
မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအတွင်း ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်
မန္တလေးမြို့ မန္တလေးတောင်ခြေအနီးရို မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၏ အရှေ့ဘက်ရှိ လုံ ခြုံရေးဂိတ်ကို ဆိုင်ကယ်စီးသူ နှစ်ဦး က လက်ပစ်ဗုံးဖြင့် ယနေ့ မနက် ၈နာရီခန့်က ပစ်ပေါက်ခဲ့၍ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူတို့ထံက သိရသည်။
ကြီးမားသည့် ထိခိုက်ပျက်စီးမှု မရှိခဲ့ဟု တာဝန်ရှိသူတစ်ဦးကပြောပြသည်။ယင်းအပြင်ယနေ့နံနက် ၁၁နာရီ၂၀မိနစ်တွင်လည်း မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးအနောက်ဘက်ကွင်းပြင်တွင်လည်း ထပ်မံပေါက်ကွဲမှုဖြစ်ပေါ်ခဲ့သည်ဟုလည်း သိရသည်။
“မနက်ပိုင်းက ဂိတ်ခေါင်မိုးပေါ် ကျပြီးပေါက်ကွဲတယ်လို့ သိရတယ်။ဆိုင်ကယ်မောင်းလာတဲ့ သူက ပစ်ပေါက်လိုက်တာ။အပျက်အစီးကြီးကြီးမားမားတော့ မရှိဘူးလို့ သိရပါတယ်”ဟု မြို့ခံတစ်ဦးကပြောသည်။
မနက် ၁၁နာရီ ၂၀တွင် ဖြစ်ပေါ်ခဲ့သောလွှတ်တော်ရုံးအနောက်ဘက်ကွင်းပြင်တွင် ပေါက်ကွဲမှုက လူမရှိသည့် ကွင်းပြင်ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိဟု လုံခြုံရေးအသိုင်းအဝိုင်းနှင့် နီးစပ်သူက ပြောဆိုသည်။
ယနေ့ မနက် မန္တလေးတွင် လွှတ်တော်ရုံးရှေ့ လုံခြုံရေးဂိတ် လက်ပစ်ဗုံးပစ်ပေါက်ခံခဲ့ရမှုအပြင် လွှတ်တော်ရုံးအနောက်ဘက် ကွင်းပြင် ပေါက်ကွဲမှုတို့နှင့်အတူ အောင်မြေသာစံမြို့နယ်၊ ၁၉လမ်း၊ ၈၆လမ်း နှင့်၈၇လမ်းကြားရှိ အောင်မြေသာစံရပ်ကွက်အုပ်ချုပ်ရေး မှူးရုံး လက်လုပ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရသည်။
“ဗုံးပေါက်သံတွေရော၊သေနတ်သံတွေရော ကြားရတယ်။ဘာဖြစ်ကြတာလည်းတော့ မသိဘူး။နောက်တော့မှ ရပ်ကွက်ရုံး လက်ပစ်ဗုံးနဲ့ ပစ်ခံရတယ်ဆိုတဲ့ သတင်းကြားရတယ်”ဟု အနီးနားရှိ မြို့ခံတစ်ဦးကပြောပြသည်။
ယမန်နေ့ကလည်း မန္တလေး ချမ်းအေးသာစံမြို့နယ် ၈၁လမ်း၊ ၂၆-၂၇ လမ်းကြားရှိ မြဝတီဘဏ်ကို လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သဖြင့် ဘဏ်လုံခြုံရေးဝန်ထမ်းတစ်ဦးအပါအဝင် ၃ဦးထိခိုက်ဒဏ်ရာရရှိမှုနှင့် ဘဏ်တံခါးပျက်စီးမှုဖြစ်ပေါ်ခဲ့သေးသည်။
Zaw Gyi
မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္႐ုံးအတြင္း ေပါက္ကြဲမႈမ်ား ဆက္တိုက္ျဖစ္ေပၚ
မႏၲေလးၿမိဳ႕ မႏၲေလးေတာင္ေျခအနီး႐ို မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္႐ုံး၏ အေရွ႕ဘက္ရွိ လုံ ၿခဳံေရးဂိတ္ကို ဆိုင္ကယ္စီးသူ ႏွစ္ဦး က လက္ပစ္ဗုံးျဖင့္ ယေန႔ မနက္ ၈နာရီခန႔္က ပစ္ေပါက္ခဲ့၍ ေပါက္ကြဲမႈျဖစ္ပြားခဲ့သည္ဟု လုံၿခဳံေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူတို႔ထံက သိရသည္။
ႀကီးမားသည့္ ထိခိုက္ပ်က္စီးမႈ မရွိခဲ့ဟု တာဝန္ရွိသူတစ္ဦးကေျပာျပသည္။ယင္းအျပင္ယေန႔နံနက္ ၁၁နာရီ၂၀မိနစ္တြင္လည္း မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္႐ုံးအေနာက္ဘက္ကြင္းျပင္တြင္လည္း ထပ္မံေပါက္ကြဲမႈျဖစ္ေပၚခဲ့သည္ဟုလည္း သိရသည္။
“မနက္ပိုင္းက ဂိတ္ေခါင္မိုးေပၚ က်ၿပီးေပါက္ကြဲတယ္လို႔ သိရတယ္။ဆိုင္ကယ္ေမာင္းလာတဲ့ သူက ပစ္ေပါက္လိုက္တာ။အပ်က္အစီးႀကီးႀကီးမားမားေတာ့ မရွိဘူးလို႔ သိရပါတယ္”ဟု ၿမိဳ႕ခံတစ္ဦးကေျပာသည္။
မနက္ ၁၁နာရီ ၂၀တြင္ ျဖစ္ေပၚခဲ့ေသာလႊတ္ေတာ္႐ုံးအေနာက္ဘက္ကြင္းျပင္တြင္ ေပါက္ကြဲမႈက လူမရွိသည့္ ကြင္းျပင္ျဖစ္ေသာေၾကာင့္ ထိခိုက္ဒဏ္ရာရသူ မရွိဟု လုံၿခဳံေရးအသိုင္းအဝိုင္းႏွင့္ နီးစပ္သူက ေျပာဆိုသည္။
ယေန႔ မနက္ မႏၲေလးတြင္ လႊတ္ေတာ္႐ုံးေရွ႕ လုံၿခဳံေရးဂိတ္ လက္ပစ္ဗုံးပစ္ေပါက္ခံခဲ့ရမႈအျပင္ လႊတ္ေတာ္႐ုံးအေနာက္ဘက္ ကြင္းျပင္ ေပါက္ကြဲမႈတို႔ႏွင့္အတူ ေအာင္ေျမသာစံၿမိဳ႕နယ္၊ ၁၉လမ္း၊ ၈၆လမ္း ႏွင့္၈၇လမ္းၾကားရွိ ေအာင္ေျမသာစံရပ္ကြက္အုပ္ခ်ဳပ္ေရး မႉး႐ုံး လက္လုပ္ဗုံးျဖင့္ ပစ္ခတ္ခံခဲ့ရသည္။
“ဗုံးေပါက္သံေတြေရာ၊ေသနတ္သံေတြေရာ ၾကားရတယ္။ဘာျဖစ္ၾကတာလည္းေတာ့ မသိဘူး။ေနာက္ေတာ့မွ ရပ္ကြက္႐ုံး လက္ပစ္ဗုံးနဲ႔ ပစ္ခံရတယ္ဆိုတဲ့ သတင္းၾကားရတယ္”ဟု အနီးနားရွိ ၿမိဳ႕ခံတစ္ဦးကေျပာျပသည္။
ယမန္ေန႔ကလည္း မႏၲေလး ခ်မ္းေအးသာစံၿမိဳ႕နယ္ ၈၁လမ္း၊ ၂၆-၂၇ လမ္းၾကားရွိ ျမဝတီဘဏ္ကို လက္ပစ္ဗုံးျဖင့္ ပစ္ေပါက္ခဲ့သျဖင့္ ဘဏ္လုံၿခဳံေရးဝန္ထမ္းတစ္ဦးအပါအဝင္ ၃ဦးထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ဘဏ္တံခါးပ်က္စီးမႈျဖစ္ေပၚခဲ့ေသးသည္။