“လွှတ်တော်မှာတိုင်းရင်းသားပါတီတွေအနေနဲ့ အင်အားကြီးပါတီကြီးတွေ Level ရောက်သွားရင် ဘာပဲဆွေးနွေးဆွေးနွေး ဘာပဲလုပ်လုပ်အ ဆင်ပြေနိုင်တဲ့အနေအထားရှိပါတယ်”ဟုဆို

“လွှတ်တော်မှာတိုင်းရင်းသားပါတီတွေအနေနဲ့ အင်အားကြီးပါတီကြီးတွေ Level ရောက်သွားရင် ဘာပဲဆွေးနွေးဆွေးနွေး ဘာပဲလုပ်လုပ်အ ဆင်ပြေနိုင်တဲ့အနေအထားရှိပါတယ်”ဟုဆို
December 27, 2021 Popular

“လွှတ်တော်မှာတိုင်းရင်းသားပါတီတွေအနေနဲ့ အင်အားကြီးပါတီကြီးတွေ Level ရောက်သွားရင် ဘာပဲဆွေးနွေးဆွေးနွေး ဘာပဲလုပ်လုပ်အ ဆင်ပြေနိုင်တဲ့အနေအထားရှိပါတယ်”ဟုဆို

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဦးဆောင်ကျင်းပသည့် နိုင်ငံရေးပါတီများနှင့်ရွေး ကောက်ပွဲတွင်ပါဝင်ပတ်သက်သူများ PR စနစ်တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၆ ရက်က တတိ ယမြောက်နေ့အဖြစ် ဆက်လက်ကျင်းပရာတွင် ဒီမိုကရေစီပါတီသစ်(ကချင်)၏ အတွင်းရေးမှူးဦးခေါတိန့်က ပြောဆိုခဲ့ခြင်းဖြစ်သည်။

“နဂိုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲစနစ်မှာက ဦးသူကအနိုင်ယူဖြစ်တာကြောင့် ပါတီကြီးတွေရဲ့အင်အားအပေါ် အားသာချက်တွေရှိတာကိုတွေ့ရှိရတယ် ဒါကကျွန်တော်တို လက်တွေ့မြင်လာခဲ့တာပါ အခု PR စနစ်ကျတော့အချိုးကျဆိုရင် အချိုးကျလည်းဖြစ်အောင် ကျွန်တော်တိုကြိုးစားသွားရမှာပါ”ဟု အမျိုးသားဒီမိုကရေစီပါတီသစ်(ကချင်)၏ အတွင်းရေးမှူးဦးခေါတိန့်ကပြောသည်။

ကျွန်တော်တိုလိုချင်တာက လွှတ်တော်မှာ တိုင်း ရင်းသားပါတီတွေအနေနဲ့ အင်အားကြီး ပါတီကြီးတွေ Level ရောက်ရှိသွားရင် ဘာပဲဆွေးနွေးဆွေးနွေး ဘာပဲလုပ်လုပ်အဆင်ပြေနိုင်တဲ့ အနေ အထားလေးတွေ ရှိပါတယ် ဒါကြောင့်မို PR စနစ်ကိုကြတော့ ကျွန်တော်တိုကလက်ခံတယ် သ ဘောကျတယ်ဟုဦးခေါတိန့်ကပြောသည်။

အလားတူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါ တီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းရီမှလည်း အဖွဲ ၁ အနေဖြင့် အဓိကဖြစ်သည့် ပြည်သူ့ လွှတ်တော်နှင့်ပတ်သက်သည့်အပိုင်းအား တင်ပြခဲ့သည်။

“PR နဲ့ပတ်သက်ပြီးစဥ်းစားတဲ့အခါမှာ PR တွေ စနစ်တွေ ပုံစံတွေ အမျိုးမျိုးရှိတဲ့အထဲက တိုင်း ပြည်နဲ့နိုင်ငံသူ၊နိုင်ငံသားတွေ တိုင်းရင်းသားတွေရဲ့သဘာဝနဲ့အပ်စပ်ပြီး ကိုတိုင်းပြည်ရဲ့အခြေ အနေနဲ့ဆီလျော်ပြီးတော့ PR ရဲ့စနစ်က အများပါဝင်နိုင်တဲ့ အခွင့်အလမ်းတစ်ခုကိုဖန်တီးထားတာနဲ့အမျှ ဒီဦးတည်ချက် ရည်မှန်းချက်ကို မပျောက်ပျက်နိုက်ဖိုအတွက် စာတမ်းမှာအဓိကဦးတည်ပြီးတော့ တင်ပြဆွေးနွေးခဲ့ပါတယ်”ဟုဦးထွန်းရီကပြောသည်။

ရွေးကောက်ပွဲဒီဇိုင်းနှင့်မဲဆန္ဒနယ်မြေ မဲဆန္ဒရှင်ပြည်သူများအတွက်သာမက လက်တွေ့တာဝန်ခံလုပ်ဆောင်ရမည့် ကော်မရှင်နှင့်မဲရုံမှူးများ အ တွက်လည်း အခက်အခဲအနည်းဆုံးနှင့် အဆင် ပြေဆုံးဖြစ်နိုင်မည့် အချက်အလက်များကို အဓိ က တင်ပြအကြံပြုထားကြောင်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၏ အထွေထွေအတွင်း ရေးမှူးဦးထွန်းရီကပြောသည်။

(Zawgyi)








Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*