
(Unicode)
လှိုင်မြို့နယ်က သီရိမင်္ဂလာစျေးတွင် ကုန်ကားတစ်စီးအောက်မှဗုံးပေါက်ကွဲမှုဖြစ်
ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊ ၄ ရပ်ကွက်၊ကမ်းနားလမ်းရှိ သီရိမင်္ဂလာစျေး(ကုန်စိမ်းစျေး)တွင် ဒီဇင်ဘာ ၂၆ ရက်ည ၇ နာရီခန့်က ကုန်ကားတစ်စီးအောက်မှ ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်ဟု ယင်းစျေးအနီးနေသူများထံမှ သိရသည်။
“ဗုံးပေါက်တဲ့အချိန်က လူများတဲ့အချိန်ဖြစ်နေတယ်၊ အများကြီးထိမသွားကြတာပဲ တော် သေးတယ်၊ ကုန်ကားကတော့ပျက်စီးတာတွေရှိတယ် ၊အဲဒီကားအောက်ကနေဗုံးပေါက်တာ”ဟုစျေးအနီးနေသူတစ်ဦးကပြောသည်။
အဆိုပါ ကုန်တင်ကားသည် ကုန်စိမ်းများတင်နေစဥ် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အမျိုးသားတစ်ဦးတွင် ခြေထောက်ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သည်။ ကုန်တင်ကားမှာလည်း ပျက်စီးဆုံးရှုးမှုများဖြစ်ပေါ်ခဲ့သည်။
အခင်းဖြစ်ပွားရာစျေးအား လုံခြုံရေးအဖွဲ့ဝင်များက ယာယီပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
Photo-CJ
(Zawgyi)
လှိုင်မြိုနယ်က သီရိမင်္ဂလာဈေးတွင် ကုန်ကားတစ်စီးအောက်မှဗုံးပေါက်ကွဲမှုဖြစ်
ရန်ကုန်တိုင်း၊လှိုင်မြို့နယ်၊ ၄ ရပ်ကွက်၊ကမ်းနားလမ်းရှိ သီရိမင်္ဂလာဈေး(ကုန်စိမ်းဈေး)တွင် ဒီဇင်ဘာ ၂၆ ရက်ည ၇ နာရီခန့်က ကုန်ကားတစ်စီးအောက်မှ ဗုံးတစ်လုံးပေါက်ကွဲခဲ့သည်ဟု ယင်းဈေးအနီးနေသူများထံမှ သိရသည်။
“ဗုံးပေါက်တဲ့အချိန်က လူများတဲ့အချိန်ဖြစ်နေတယ်၊ အများကြီးထိမသွားကြတာပဲ တော် သေးတယ်၊ ကုန်ကားကတော့ပျက်စီးတာတွေရှိတယ် ၊အဲဒီကားအောက်ကနေဗုံးပေါက်တာ”ဟုဈေးအနီးနေသူတစ်ဦးကပြောသည်။
အခင်းဖြစ်ပွားရာဈေးအား လုံခြုံရေးအဖွဲ့ဝင်များက ယာယီပိတ်၍ စစ်ဆေးမှုများပြုလုပ်ခဲ့ကြသည်။
Photo-CJ