ရန်ကုန်ကညနရုံးတွင်ပေါက်ကွဲမှုဖြစ်

ရန်ကုန်ကညနရုံးတွင်ပေါက်ကွဲမှုဖြစ်
November 19, 2021 Asian Fame

(Unicode)

ရန်ကုန်ကညနရုံးတွင်ပေါက်ကွဲမှုဖြစ်

ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်သံသုမာလမ်းရှိ ရန်ကုန်တိုင်းကညနရုံးဝင်းအတွင်း ယနေ့ နိုဝင်ဘာ၁၉ ရက် နေ့လယ်က ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သည်။

“လူနာတင်ယာဉ်တွေ ဝင်သွားတာတွေ့လိုက်တယ်”ဟု မြို့ခံတစ်ဦးကပြောသည်။

နေ့လည် ၁၂ခွဲအချိန်က တိုင်းဦးစီးမှူး၏ ဘေးခန်းအတွင်း ပေါက်ကွဲခြင်းဖြစ်ပြီး ဝန်ထမ်းနှစ်ဦးဒဏ်ရာရခဲ့ကြောင်း ကနဦးသတင်းများအရသိရသည်။

ပြီးခဲ့သည့် လပိုင်းကလည်း မန္တလေး အခွန်ဦးစီးဌာန ရုံးထဲ ပေါက်ကွဲမှုဖြစ်ကာ ဝန်ထမ်းအချို့ ထိခိုက်ဒဏ်ရာရခဲ့သည့် ဖြစ်စဉ်ဖြစ်ခဲ့သေးသည်။

(Zawgyi)






Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*