ဘူလ်ဂေးရီးယားနိုင်ငံတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၄၅ဦးထက်မနည်းသေဆုံး

ဘူလ်ဂေးရီးယားနိုင်ငံတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၄၅ဦးထက်မနည်းသေဆုံး
November 23, 2021 Asian Fame

(Unicode)

ဘူလ်ဂေးရီးယားနိုင်ငံတွင် ဘတ်စ်ကားတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၄၅ဦးထက်မနည်းသေဆုံး

ဘူလ်ဂေးရီးယားနိုင်ငံအနောက်ပိုင်းမှာ ယနေ့အစောပိုင်းက ဘတ်စ်ကားတစ်စီးတိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၄၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်းအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဘတ်စ်ကားဟာ နံနက်၂နာရီခန့်က တိမ်းမှောက် ခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ က လေးငယ် တွေပါရှိကြောင်း အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။လူ ၇ဦးကိုတော့ ဆေးရုံပို့ဆောင်ကာ ကုသမှုပေးနေတယ်လို့ ဆိုပါတယ်။

တိမ်းမှောက်ခဲ့တဲ့အကြောင်းအရင်းကိုတော့ ခုထိ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။တာ ဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ် သွားမယ်လို့ သိရပါတယ်။

ဘူလ်ဂေးရီးယားသတင်းအေဂျင်စီ Novonite က မက်ဆီဒိုးနီးယားသံရုံးကိုယ်စားလှယ်တွေဟာ သေဆုံးသူအချို့ကိုခေါ်ဆောင်သွားတဲ့ ဆေးရုံကို သွားရောက်ခဲ့ကြောင်း ပြောပါတယ်။

အိမ်စောင့်ဝန်ကြီးချုပ် Stefan Yanev လည်း ဘတ်စ်ကားတိမ်းမှောက်တဲ့နေရာကို သွားရောက်ခဲ့ပြီး “ဒါဟာ ကြီးမားသော ကြေကွဲစရာပါပဲ”လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါပြီး သေဆုံးသူတွေရဲ့ ဆွေမျိုးတွေဆီ ဝမ်းနည်းကြောင်းပေးပို့ခဲ့ပါတယ်။

“ဒီကြေကွဲဖွယ်အဖြစ်အပျက်ကနေ သင်ခန်းစာတွေ သင်ယူပြီး နောင်မှာ ဒီလိုအဖြစ်အပျက်တွေကို ကာကွယ်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့လည်း Yanev က ပြောပါတယ်။

(Zawgyi)

ဘူလ္ေဂးရီးယားႏိုင္ငံတြင္ ဘတ္စ္ကားတိမ္းေမွာက္မႈေၾကာင့္ အနည္းဆုံး လူ ၄၅ဦးထက္မနည္းေသဆုံး

ဘူလ္ေဂးရီးယားႏိုင္ငံအေနာက္ပိုင္းမွာ ယေန႔အေစာပိုင္းက ဘတ္စ္ကားတစ္စီးတိမ္းေမွာက္မႈေၾကာင့္ အနည္းဆုံး လူ ၄၅ဦးထက္မနည္းေသဆုံးခဲ့ေၾကာင္းအာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။

ဘတ္စ္ကားဟာ နံနက္၂နာရီခန္႔က တိမ္းေမွာက္ ခဲ့တာျဖစ္ၿပီး ေသဆုံးသူေတြထဲမွာ က ေလးငယ္ ေတြပါရွိေၾကာင္း အာဏာပိုင္ေတြက ေျပာၾကားခဲ့ပါတယ္။လူ ၇ဦးကိုေတာ့ ေဆး႐ုံပို႔ေဆာင္ကာ ကုသမႈေပးေနတယ္လို႔ ဆိုပါတယ္။

တိမ္းေမွာက္ခဲ့တဲ့အေၾကာင္းအရင္းကိုေတာ့ ခုထိ ရွင္းရွင္းလင္းလင္းမသိရေသးပါဘူး။တာ ဝန္ရွိသူေတြက စုံစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ သြားမယ္လို႔ သိရပါတယ္။

ဘူလ္ေဂးရီးယားသတင္းေအဂ်င္စီ Novonite က မက္ဆီဒိုးနီးယားသံ႐ုံးကိုယ္စားလွယ္ေတြဟာ ေသဆုံးသူအခ်ိဳ႕ကိုေခၚေဆာင္သြားတဲ့ ေဆး႐ုံကို သြားေရာက္ခဲ့ေၾကာင္း ေျပာပါတယ္။

အိမ္ေစာင့္ဝန္ႀကီးခ်ဳပ္ Stefan Yanev လည္း ဘတ္စ္ကားတိမ္းေမွာက္တဲ့ေနရာကို သြားေရာက္ခဲ့ၿပီး “ဒါဟာ ႀကီးမားေသာ ေၾကကြဲစရာပါပဲ”လို႔ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါၿပီး ေသဆုံးသူေတြရဲ႕ ေဆြမ်ိဳးေတြဆီ ဝမ္းနည္းေၾကာင္းေပးပို႔ခဲ့ပါတယ္။

“ဒီေၾကကြဲဖြယ္အျဖစ္အပ်က္ကေန သင္ခန္းစာေတြ သင္ယူၿပီး ေနာင္မွာ ဒီလိုအျဖစ္အပ်က္ေတြကို ကာကြယ္ႏိုင္ဖို႔ ေမွ်ာ္လင့္ပါတယ္” လို႔လည္း Yanev က ေျပာပါတယ္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*