၃လအတွင်း အမေရိကန်ဒေါ်လာ ၂၀၃သန်း ဗဟိုဘဏ် ထုတ်ရောင်း

၃လအတွင်း အမေရိကန်ဒေါ်လာ ၂၀၃သန်း ဗဟိုဘဏ် ထုတ်ရောင်း
November 28, 2021 Asian Fame

၃လအတွင်း အမေရိကန်ဒေါ်လာ ၂၀၃သန်း ဗဟိုဘဏ်ထုတ်ရောင်း

စျေးကွက်ထဲမှာ အမေရိကန်ဒေါ်လာငွေကြေးလဲလှယ်နှုန်း မြင့်တက်လာတာနဲ့အမျှ ဗဟိုဘ ဏ်မှ စျေးကွက်ထိန်းရန်အတွက် အမေရိကန် ဒေါ်လာတွေကို ထုတ်ရောင်းလေ့ရှိပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၁ စက်တင် ဘာလမှ နိုဝင်ဘာလအထိ ထုတ်ရောင်းခဲ့တဲ့ ဒေါ်လာအရေအတွက်မှာ ၂၀၃ သန်းရှိပါတယ်။

စက်တင်ဘာလအတွင်းမှာ (၅)ကြိမ်၊ အောက်တို ဘာလတွင်းမှာ (၃)ကြိမ်နဲ့ နိုဝင်ဘာလမှာ (၁) ကြိမ် စုစုပေါင်း ၉ကြိမ်ထုတ်ရောင်းခဲ့တာပါ။

စက်တင်ဘာ ၁၃ ရက်နေ့မှာ ဒေါ်လာ (၁၅)သန်းကို ပျမ်းမျှငွေလဲနှုန်း ၁၇၅၀ကျပ်ဖြင့်လည်းကောင်း၊ ၁၅ရက်နေ့မှာ ဒေါ်လာ (၈)သန်းကို ပျမ်းမျှငွေလဲနှုန်း ၁၇၅၀ကျပ်ဖြင့်လည်းကောင်း၊၂၀ရက်နေ့မှာ ဒေါ်လာ (၁၅)သန်းကို ပျမ်းမျှငွေလဲနှုန်း ၁၇၅၀ကျပ်ဖြင့်လည်းကောင်း၊၂၂ ရက်နေ့မှာ ဒေါ်လာ(၁၀)သန်းကို ပျမ်းမျှငွေလဲနှုန်း ၁၇၅၅ကျပ်ဖြင့်လည်းကောင်း၊ ၂၇ရက်နေ့မှာ ဒေါ်လာ (၁၅)သန်းကို ပျမ်းမျှငွေလဲနှုန်း ၁၇၅၅ ကျပ်ဖြင့်လည်းကောင်း စုစုပေါင်း (၅)ကြိမ် ထုတ်ရောင်းခဲ့ပါတယ်။

အောက်တိုဘာ ၁၈ရက်နေ့မှာတော့ ဒေါ်လာသန်း (၅၀)ကို ပျမ်းမျှငွေလဲနှုန်း ၁၈၂၀ ကျပ်နဲ့ ထုတ် ရောင်းခဲ့ပြီး အရေအတွက်အများဆုံးရောင်းတဲ့ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

အောက်တိုဘာ ၂၂ရက်နေ့မှာတော့ ဒေါ်လာသန်း(၃၀)ကို ပျမ်းမျှငွေလဲနှုန်း ၁၈၀၀ နဲ့ ထုတ်ရောင်းခဲ့ပြီး ၂၆ရက်နေ့မှာလည်း ဒေါ်လာသန်း (၃၀)ထပ်မံထုတ်ရောင်းခဲ့ပါတယ်။ ပျမ်းမျှငွေလဲနှုန်းကတော့ ၁၇၉၀ကျပ်ပါ။

ဗဟိုဘက်အနေနဲ့ အောက်တိုဘာ ၁လထဲမှာတင် အရေအတွက် ၃ကြိမ်နဲ့ ဒေါ်လာသန်း ၁၁၀ထုတ် ရောင်းခဲ့တာပါ။

နိုဝင်ဘာလထဲမှာ ၁ကြိမ်ပဲထုတ်ရောင်းထားပြီး ပျမ်းမျှငွေလဲနှုန်း ၁၇၆၀ကျပ်နဲ့ ဒေါ်လာသန်း ၃၀ထုတ်ရောင်းခဲ့ပါတယ်။

လက်ရှိမှာတော့ အမေရိကန်ဒေါ်လာလဲလှယ်နှုန်းက ဘဏ်ထုတ်ပြန်နှုန်း ၁ဒေါ်လာကို ၁၇၉၈ ကျပ်ရှိပြီး ပြင်ပငွေလဲကောင်တာတွေမှာ ၁ဒေါ် လာကို ၁၈၀၀ ရှိပါတယ်။

Zaw Gyi

၃လအတြင္း အေမရိကန္ေဒၚလာ ၂၀၃သန္း ဗဟိုဘဏ္ထုတ္ေရာင္း

ေစ်းကြက္ထဲမွာ အေမရိကန္ေဒၚလာေငြေၾကးလဲလွယ္ႏွုန္း ျမင့္တက္လာတာနဲ႔အမၽွ ဗဟိုဘ ဏ္မွ ေစ်းကြက္ထိန္းရန္အတြက္ အေမရိကန္ ေဒၚလာေတြကို ထုတ္ေရာင္းေလ့ရွိပါတယ္။

ျမန္မာနိုင္ငံေတာ္ဗဟိုဘဏ္မွ ၂၀၂၁ စက္တင္ ဘာလမွ နိုဝင္ဘာလအထိ ထုတ္ေရာင္းခဲ့တဲ့ ေဒၚလာအေရအတြက္မွာ ၂၀၃ သန္းရွိပါတယ္။

စက္တင္ဘာလအတြင္းမွာ (၅)ႀကိမ္၊ ေအာက္တို ဘာလတြင္းမွာ (၃)ႀကိမ္နဲ႔ နိုဝင္ဘာလမွာ (၁) ႀကိမ္ စုစုေပါင္း ၉ႀကိမ္ထုတ္ေရာင္းခဲ့တာပါ။

စက္တင္ဘာ ၁၃ ရက္ေန႔မွာ ေဒၚလာ (၁၅)သန္းကို ပ်မ္းမၽွေငြလဲႏွုန္း ၁၇၅၀က်ပ္ျဖင့္လည္းေကာင္း၊ ၁၅ရက္ေန႔မွာ ေဒၚလာ (၈)သန္းကို ပ်မ္းမၽွေငြလဲႏွုန္း ၁၇၅၀က်ပ္ျဖင့္လည္းေကာင္း၊၂၀ရက္ေန႔မွာ ေဒၚလာ (၁၅)သန္းကို ပ်မ္းမၽွေငြလဲႏွုန္း ၁၇၅၀က်ပ္ျဖင့္လည္းေကာင္း၊၂၂ ရက္ေန႔မွာ ေဒၚလာ(၁၀)သန္းကို ပ်မ္းမၽွေငြလဲႏွုန္း ၁၇၅၅က်ပ္ျဖင့္လည္းေကာင္း၊ ၂၇ရက္ေန႔မွာ ေဒၚလာ (၁၅)သန္းကို ပ်မ္းမၽွေငြလဲႏွုန္း ၁၇၅၅ က်ပ္ျဖင့္လည္းေကာင္း စုစုေပါင္း (၅)ႀကိမ္ ထုတ္ေရာင္းခဲ့ပါတယ္။

ေအာက္တိုဘာ ၁၈ရက္ေန႔မွာေတာ့ ေဒၚလာသန္း (၅၀)ကို ပ်မ္းမၽွေငြလဲႏွုန္း ၁၈၂၀ က်ပ္နဲ႔ ထုတ္ ေရာင္းခဲ့ၿပီး အေရအတြက္အမ်ားဆုံးေရာင္းတဲ့ ပထမဆုံးအႀကိမ္လည္းျဖစ္ပါတယ္။

ေအာက္တိုဘာ ၂၂ရက္ေန႔မွာေတာ့ ေဒၚလာသန္း(၃၀)ကို ပ်မ္းမၽွေငြလဲႏွုန္း ၁၈၀၀ နဲ႔ ထုတ္ေရာင္းခဲ့ၿပီး ၂၆ရက္ေန႔မွာလည္း ေဒၚလာသန္း (၃၀)ထပ္မံထုတ္ေရာင္းခဲ့ပါတယ္။ ပ်မ္းမၽွေငြလဲႏွုန္းကေတာ့ ၁၇၉၀က်ပ္ပါ။

ဗဟိုဘက္အေနနဲ႔ ေအာက္တိုဘာ ၁လထဲမွာတင္ အေရအတြက္ ၃ႀကိမ္နဲ႔ ေဒၚလာသန္း ၁၁၀ထုတ္ ေရာင္းခဲ့တာပါ။

နိုဝင္ဘာလထဲမွာ ၁ႀကိမ္ပဲထုတ္ေရာင္းထားၿပီး ပ်မ္းမၽွေငြလဲႏွုန္း ၁၇၆၀က်ပ္နဲ႔ ေဒၚလာသန္း ၃၀ထုတ္ေရာင္းခဲ့ပါတယ္။

လက္ရွိမွာေတာ့ အေမရိကန္ေဒၚလာလဲလွယ္ႏွုန္းက ဘဏ္ထုတ္ျပန္ႏွုန္း ၁ေဒၚလာကို ၁၇၉၈ က်ပ္ရွိၿပီး ျပင္ပေငြလဲေကာင္တာေတြမွာ ၁ေဒၚ လာကို ၁၈၀၀ ရွိပါတယ္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*