အရာတော်မြို့နယ်က ကားလမ်းပေါ်မှာ မိုင်း ၁၀ လုံးကျော်ပေါက်ကွဲခဲ့ ပျက်စီးဒဏ်ရာရသူတွေရှိ

December 1, 2021 Popular

(Unicode)

အရာတော်မြို့နယ်က ကားလမ်းပေါ်မှာ မိုင်း ၁၀ လုံးကျော်ပေါက်ကွဲခဲ့ ပျက်စီးဒဏ်ရာရသူတွေရှိ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ်၊နောင်ကြီးအိုင်ရွာနားက ရွှေဘိုကားလမ်းရဲ့ မိုင်တိုင်အမှတ် ၃၈ မိုင် ၄ ဖာလုံမှာ နိုဝင်ဘာ ၃၀ ရက်ညနေပိုင်းက မိုင်း ၁၀ လုံးကျော်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိုင်းပေါက်ကွဲတဲ့အချိန်မှာဖြတ်သွားနေတဲ့ ၁၂ ဘီး ကုန်တင်ကားနှစ်စီးဟာ မိုင်းစထိမှန်ခဲ့တာကြောင့် ပျက်စီးခဲ့သလို အမျိုးသားတစ်ယောက်လည်း မိုင်းစထိမှန်ဒဏ်ရာရခဲ့ပါတယ်။

“ကားကြီးနှစ်စီးဖြတ်သွားတုန်းပေါက်တာ ဆက် တိုက်အသံအကျယ်ကြီးတွေပဲ ၁၀ လုံးကျော်တယ် ခေါင်းကိုမိုင်းစထိပြီး ဒဏ်ရာရသွားတဲ့ စပယ်ယာကောင်လေးကိုတော့ မုံရွာဆေးရုံကိုပို့လိုက်ကြတယ်”လို့ ဒေသခံတစ်ယောက်ကပြောပါတယ်။

ထောင်ထားတဲ့မိုင်းတွေဟာ လမ်းဘေးနှစ်ဖက်လုံးအပြင် ကားလမ်းအလယ်ကနေလည်း ဆက်တိုက်ပေါက်ကွဲခဲ့တာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

(Zawgyi)

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*