳးရွိေနတယ္လို႔ သိရပါတယ္။

“ဒီဖက္မွာကားအစီးေရ (၄၀၀)ေလာက္ရွိေနတာကို တေန႔ကို ကားအစီး(၂၀)ေလာက္ဘဲ ကားေျပာင္းၿပီးဝင္ခြင့္ရေနေတာ့ ဖရဲသီးေတြက ကားေပၚမွာတင္ မေကာင္းႏိုင္ေတာ့ဘူး ရက္က သုံးပတ္ေလာက္ၾကာတဲ့အေျခအေနျဖစ္ေနၿပီ”လို႔ မူဆယ္သစ္သီးကုန္သည္တစ္ဦးကဆိုပါတယ္။

ဖရဲသီး ေတြကို တ႐ုတ္ဖက္ကလည္းေဈးႏွိမ္ဝယ္ယူေနတဲ့အေနအထား ေၾကာင့္လည္းေဈးကြက္က ပ်က္ ေနတာမ်ိဳးျဖစ္ေနတယ္လို႔သိရပါတယ္။အခုရက္ပိုင္းကေန လကုန္ပိုင္းအထိ တ႐ုတ္ကိုတင္ပို႔ ဖို႔တန္းစီေနတဲ့ဖရဲကားရာေက်ာ္ရွိေနတာေၾကာင့္လည္း ျပည္တြင္းကုန္သည္ေတြအေနနဲ႔ ခ်င့္ခ်ိန္တင္ပို႔ၾကဖို႔ လိုတယ္လို႔ နယ္စပ္ကုန္သည္ေတြက အသိေပးပါတယ္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*