လှည်းကူးမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး

လှည်းကူးမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး
December 23, 2021 Popular

(Unicode)

လှည်းကူးမြို့နယ်တွင် ဆိုင်ကယ်စီးလာသည့် အမျိုးသားနှစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံး

ရန်ကုန်တိုင်း၊လှည်းကူးမြို့နယ်ရှိ ကျွန်းကလေးရွာတွင် ဒီဇင်ဘာ ၂၂ ရက်ညနေ ၅ နာရီခန့်က ဆိုင်ကယ်စီးလာသည့် ဦးအောင်ကြည်သိန်း(ခ) စောဖိုးခွားနဲ့သားဖြစ်သူ ကိုရဲဇော်ဦး အားအမည်မသိလက်နက်ကိုင်အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ် ခတ်ခဲ့၍ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက အတည်ပြုပြောကြားခဲ့ပါတယ်။

“ဖြစ်စဥ်ကမှန်ပါတယ် သူတို့သားအဖက အမှတ် (၃)လမ်းဆုံဖက်ကနေ လှည်းကူးကိုဆိုင်ကယ်နဲ့ပြန်လာတဲ့အချိန်ပစ်ခံရတာပါ”ဟု ရဲတပ်ဖွဲ့မှူးရုံးမှအကြီးတန်းအရာရှိကပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခဲ့သူတွေဟာ ကားနဲ့လိုက်ပါလာပြီး အခင်းဖြစ်စဥ်နေရာ ကျွန်းကလေးရွာရှိ အာဇီဝမှတ်တိုင်အနီးတွင် သေနတ်ဖြင့်အနီးကပ်ပစ် ခတ်ခဲ့ခြင်းဖြစ်ပါတယ်။

ပစ်ခတ်ခံရမှုကြောင့် သားဖြစ်သူ ကိုရဲဇော်ဦး၏ ဦးခေါင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာများရရှိပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပါတယ်။

ဦးအောင်ကြည်သိန်း(ခ)စောဖိုးခွားတွင်လည်း ကျည်ဖောက်ဝင်ဒဏ်ရာများရရှိခဲ့သဖြင့် လှည်းကူးပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူစဥ် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

(Zawgyi)

လွည္းကူးၿမိဳ႕နယ္တြင္ ဆိုင္ကယ္စီးလာသည့္ အမ်ိဳးသားႏွစ္ဦး ေသနတ္ျဖင့္ပစ္ခတ္ခံရ၍ ေသဆုံး

ရန္ကုန္တိုင္း၊လွည္းကူးၿမိဳ႕နယ္ရွိ ကြၽန္းကေလး႐ြာတြင္ ဒီဇင္ဘာ ၂၂ ရက္ညေန ၅ နာရီခန္႔က ဆိုင္ကယ္စီးလာသည့္ ဦးေအာင္ၾကည္သိန္း(ခ) ေစာဖိုးခြားနဲ႔သားျဖစ္သူ ကိုရဲေဇာ္ဦး အားအမည္မသိလက္နက္ကိုင္အဖြဲ႕ဝင္မ်ားက ေသနတ္ျဖင့္ပစ္ ခတ္ခဲ့၍ ေသဆုံးခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးမွ အႀကီးတန္းအရာရွိတစ္ဦးက အတည္ျပဳေျပာၾကားခဲ့ပါတယ္။

“ျဖစ္စဥ္ကမွန္ပါတယ္ သူတို႔သားအဖက အမွတ္ (၃)လမ္းဆုံဖက္ကေန လွည္းကူးကိုဆိုင္ကယ္နဲ႔ျပန္လာတဲ့အခ်ိန္ပစ္ခံရတာပါ”ဟု ရဲတပ္ဖြဲ႕မႉး႐ုံးမွအႀကီးတန္းအရာရွိကေျပာပါတယ္။

ေသနတ္နဲ႔ပစ္ခတ္ခဲ့သူေတြဟာ ကားနဲ႔လိုက္ပါလာၿပီး အခင္းျဖစ္စဥ္ေနရာ ကြၽန္းကေလး႐ြာရွိ အာဇီဝမွတ္တိုင္အနီးတြင္ ေသနတ္ျဖင့္အနီးကပ္ပစ္ ခတ္ခဲ့ျခင္းျဖစ္ပါတယ္။

ပစ္ခတ္ခံရမႈေၾကာင့္ သားျဖစ္သူ ကိုရဲေဇာ္ဦး၏ ဦးေခါင္းတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိၿပီး အခင္းျဖစ္ေနရာ၌ ေသဆုံးသြားခဲ့ပါတယ္။

ဦးေအာင္ၾကည္သိန္း(ခ)ေစာဖိုးခြားတြင္လည္း က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားရရွိခဲ့သျဖင့္ လွည္းကူးျပည္သူ႔ေဆး႐ုံ၌ ေဆးကုသမႈခံယူစဥ္ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*