ပေါင်းတလည်မြို့မှ NLD ပါတီ၏ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နေအိမ်နှင့် ရေသန့်လုပ်ငန်းချိတ်ပိတ်ခံရ

ပေါင်းတလည်မြို့မှ NLD ပါတီ၏ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် နေအိမ်နှင့် ရေသန့်လုပ်ငန်းချိတ်ပိတ်ခံရ
January 2, 2022 Popular

ပေါင်းတလည်မြို့မှ NLD ပါတီ၏ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်နေအိမ်နှင့်ရေသန့်လုပ်ငန်းချိတ်ပိတ်ခံရ

ပဲခူးတိုင်း၊ပြည်မြို့နယ်၊ပေါင်းတလည်မြို့၊ရွှေဗျိုင်းဖြူဆီဆိုင်ရှေ့တွင်နေထိုင်သည့် NLDပါတီ၏ ပြည်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာခင်စိုးစိုးကြည် နေအိမ်နှင့်ရေသန့်လုပ် ငန်း(KS2K) ဇန်နဝါရီ ၁ ရက်ညနေ ၄ နာရီခန့်က ချိတ်ပိတ်ခံခဲ့ရသည်။

ဒေါက်တာခင်စိုးစိုးကြည် ပိုင်ဆိုင်သည့် ရေသန့်လုပ်ငန်း(KS2K)သည် နေအိမ်ခြံဝင်းအတွင်း၌ရှိသဖြင့် ခြံဝင်းအားချိတ်ပိတ်စဥ် ရေသန့်လုပ်ငန်းပါ ချိတ်ပိတ်ခံခဲ့ရခြင်းဖြစ်သည်။

“စစ်သား၊ရဲနဲ့အုပ်ချုပ်ရေးမှူးနဲ့ရပ်ကျေးအဖွဲ့တွေလာပြီး ချိတ်ပိတ်သွားတာပဲ ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ထဲက စစ်သားတွေ ရဲတွေ အိမ်ကိုလာကြည့်ကြတယ်”ဟုဒေသခံတစ်ဦးကပြော သည်။

ယင်းသို့ နေအိမ်နှင့်ရေသန့်လုပ်ငန်းအားချိတ်ပိတ်ပြီးနောက် လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများကိုဆက်လက်ပြုလုပ်ခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။

“လမ်းသွားလမ်းလာတွေရဲ့ဖုန်းတွေကိုပါယူပြီးစစ်နေကြတာ”ဟုဒေသခံတစ်ဦးကပြောသည်။

Zaw Gyi

ေပါင္းတလည္ၿမိဳ႕မွ NLD ပါတီ၏ျပည္သူ႔လႊတ္ ေတာ္ကိုယ္စားလွယ္ေနအိမ္ႏွင့္ေရသန္႔လုပ္ငန္းခ်ိတ္ပိတ္ခံရ

ပဲခူးတိုင္း၊ျပည္ၿမိဳ႕နယ္၊ေပါင္းတလည္ၿမိဳ႕၊ေရႊဗ်ိဳင္းျဖဴဆီဆိုင္ေရွ႕တြင္ေနထိုင္သည့္ NLDပါတီ၏ ျပည္ၿမိဳ႕နယ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းေဒါက္တာခင္စိုးစိုးၾကည္ ေနအိမ္ႏွင့္ေရသန္႔လုပ္ ငန္း(KS2K) ဇန္နဝါရီ ၁ ရက္ညေန ၄ နာရီခန္႔က ခ်ိတ္ပိတ္ခံခဲ့ရသည္။

ေဒါက္တာခင္စိုးစိုးၾကည္ ပိုင္ဆိုင္သည့္ ေရသန္႔လုပ္ငန္း(KS2K)သည္ ေနအိမ္ၿခံဝင္းအတြင္း၌ရွိသျဖင့္ ၿခံဝင္းအားခ်ိတ္ပိတ္စဥ္ ေရသန္႔လုပ္ငန္းပါ ခ်ိတ္ပိတ္ခံခဲ့ရျခင္းျဖစ္သည္။

“စစ္သား၊ရဲနဲ႔အုပ္ခ်ဳပ္ေရးမွူးနဲ႔ရပ္ေက်းအဖြဲ႕ေတြလာၿပီး ခ်ိတ္ပိတ္သြားတာပဲ ၿပီးခဲ့တဲ့ ၂ ရက္ ၃ ရက္ေလာက္ထဲက စစ္သားေတြ ရဲေတြ အိမ္ကိုလာၾကည့္ၾကတယ္”ဟုေဒသခံတစ္ဦးကေျပာ သည္။

ယင္းသို႔ ေနအိမ္ႏွင့္ေရသန္႔လုပ္ငန္းအားခ်ိတ္ပိတ္ၿပီးေနာက္ လုံျခဳံေရးအဖြဲ႕ဝင္မ်ားက စစ္ေဆးမွုမ်ားကိုဆက္လက္ျပဳလုပ္ခဲ့ၾကသည္ဟု ေဒသခံမ်ားထံမွ သိရသည္။

“လမ္းသြားလမ္းလာေတြရဲ့ဖုန္းေတြကိုပါယူၿပီးစစ္ေနၾကတာ”ဟုေဒသခံတစ္ဦးကေျပာသည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*