ရန်ကုန်အငှားယာဉ်များအသင်းကို ဖွဲ့စည်းရန်စီစဉ်

ရန်ကုန်အငှားယာဉ်များအသင်းကို ဖွဲ့စည်းရန်စီစဉ်
November 12, 2021 Popular

(Unicode)

ရန်ကုန်အငှားယာဉ်များအသင်းကို ဖွဲ့စည်းရန်စီစဉ်

ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကို ဖြေရှင်းပေး နိုင်ဖို့၊ တက္ကစီယာဉ်ရပ်ဝန်းတွေ တည်ဆောက်ပေးနိုင်ဖို့၊ မြို့တွင်း ခရီးသည်မပါဘဲ သွားလာနေတဲ့ အငှားယာဉ်တွေ လျော့နည်းစေဖို့ သတဲ့ ရည်ရွယ်ချက်တွေနဲ့ အငှားယာဉ် (တက္ကစီ)များအသင်းကို၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က ဖွဲ့စည်းဖို့ရှိနေပါတယ်။

YRTC မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အထက်ပါ ရည်ရွယ်ချက်တွေအပြင် တက္ကစီယာဉ်ပိုင်ရှင်တွေရဲ့ လိုအပ်ချက်တွေကို အကြံပြုဖြည့်ဆည်းပေးနိုင်ဖို့၊ စီးတီးတက္ကစီယာဉ်တွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနဲ့အညီ သွားလာနိုင်ဖို့ ၊တက္ကစီယာဉ်များအသင်းအချင်းချင်း ကူညီရိုင်းပင်းနိုင်ဖို့၊ အထူးသဖြင့် လူမှုကူညီရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်စေဖို့စတဲ့ ရည်ရွယ်ချက်ကောင်းများစွာနဲ့ ဖွဲ့စည်းမှာလို့ ပြောပါတယ်။

ရန်ကုန်မြို့မှာ ပထမဆုံးစတင်ဖွဲ့စည်း မယ့် အငှားယာဉ်(တက္ကစီ)အသင်းအဖွဲ့မှာ တက္ကစီယာဉ်ပိုင်ရှင်တွေ၊ယာဉ်မောင်းတွေ ပါဝင်နိုင်မှာဖြစ်ပြီးတော့ ဖွဲ့စည်းသွားမယ့် အသင်းနဲ့ ပတ်သတ်ပြီးတော့လည်း ဆွေးနွေးပွဲတွေကို အမှတ်(၂၆) ပင်လုံလမ်း (၂၉)ရပ်ကွက် ဒဂုံမြို့သစ်(မြောက်ပိုင်း)မှာ ပြုလုပ်သွားဖို့ရှိနေပါတယ်။

ရန်ကုန်မြို့ မှာ စီးတီးတက္ကစီ မှတ်ပုံတင်ထားတဲ့ အငှားယာဉ်အရေအတွက်ဟာ ၆၅၀၀၀ ကျော်ရှိပြီး နယ်လိုင်စင်နဲ့ အငှားယာဉ်လိုင်စင် ခွင့်ပြုပေးထားတဲ့ တက္ကစီအစီးရေကတော့ ၂၀၀၀၀ ကျော်ရှိနေပါတယ်။

(Zawgyi)

ရန္ကုန္အငွားယာဥ္မ်ားအသင္းကို ဖြဲ႕စည္းရန္စီစဥ္

ရန္ကုန္ၿမိဳ႕ရဲ႕ ယာဥ္ေၾကာက်ပ္တည္းမႈကို ေျဖရွင္းေပး ႏိုင္ဖို႔၊ တကၠစီယာဥ္ရပ္ဝန္းေတြ တည္ေဆာက္ေပးႏိုင္ဖို႔၊ ၿမိဳ႕တြင္း ခရီးသည္မပါဘဲ သြားလာေနတဲ့ အငွားယာဥ္ေတြ ေလ်ာ့နည္းေစဖို႔ သတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ အငွားယာဥ္ (တကၠစီ)မ်ားအသင္းကို၂၀၂၂ ခုႏွစ္ ဇန္နဝါရီလမွာ ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိက သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ(YRTC)က ဖြဲ႕စည္းဖို႔ရွိေနပါတယ္။

YRTC မွ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က အထက္ပါ ရည္႐ြယ္ခ်က္ေတြအျပင္ တကၠစီယာဥ္ပိုင္ရွင္ေတြရဲ႕ လိုအပ္ခ်က္ေတြကို အႀကံျပဳျဖည့္ဆည္းေပးႏိုင္ဖို႔၊ စီးတီးတကၠစီယာဥ္ေတြ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းနဲ႔အညီ သြားလာႏိုင္ဖို႔ ၊တကၠစီယာဥ္မ်ားအသင္းအခ်င္းခ်င္း ကူညီ႐ိုင္းပင္းႏိုင္ဖို႔၊ အထူးသျဖင့္ လူမႈကူညီေရးလုပ္ငန္းေတြ ေဆာင္႐ြက္ႏိုင္ေစဖို႔စတဲ့ ရည္႐ြယ္ခ်က္ေကာင္းမ်ားစြာနဲ႔ ဖြဲ႕စည္းမွာလို႔ ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕မွာ ပထမဆုံးစတင္ဖြဲ႕စည္း မယ့္ အငွားယာဥ္(တကၠစီ)အသင္းအဖြဲ႕မွာ တကၠစီယာဥ္ပိုင္ရွင္ေတြ၊ယာဥ္ေမာင္းေတြ ပါဝင္ႏိုင္မွာျဖစ္ၿပီးေတာ့ ဖြဲ႕စည္းသြားမယ့္ အသင္းနဲ႔ ပတ္သတ္ၿပီးေတာ့လည္း ေဆြးေႏြးပြဲေတြကို အမွတ္(၂၆) ပင္လုံလမ္း (၂၉)ရပ္ကြက္ ဒဂုံၿမိဳ႕သစ္(ေျမာက္ပိုင္း)မွာ ျပဳလုပ္သြားဖို႔ရွိေနပါတယ္။

ရန္ကုန္ၿမိဳ႕ မွာ စီးတီးတကၠစီ မွတ္ပုံတင္ထားတဲ့ အငွားယာဥ္အေရအတြက္ဟာ ၆၅၀၀၀ ေက်ာ္ရွိၿပီး နယ္လိုင္စင္နဲ႔ အငွားယာဥ္လိုင္စင္ ခြင့္ျပဳေပးထားတဲ့ တကၠစီအစီးေရကေတာ့ ၂၀၀၀၀ ေက်ာ္ရွိေနပါတယ္။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*