မန္တလေးကျောက်ဝိုင်းအနောက်ပေါက်တွင် ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးကျောက်ဝိုင်းအနောက်ပေါက်တွင် ပေါက်ကွဲမှုဖြစ်ပွား
December 29, 2021 Popular

(Unicode)

မန္တလေးကျောက်ဝိုင်းအနောက်ပေါက်တွင် ပေါက်ကွဲမှုဖြစ်ပွား

မန္တလေးမြို့၊မဟာအောင်မြေမြို့နယ် မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်း(ကျောက်ဝိုင်း)အနောက်ပေါက်မှာ ယနေ့ ဒီဇင်ဘာ(၂၉ )ရက်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သည်ဟု ကျောက်ဝိုင်းအနီးရှိ ပြည်သူအချို့က ပြောပြသည်။

“မနက်အစောကြီးက ပေါက်တာ။အဲ့ဒီ့အချိန်က လူသိပ်မစည်တော့ ထိခိုက်တာတို့ဘာတို့ ဘာမှတော့ မကြားမိသေးဘူး”ဟု ကျောက်ဝိုင်းတွင်း ရောင်းဝယ်နေသူတစ်ဦးကပြောသည်။

ပေါက်ကွဲမှုများရှိခဲ့သော်လည်း ကျောက်ဝိုင်းမပိတ်ဘဲ ဆက်ဖွင့်လျက်ရှိပြီး လူစည်နေပါသည်ဟု ထိုထဲ အရောင်းအဝယ်လုပ်နေသူတစ်ဦးကပြောသည်။

“ပေါက်ကွဲတာက တော်တော်လေးများနေပြီ။စားဝတ်နေရေးလည်းရှိတော့ လုပ်ကိုင်စားသောက်နေရတာပဲ။အပြင်မှာ ရောင်းတဲ့ သူတွေလည်း ဖမ်းခံရတာတွေရှိတော့ ခုဝိုင်းထဲဝင်ရောင်းနေကြရတယ်။အချို့တွေကလည်း စိုးရိမ်တာပေါ့နော်။မလာရဲကြဘူး”ဟု ၎င်းကပြောသည်။

မန္တလေးကျောက်ဝိုင်းအမီးနှင့်ကျောက်ဝိုင်းထဲ ပေါက်ကွဲမှုများ မကြာခဏဆိုသလို ဖြစ်ပေါ်လျက်ရှိနေသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၀ရက်က ကျောက်ဝိုင်းပြင်ပ နေရာအချို့တွင် ရောင်းဝယ်နေသူများအား လိုင်စင်ရှိ၊မရှိ လိုက်လံစစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လိုင်စင်မရှိသူများအား တရားမဝင်ကျောက်မျက်ရောင်းဝယ်မှုဖြင့် ဖမ်းဆီးအမှုဖွင့်ခြင်းများအား လုံခြုံရေးအဖွဲ့ဝင်များကဆောင်ရွက်ခဲ့ကြရာတွင် လူပေါင်း ၄၀၀ ကျော် ခန့် အမှု ဖွင့်ခံထားရသည်ဟုသိရသည်။

(Zawgyi)

မႏၲေလးေက်ာက္ဝိုင္းအေနာက္ေပါက္တြင္ ေပါက္ကြဲမႈျဖစ္ပြား

မႏၲေလးၿမိဳ႕၊မဟာေအာင္ေျမၿမိဳ႕နယ္ မဟာေအာင္ေျမေက်ာက္မ်က္ရတနာေရာင္းဝယ္ေရးစခန္း(ေက်ာက္ဝိုင္း)အေနာက္ေပါက္မွာ ယေန႔ ဒီဇင္ဘာ(၂၉ )ရက္က ေပါက္ကြဲမႈတစ္ခုျဖစ္ပြားခဲ့သည္ဟု ေက်ာက္ဝိုင္းအနီးရွိ ျပည္သူအခ်ိဳ႕က ေျပာျပသည္။

“မနက္အေစာႀကီးက ေပါက္တာ။အဲ့ဒီ့အခ်ိန္က လူသိပ္မစည္ေတာ့ ထိခိုက္တာတို႔ဘာတို႔ ဘာမွေတာ့ မၾကားမိေသးဘူး”ဟု ေက်ာက္ဝိုင္းတြင္း ေရာင္းဝယ္ေနသူတစ္ဦးကေျပာသည္။

ေပါက္ကြဲမႈမ်ားရွိခဲ့ေသာ္လည္း ေက်ာက္ဝိုင္းမပိတ္ဘဲ ဆက္ဖြင့္လ်က္ရွိၿပီး လူစည္ေနပါသည္ဟု ထိုထဲ အေရာင္းအဝယ္လုပ္ေနသူတစ္ဦးကေျပာသည္။

“ေပါက္ကြဲတာက ေတာ္ေတာ္ေလးမ်ားေနၿပီ။စားဝတ္ေနေရးလည္းရွိေတာ့ လုပ္ကိုင္စားေသာက္ေနရတာပဲ။အျပင္မွာ ေရာင္းတဲ့ သူေတြလည္း ဖမ္းခံရတာေတြရွိေတာ့ ခုဝိုင္းထဲဝင္ေရာင္းေနၾကရတယ္။အခ်ိဳ႕ေတြကလည္း စိုးရိမ္တာေပါ့ေနာ္။မလာရဲၾကဘူး”ဟု ၎ကေျပာသည္။

မႏၲေလးေက်ာက္ဝိုင္းအမီးႏွင့္ေက်ာက္ဝိုင္းထဲ ေပါက္ကြဲမႈမ်ား မၾကာခဏဆိုသလို ျဖစ္ေပၚလ်က္ရွိေနသည္။

ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၂၀ရက္က ေက်ာက္ဝိုင္းျပင္ပ ေနရာအခ်ိဳ႕တြင္ ေရာင္းဝယ္ေနသူမ်ားအား လိုင္စင္ရွိ၊မရွိ လိုက္လံစစ္ေဆးမႈမ်ားျပဳလုပ္ခဲ့ၿပီး လိုင္စင္မရွိသူမ်ားအား တရားမဝင္ေက်ာက္မ်က္ေရာင္းဝယ္မႈျဖင့္ ဖမ္းဆီးအမႈဖြင့္ျခင္းမ်ားအား လုံၿခဳံေရးအဖြဲ႕ဝင္မ်ားကေဆာင္႐ြက္ခဲ့ၾကရာတြင္ လူေပါင္း ၄၀၀ ေက်ာ္ ခန႔္ အမႈ ဖြင့္ခံထားရသည္ဟုသိရသည္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*