မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို တရုတ်က အစဉ်တစိုက် ထောက်ခံအားပေးကြောင်း သံအမတ်ကြီးပြောဆို

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို တရုတ်က အစဉ်တစိုက် ထောက်ခံအားပေးကြောင်း သံအမတ်ကြီးပြောဆို
January 13, 2022 Asian Fame

မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို တရုတ်က အစဉ်တစိုက်ထောက်ခံအားပေးကြောင်း သံအမတ်ကြီးပြောဆို

မြန်မာနိုင်ငံကို တရုတ်နိုင်ငံက လှူဒါန်းကူညီနေသည့် ငွေကြေးများက ပဋိပက္ခများလျှော့ချရေးအတွက်၊ ပြည်သူများ လူနေမှုဘဝကောင်းမွန်လာစေရေးအတွက် မြန်မာနိုင်ငံမြောက်ပိုင်းဒေသ နေရပ်စွန့်ခွာသူများ နေရာချထားရာတွင် ကူညီပေးရေးနှင့် ဒေသန္တရလူမှုရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဖော်ဆောင်ရေးအတွက် ဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောဆိုလိုက်သည်။

သံအမတ်ကြီး Mr. Chen Hai က တရုတ်နိုင်ငံက မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်ရေးကို အစဉ်တစိုက်ထောက်ခံအားပေးနေပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်သက်ဆိုင်သောအဖွဲ့အစည်းများအား ထောက်ပံ့ငွေပေးအပ်ခြင်းသည် ဆဋ္ဌမအကြိမ်မြောက်ရှိပြီဟုလည်း ပြောသည်။

ယင်းအပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံနှင့်အတူ တရုတ်-မြန်မာနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို အတူတကွဆက်လက်ထိန်းသိမ်းသွားပြီး နယ်စပ်ဒေသ လူမှုစီးပွားနှင့်ပြည်သူလူနေမှုဘဝတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်းပါ ပြောကြားခဲ့သည်။

ယခု ရက်ပိုင်းထဲတွင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်ထံသို့ လှူဒါန်းငွေလွှဲပြောင်းပေးအပ်ခဲ့သည်ကိုတွေ့ရှိရသည်။

Zaw Gyi

ျမန္မာႏိုင္ငံ၏ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေဖာ္ေဆာင္ေရးကို တ႐ုတ္က အစဥ္တစိုက္ေထာက္ခံအားေပးေၾကာင္း သံအမတ္ႀကီးေျပာဆို

ျမန္မာႏိုင္ငံကို တ႐ုတ္ႏိုင္ငံက လႉဒါန္းကူညီေနသည့္ ေငြေၾကးမ်ားက ပဋိပကၡမ်ားေလွ်ာ့ခ်ေရးအတြက္၊ ျပည္သူမ်ား လူေနမႈဘဝေကာင္းမြန္လာေစေရးအတြက္ ျမန္မာႏိုင္ငံေျမာက္ပိုင္းေဒသ ေနရပ္စြန႔္ခြာသူမ်ား ေနရာခ်ထားရာတြင္ ကူညီေပးေရးႏွင့္ ေဒသႏၲရလူမႈေရးႏွင့္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေဖာ္ေဆာင္ေရးအတြက္ ျဖစ္သည္ဟု ျမန္မာႏိုင္ငံဆိုင္ရာတ႐ုတ္သံအမတ္ႀကီး Mr. Chen Hai က ေျပာဆိုလိုက္သည္။

သံအမတ္ႀကီး Mr. Chen Hai က တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံအမ်ိဳးသားျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေဖာ္ေဆာင္ေရးကို အစဥ္တစိုက္ေထာက္ခံအားေပးေနၿပီး ျမန္မာႏိုင္ငံ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ႏွင့္သက္ဆိုင္ေသာအဖြဲ႕အစည္းမ်ားအား ေထာက္ပံ့ေငြေပးအပ္ျခင္းသည္ ဆ႒မအႀကိမ္ေျမာက္ရွိၿပီဟုလည္း ေျပာသည္။

ယင္းအျပင္ တ႐ုတ္ႏိုင္ငံက ျမန္မာႏိုင္ငံႏွင့္အတူ တ႐ုတ္-ျမန္မာနယ္စပ္ေဒသ တည္ၿငိမ္ေအးခ်မ္းမႈကို အတူတကြဆက္လက္ထိန္းသိမ္းသြားၿပီး နယ္စပ္ေဒသ လူမႈစီးပြားႏွင့္ျပည္သူလူေနမႈဘဝတိုးတက္ေရးကို ျမႇင့္တင္သြားလိုေၾကာင္းပါ ေျပာၾကားခဲ့သည္။

ယခု ရက္ပိုင္းထဲတြင္ တ႐ုတ္ႏိုင္ငံအစိုးရက ျမန္မာႏိုင္ငံၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အတြက္ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC-U) ကိုယ္စားလွယ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္၊ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္သက္ခိုင္၊ နယ္စပ္ေရးရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး ထြန္းထြန္းေနာင္ထံသို႔ လႉဒါန္းေငြလႊဲေျပာင္းေပးအပ္ခဲ့သည္ကိုေတြ႕ရွိရသည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*