ကချင်ပြည်နယ်၊မိုးမောက်မြို့တွင် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

ကချင်ပြည်နယ်၊မိုးမောက်မြို့တွင် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ
December 7, 2021 Popular

(Unicode)

ကချင်ပြည်နယ်၊မိုးမောက်မြို့တွင် ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းမိ

ယမန်နေ့က ကချင်ပြည်နယ်၊မိုးမောက်မှာ ငွေကျပ်သိန်း ၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှု ဖြစ်ပွါးခဲ့ပါတယ်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၆ရက်နေ့ နေ့လည် ၂နာရီအချိန်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဟာ သတင်းအရ မိုးမောက်မြို့နယ်၊(၇)မိုင်အောင်မြေကျေးရွာ၊ တရုတ်ဘုံကျေင်းလမ်းတွင် တရုတ်ဘုံကျောင်းဘက်မှ ဗန်းမော်-မိုးမောက်သွားလမ်းဘက်သို့ ဒေါ်တုံးရန်ဖန်း(ခ)ရန်ဖန်းမောင်းနှင်လာတဲ့ မော်တော်ဆိုင်ကယ်အား စစ်ဆေးရှာဖွေခဲ့ပါတယ်။

မော်တော်ဆိုင်ကယ်အတွင်းမှ သိုဝှက်သယ်ယူလာသော စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀၀ ပြား(ကာလတန်ဖိုးငွေကျပ်သိန်း ၄၀၀)နှင့် လက် ကိုင်ဖုန်း ၁လုံးတို့ကို သိမ်းဆည်းရမိခဲ့တာကြောင့် ဒေါ်တုံးရန်ဖန်း(ခ)ရန်ဖန်း(၄၉)နှစ်အား မိုးမောက်မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့်စိတ် ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက် များကို ဖော်ထုတ်လျက်ရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရပါတယ်။

(Zawgyi)





Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*