Blackpink အဖွဲ့ဝင် Lisa Covid-19 ကူးစက်ခံရ

Blackpink အဖွဲ့ဝင် Lisa Covid-19 ကူးစက်ခံရ
November 24, 2021 Asian Fame

(Unicode)

Blackpink အဖွဲ့ဝင် Lisa Covid-19 ကူးစက်ခံရ

Lisa ဟာ Covid-19 ကူးစက်ခံထားရကြောင်း နိုဝင်ဘာလ ၂၄ ရက်နေ့မှာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ Lisa ဟာ မကြာသေးခင်ကမှ အမေရိကန် ကနေ ပြန်ရောက်လာတာပါ။

YG Entertainment ကလည်း အောက်ပါကြေညာချက်ကိုထုတ်ပြန်ထားပါတယ်။

” ဒါက YG Entertainment ပါ။ Blackpink အဖွဲ့ဝင် Lisa ဟာ နိုဝင်ဘာ ၂၄ရက်နေ့ မွန်းလွဲပိုင်းမှာ Covid-19 ကူးစက်ခံစားရကြောင်း အတည်ပြုသည့် စစ်ဆေးမှုရလဒ်များ ရရှိခဲ့ပါတယ်။

Blackpink အဖွဲ့ရဲ့ တခြားအဖွဲ့ဝင် သုံးဦးကို Contact Person အဖြစ် မသတ်မှတ်ထားရသေးပေမယ့် Lisa ကို Covid Positive တွေ့ရှိပြီးနောက်ပိုင်း တခြားအဖွဲ့ဝင် သုံးဦးကိုပါ PCR Test စစ်ဆေးထားပြီး အဖြေကို စောင့်နေဆဲဖြစ်ပါတယ်။

ကုမ္ပဏီ အနေနဲ့ အဖွဲ့နဲ့ပတ်သတ်တဲ့ သတင်းတွေကို တိကျမြန်ဆန်စွာ ထုတ်ပြန်မှာဖြစ်ပြီး ကျန်းမာရေးအာဏာပိုင်များရဲ့ ညွှန်ကြားချက်တွေကိုလည်း တင်းတင်းကြပ်ကြပ် လိုက်နာဆောင်ရွက် လျက်ရှိပါတယ်။

အနာဂတ်မှာလည်း ကျွန်ုပ်တို့ရဲ့ အနုပညာရှင် တွေနဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမာရေးအတွက် ကုန်ကျစရိတ်ကို ချွေတာမှာ မဟုတ်ပါဘူး။ အခြေအနေအပြောင်းအလဲတွေရှိပါက အမြန်ဆုံးအကြောင်းကြားမယ်” လို့ထုတ်ပြန်ထားပါတယ်။

Lisa ရဲ့ ကျန်းမာရေးကို ပရိသတ်တွေက စိုးရိမ်နေကြသလို တခြားအဖွဲ့ဝင်အတွက်လည်း စိုးရိမ်နေကြပါတယ်။

အဖွဲ့ဝင်လေးယောက်ဟာဆိုရင်မကြာသေးခင်ကမှ တောင်ကိုရီးယားမှာ ပြန်ဆုံစည်းခဲ့ကြတာဖြစ်ပါတယ်။

အားလုံးမြန်မြန်သက်သာပါစေလို့ ဆုတောင်းပေးပါတယ်။

(Zawgyi)

Blackpink အဖြဲ႕ဝင္ Lisa Covid-19 ကူးစက္ခံရ

Lisa ဟာ Covid-19 ကူးစက္ခံထားရေၾကာင္း ႏိုဝင္ဘာလ ၂၄ ရက္ေန႔မွာ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ Lisa ဟာ မၾကာေသးခင္ကမွ အေမရိကန္ ကေန ျပန္ေရာက္လာတာပါ။

YG Entertainment ကလည္း ေအာက္ပါေၾကညာခ်က္ကိုထုတ္ျပန္ထားပါတယ္။

” ဒါက YG Entertainment ပါ။ Blackpink အဖြဲ႕ဝင္ Lisa ဟာ ႏိုဝင္ဘာ ၂၄ရက္ေန႔ မြန္းလြဲပိုင္းမွာ Covid-19 ကူးစက္ခံစားရေၾကာင္း အတည္ျပဳသည့္ စစ္ေဆးမႈရလဒ္မ်ား ရရွိခဲ့ပါတယ္။

Blackpink အဖြဲ႕ရဲ႕ တျခားအဖြဲ႕ဝင္ သုံးဦးကို Contact Person အျဖစ္ မသတ္မွတ္ထားရေသးေပမယ့္ Lisa ကို Covid Positive ေတြ႕ရွိၿပီးေနာက္ပိုင္း တျခားအဖြဲ႕ဝင္ သုံးဦးကိုပါ PCR Test စစ္ေဆးထားၿပီး အေျဖကို ေစာင့္ေနဆဲျဖစ္ပါတယ္။

ကုမၸဏီ အေနနဲ႔ အဖြဲ႕နဲ႔ပတ္သတ္တဲ့ သတင္းေတြကို တိက်ျမန္ဆန္စြာ ထုတ္ျပန္မွာျဖစ္ၿပီး က်န္းမာေရးအာဏာပိုင္မ်ားရဲ႕ ၫႊန္ၾကားခ်က္ေတြကိုလည္း တင္းတင္းၾကပ္ၾကပ္ လိုက္နာေဆာင္႐ြက္ လ်က္ရွိပါတယ္။

အနာဂတ္မွာလည္း ကြၽႏ္ုပ္တို႔ရဲ႕ အႏုပညာရွင္ ေတြနဲ႔ ဝန္ထမ္းေတြရဲ႕ က်န္းမာေရးအတြက္ ကုန္က်စရိတ္ကို ေခြၽတာမွာ မဟုတ္ပါဘူး။ အေျခအေနအေျပာင္းအလဲေတြရွိပါက အျမန္ဆုံးအေၾကာင္းၾကားမယ္” လို႔ထုတ္ျပန္ထားပါတယ္။

Lisa ရဲ႕ က်န္းမာေရးကို ပရိသတ္ေတြက စိုးရိမ္ေနၾကသလို တျခားအဖြဲ႕ဝင္အတြက္လည္း စိုးရိမ္ေနၾကပါတယ္။

အဖြဲ႕ဝင္ေလးေယာက္ဟာဆိုရင္မၾကာေသးခင္ကမွ ေတာင္ကိုရီးယားမွာ ျပန္ဆုံစည္းခဲ့ၾကတာျဖစ္ပါတယ္။

အားလုံးျမန္ျမန္သက္သာပါေစလို႔ ဆုေတာင္းေပးပါတယ္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*