တောင်ကိုရီးယားက မြန်မာလုပ်သားအချို့ကို ခေါ်ယူ

တောင်ကိုရီးယားက မြန်မာလုပ်သားအချို့ကို ခေါ်ယူ
November 23, 2021 Asian Fame

(Unicode)

တောင်ကိုရီးယားက မြန်မာလုပ်သားအချို့ကို ခေါ်ယူ

ကိုဗစ်ကပ်ရောဂါ လျော့နည်းလာတဲ့ အခြေအနေတွေကြောင့် နိုင်ငံအချို့ က နိုင်ငံခြားသားအလုပ်သမားများကို ပြန်လည်လက်ခံဖို့ စတင်တော့မယ်လို့ ကြေငြာနေတာတွေ ရှိနေပါတယ်။

မြန်မာလုပ်သားတွေအခြေအနေတွေနဲ့ ပတ်သတ်ပြီး ခေါ်ယူဖို့ ကမ်းလှမ်းဆွေးနွေးမှုတွေလည်း ရှိနေတယ်လို့ နစကအလုပ်သမားဝန်ကြီးဌာနကပြောပါတယ်။

ကိုရီးယားသမ္မတနိုင်ငံက မြန်မာ Re-entry လုပ်သား (၆၀)ဦး စာရင်းကို မကြာမီကပေးပို့လာပြီး အဲ့ဒီ (၆၀)ဦးအနက် Covid 19 ရောဂါကာကွယ်ဆေး ထိုးပြီးသူ (၃၀) ဦးကို ဦးစွာ လက်ခံသွားမယ်လို့ အကြောင်းကြားစာ ပေးပို့လာတယ်လို့ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနကပြောပါတယ်။

ပြည်ပနိုင်ငံများသို့သွားရောက် အလုပ်လုပ်ကိုင်တဲ့ မည်သူမဆို နိုင်ငံကူးလက်မှတ် (PJ) အမျိုးအစားကိုင်ဆောင်ထားပါက အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှထုတ်ပေးတဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမား၊ သက်သေခံကတ်ပြား (OWIC) မဖြစ်မနေလိုအပ်တယ်လို့လည်း ပြောပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အပါအဝင် အပြည်ပြည်ဆိုင်ရာလေဆိပ်တွေမှာ အဲ့ဒီ သက်သေခံလက်မှတ်မပါရင် ပြည်ပထွက်ခွင့် ကန့်သတ်နေတာရှိပါတယ်။

ထိုင်းကလည်း မြန်မာလုပ်သားတွေကို ပြန်ခေါ်ဖို့ရှိနေသလို မလေးရှားကလည်း ပြန်ခေါ်ဖို့ အစီအစဉ်တွေရှိနေပါတယ်။

အလုပ်သမား ဝန်ကြီးဌာနအနေနဲ့ ၁၉၉၉ ခုနှစ်၊ ပြည်ပ အလုပ်အကိုင်ဆိုင်ရာ ဥပဒေအရပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေကို ခွင့်ပြုပြီး ပြည်ပနိုင်ငံတွေဆီ အလုပ်သမားတွေေ စလွှတ်ခွင့်ပြုပေးလျက်ရှိနေတာမှာ လက်ရှိမှာ မြန်မအလုပ်သမားတွေဟာ ထိုင်း၊ မလေးရှား၊ ကိုရီးယား၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ကာတာ၊ မကာအို၊ ဂျော်ဒန်နိုင်ငံတွေဆီ အများဆုံးသွားရောက် အလုပ်လုပ်ကိုင်လျက်ရှိနေကြပါတယ်။ ၁၉၉၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်၊ မတ်လအထိ (၁၃၂၀၉၁၄) ဦးကို ပြည်ပ နိုင်ငံတွေဆီ စေလွှတ်ခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမြင့်ကြိုင်က ပြောပါတယ်။

COVID -19 ကမ္ဘာ့ကပ်ရောဂါကြောင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရေးလုပ်ငန်းစဉ်တွေကို (၁၈-၃-၂၀၂၀) ရက်နေ့မှစပြီး ရပ်ဆိုင်းထားခဲ့သော်လည်းပဲ ပြည်ပနိုင်ငံတွေရဲ့ အလုပ်သမားခေါ်ယူလိုမှုအခြေအနေအရ COVID-19 ကာလအတွင်း ဂျပန်နိုင်ငံသို့ (၄၁၆၉)ဦးနဲ့ တောင်ရီးယားနိုင်ငံသို့(၂၂၅)ဦး စေလွှတ်ခွင့်ပြုခဲ့တာရှိပြီး၊ စင်ကာပူနိုင်ငံကလည်း အလုပ်သမားခေါ်ယူလိုကြောင်း Demand Letter များပေးပို့ကမ်းလှမ်းလာသည့်အတွက်(၁၁-၄-၂၀၂၁) ရက်မှာ အလုပ်သမား(၂၅)ဦးကို စေလွှတ်ခွင့်ပြုခဲ့တာရှိတယ်လို့ လည်း ဝန်ကြီးကပြောပါတယ်။

(Zawgyi)

ေတာင္ကိုရီးယားက ျမန္မာလုပ္သားအခ်ိဳ႕ကို ေခၚယူ

ကိုဗစ္ကပ္ေရာဂါ ေလ်ာ့နည္းလာတဲ့ အေျခအေနေတြေၾကာင့္ ႏိုင္ငံအခ်ိဳ႕ က ႏိုင္ငံျခားသားအလုပ္သမားမ်ားကို ျပန္လည္လက္ခံဖို႔ စတင္ေတာ့မယ္လို႔ ေၾကျငာေနတာေတြ ရွိေနပါတယ္။

ျမန္မာလုပ္သားေတြအေျခအေနေတြနဲ႔ ပတ္သတ္ၿပီး ေခၚယူဖို႔ ကမ္းလွမ္းေဆြးေႏြးမႈေတြလည္း ရွိေနတယ္လို႔ နစကအလုပ္သမားဝန္ႀကီးဌာနကေျပာပါတယ္။

ကိုရီးယားသမၼတႏိုင္ငံက ျမန္မာ Re-entry လုပ္သား (၆၀)ဦး စာရင္းကို မၾကာမီကေပးပို႔လာၿပီး အဲ့ဒီ (၆၀)ဦးအနက္ Covid 19 ေရာဂါကာကြယ္ေဆး ထိုးၿပီးသူ (၃၀) ဦးကို ဦးစြာ လက္ခံသြားမယ္လို႔ အေၾကာင္းၾကားစာ ေပးပို႔လာတယ္လို႔ အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာနကေျပာပါတယ္။

ျပည္ပႏိုင္ငံမ်ားသို႔သြားေရာက္ အလုပ္လုပ္ကိုင္တဲ့ မည္သူမဆို ႏိုင္ငံကူးလက္မွတ္ (PJ) အမ်ိဳးအစားကိုင္ေဆာင္ထားပါက အလုပ္သမားၫႊန္ၾကားမႈဦးစီးဌာနမွထုတ္ေပးတဲ့ ျပည္ပအလုပ္အကိုင္ အလုပ္သမား၊ သက္ေသခံကတ္ျပား (OWIC) မျဖစ္မေနလိုအပ္တယ္လို႔လည္း ေျပာပါတယ္။

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္အပါအဝင္ အျပည္ျပည္ဆိုင္ရာေလဆိပ္ေတြမွာ အဲ့ဒီ သက္ေသခံလက္မွတ္မပါရင္ ျပည္ပထြက္ခြင့္ ကန႔္သတ္ေနတာရွိပါတယ္။

ထိုင္းကလည္း ျမန္မာလုပ္သားေတြကို ျပန္ေခၚဖို႔ရွိေနသလို မေလးရွားကလည္း ျပန္ေခၚဖို႔ အစီအစဥ္ေတြရွိေနပါတယ္။

အလုပ္သမား ဝန္ႀကီးဌာနအေနနဲ႔ ၁၉၉၉ ခုႏွစ္၊ ျပည္ပ အလုပ္အကိုင္ဆိုင္ရာ ဥပေဒအရျပည္ပအလုပ္အကိုင္ အက်ိဳးေဆာင္လိုင္စင္ရေအဂ်င္စီေတြကို ခြင့္ျပဳၿပီး ျပည္ပႏိုင္ငံေတြဆီ အလုပ္သမားေတြေ စလႊတ္ခြင့္ျပဳေပးလ်က္ရွိေနတာမွာ လက္ရွိမွာ ျမန္မအလုပ္သမားေတြဟာ ထိုင္း၊ မေလးရွား၊ ကိုရီးယား၊ ဂ်ပန္၊ စင္ကာပူ၊ ယူေအအီး၊ ကာတာ၊ မကာအို၊ ေဂ်ာ္ဒန္ႏိုင္ငံေတြဆီ အမ်ားဆုံးသြားေရာက္ အလုပ္လုပ္ကိုင္လ်က္ရွိေနၾကပါတယ္။ ၁၉၉၀ ျပည့္ႏွစ္မွ ၂၀၂၁ ခုႏွစ္၊ မတ္လအထိ (၁၃၂၀၉၁၄) ဦးကို ျပည္ပ ႏိုင္ငံေတြဆီ ေစလႊတ္ခြင့္ျပဳခဲ့ၿပီးျဖစ္တယ္လို႔ အလုပ္သမားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးဦးျမင့္ႀကိဳင္က ေျပာပါတယ္။

COVID -19 ကမာၻ႔ကပ္ေရာဂါေၾကာင့္ ျပည္ပသို႔ အလုပ္သမားေစလႊတ္ေရးလုပ္ငန္းစဥ္ေတြကို (၁၈-၃-၂၀၂၀) ရက္ေန႔မွစၿပီး ရပ္ဆိုင္းထားခဲ့ေသာ္လည္းပဲ ျပည္ပႏိုင္ငံေတြရဲ႕ အလုပ္သမားေခၚယူလိုမႈအေျခအေနအရ COVID-19 ကာလအတြင္း ဂ်ပန္ႏိုင္ငံသို႔ (၄၁၆၉)ဦးနဲ႔ ေတာင္ရီးယားႏိုင္ငံသို႔(၂၂၅)ဦး ေစလႊတ္ခြင့္ျပဳခဲ့တာရွိၿပီး၊ စင္ကာပူႏိုင္ငံကလည္း အလုပ္သမားေခၚယူလိုေၾကာင္း Demand Letter မ်ားေပးပို႔ကမ္းလွမ္းလာသည့္အတြက္(၁၁-၄-၂၀၂၁) ရက္မွာ အလုပ္သမား(၂၅)ဦးကို ေစလႊတ္ခြင့္ျပဳခဲ့တာရွိတယ္လို႔ လည္း ဝန္ႀကီးကေျပာပါတယ္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*